နေ့စဥ်သတင်း

MNDAA လွှတ်ပေးလိုက်သည့် စစ်သုံပန်း ၆၈ ဦး ရမခသို့ ရောက်ရှိ

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ ယနေ့တွင် MNDAA က လွှတ်လိုက်ပေးသည့် စစ်သုံ့ပန်း ၆၈ ဦး ပြန်လည်ရောက်ရှိလာကြောင်း နယ်မြေ သတင်းအရင်းအမြစ်များအရ သိရသည်။ MNDAA မှ ပြန်လည်လွှတ်ပေးခဲ့သည့် ယင်းစစ်သုံပန်း ၆၈ ဦးမှာ ယနေ့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက MNDAA ထိန်းချုပ် မယ်ဟန်ဘက်မှ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့အတွင်းရှိ ရမခသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။ “ဘယ်တပ်တွေ ဘယ်အဆင့်တွေ ပါတယ် မသိရသေးဘူး၊ လောက်ကိုင်၊ ချင်းရွှေဟော်ဘက်ကလို့လည်းသိရတယ်။ ကြားတာတော့ နောက်ထပ်လက်ကျန်တွေ မေလထဲ အကုန်ပြန်လွှတ်မယ်ပြောတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။

မဲခေါင်၊ ဧပြီ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ ယနေ့တွင် MNDAA က လွှတ်လိုက်ပေးသည့် စစ်သုံ့ပန်း ၆၈ ဦး ပြန်လည်ရောက်ရှိလာကြောင်း နယ်မြေ သတင်းအရင်းအမြစ်များအရ သိရသည်။

MNDAA မှ ပြန်လည်လွှတ်ပေးခဲ့သည့် ယင်းစစ်သုံပန်း ၆၈ ဦးမှာ ယနေ့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက MNDAA ထိန်းချုပ် မယ်ဟန်ဘက်မှ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့အတွင်းရှိ ရမခသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘယ်တပ်တွေ ဘယ်အဆင့်တွေ ပါတယ် မသိရသေးဘူး၊ လောက်ကိုင်၊ ချင်းရွှေဟော်ဘက်ကလို့လည်းသိရတယ်။ ကြားတာတော့ နောက်ထပ်လက်ကျန်တွေ မေလထဲ အကုန်ပြန်လွှတ်မယ်ပြောတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။

လားရှိုးမှ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးကလည်း ယမန်နေ့က လွတ်မည် ထင်သော်လည်း ယနေ့ ဧပြီ ၂၈ ရက်မှသာ ၆၀ ကျော် လွတ်မြောက်လာကြောင်း၊ တိုင်းတစ်နေရာမှာထားပြီး မကြာမီအခြားတစ်နေရာသို့ ရောက်ရှိလျှင် မိသားစုများနှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဖြစ်သဖြင့် ဖုန်းများဖွင့်ထားကြရန် tiktok မှပြောကြားထားသည်ကို တွေ့ရသည်။

MNDAA သည် ပြီးခဲ့သည့် မတ် ၁၈ ရက်ကလည်း ချင်းရွှေဟော်ဘက်မှ စစ်သုံ့ပန်း ၁၀၀ ကျော်ကို လွှတ်ပေးခဲ့သေးသည်။

“ပြန်လွတ်လာပေမယ့် တပ်က ထွက်ခွင့်မရဘူး၊ ဆေးကုပြီးတာနဲ့ ရှေ့တန်းပြန်လွှတ်နေတာ။ စစ်တပ်က အသက်ရှင်လျက် ထွက်မရဘဲ သေမှ ထွက်ရမှာဖြစ်လို့ လုံးဝ စိတ်မချမ်းသာဘူး”ဟု ပြန်လည် လွတ်မြောက်လာသည့် တပ်ကြပ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

MNDAA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း လောက်ကိုင်နှင့် ကွမ်းလုံဘက်မှ စစ်သုံ့ပန်း ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသုံ့ပန်းနှင့် မိသားစုဝင် ထောင်နှင့်ချီ၍ ဖမ်းဆီးရမိခဲ့သော်လည်း MNDAA က ပြန်လည် လွှတ်ပေးလျက်ရှိရာ မဲခေါင်မှ မှတ်တမ်းတင်ထားချက်အရ အနီးစပ်ဆုံး လူဦးရေ ၃ ထောင်ဝန်းကျင်အထိ ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

မဲခေါင်မှ မှတ်သားထားသည့်စာရင်းများအရ ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စစ်သုံ့ပန်း ၈၀ ဦးနှင့် ဇန်နဝါရီ ၃၁ ရက်က ၂၀၆ ဦး ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် နိုဝင် ဘာ ၁၅ ရက်၌လည်း ၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာ နချုပ် – စကခ (၁၄) လက်အောက်ခံတပ်ရင်း ခ လရ (၂၇၇) မှ ဗိုလ်မှူး ကျော်ဇေယျ၊ စကခ (၁) မှ ဗိုလ်မှူးအောင်မြင့်ထူး အပါအဝင် သုံ့ပန်း၂၅၀ ခန့်ကိုလည်း MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက် သိမ်းပိုက်ချိန်၌ လက်နက် ချ အညံ့ခံခဲ့သည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့် ၁၈၉၅ ဦးကို ဖမ်းပြီးနောက် MNDAA က ပြန်လွှတ် ပေးခဲ့သည်။

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းသည့် တိုက်ပွဲတွင်လည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကိုလည်း MNDAA က ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္ဒီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် လားရှိုးမြို့ကိုမူ တရုတ်နိုင်ငံ၏ ဖိအားကြောင့် စစ်ကောင်စီထံ MNDAA က ပြန်လည် လွှဲပြောင်းပေးခဲ့သည်မှာ ယခု ဧပြီ ၂၄ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

#MeKongNews
#MNDAA
#လွှတ်ပေး
#စစ်သုံပန်း
#ရမခ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now