ကမ္ဘာ့သတင်း

​ပူတင်နှင့် ရင်းနှီးသည့် ရုရှားဘီလျံနာ၏ ဇိမ်ခံသင်္ဘောကြီး ဟော်မုဇ်ရေလက်ကြားကို အတားအဆီးမရှိ ဖြတ်သန်းသွား

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ပူတင်နှင့် အလွန်ရင်းနှီးသော ရုရားဘီလျံနာကြီး အလက်ဇီမော်ဒါရှော့ဗ်၏ ပေါင်သန်း ၃၇၀ တန် စူပါ ဇိမ်ခံရွက်လှေကြီး အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၂၆ ရက်ကအတားအဆီးမရှိ ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်း မဖြစ်မနေ ဖြတ်သန်းရသော ဟော်မုဇ်ရေလက်ကြားကို အီရန် တော်လှန်ရေးအစောင့်တပ်များက မည်သည့်သင်္ဘောမှ ခွင့်ပြုချက်မရှိဘဲ မဖြတ်ရဟု ပိတ်ပင်ထားသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မည်သည့် အီရန်ဆိပ်ကမ်းကိုမှ သင်္ဘောများ ဆိုက်ကပ်ခြင်း မပြုရ၊ ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ပိတ်ပင်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အပြန်အလှန် ပိတ်ဆို့ခဲ့ကြသည်။ သို့သော် ပူတင်နှင့် အလွန်ရင်းနှီးသော

မဲခေါင်၊ ဧပြီ ၂၈

ပူတင်နှင့် အလွန်ရင်းနှီးသော ရုရားဘီလျံနာကြီး အလက်ဇီမော်ဒါရှော့ဗ်၏ ပေါင်သန်း ၃၇၀ တန် စူပါ ဇိမ်ခံရွက်လှေကြီး အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၂၆ ရက်ကအတားအဆီးမရှိ ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်း မဖြစ်မနေ ဖြတ်သန်းရသော ဟော်မုဇ်ရေလက်ကြားကို အီရန် တော်လှန်ရေးအစောင့်တပ်များက မည်သည့်သင်္ဘောမှ ခွင့်ပြုချက်မရှိဘဲ မဖြတ်ရဟု ပိတ်ပင်ထားသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မည်သည့် အီရန်ဆိပ်ကမ်းကိုမှ သင်္ဘောများ ဆိုက်ကပ်ခြင်း မပြုရ၊ ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ပိတ်ပင်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အပြန်အလှန် ပိတ်ဆို့ခဲ့ကြသည်။

သို့သော် ပူတင်နှင့် အလွန်ရင်းနှီးသော Severstal သံမဏိထုတ် ကုမ္ပဏီကြီး၏ ပိုင်ရှင် မော်ဒါရှော့ဗ် ၏ ၁၄၂ မီတာ (၄၆၅ ပေ) ရှည်သည့် Nord ဆိုသည့် ဇိမ်ခံရွက်သင်္ဘောကြီးမှာ ဧပြီ ၂၆ ရက်တွင် မည်သည့် အတားအဆီးမှ မရှိခဲ့ဘဲ ဧပြီ ၂၄ ရက်တွင် ဒူဘိုင်းမှ ထွက်ခွာကာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ဒမက်စ်ကက်သို့ ဧပြီ ၂၆ ရက်၌ ဆိုက်ကပ်သွားနိုင်ခဲ့သည်။

ဇိမ်ခံအခန်းပေါင်း ၂၀၊ ရေကူးကန်၊ ရဟတ်ယာဉ်ဆင်းကွင်း၊ ရေငုပ်သင်္ဘောငယ်တို့ပါ ပါရှိသည့် Nord ရွက်သင်္ဘောကြီးကို မော်ဒါရှော့ဗ်အမည်ရင်းဖြင့် မှတ်ပုံတင်ထားခြင်း မဟုတ်သော်လည်း ဇနီးသည်၏ Cherepovets မှ မှတ်ပုံတင်ထားသဖြင့် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အမေရိကန်နှင့် အီးယူတို့မှ ပိတ်ဆို့အရေးယူခံ စာရင်းထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်နှင့် အမေရိကန် – အစ္စရေးတို့ စစ်ပွဲစတင်ပြီးနောက် ယခင် တစ်နေ့ သင်္ဘောအစီး ၁၄၀ ကျော်ဖြတ်သန်းနေသည့် ဟော်မုဇ်ရေလက်ကြားတွင် ယခုအခြေအနေ၌ တစ်ရက် လက်ချိုးရေရသည့် သင်္ဘောအနည်းငယ်သာ ဖြတ်သန်းခွင့်ရတော့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
​#ပူတင်
#ရုရှားဘီလျံနာ
#ဇိမ်ခံသင်္ဘောကြီး
#ဟော်မုဇ်ရေလက်ကြား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now