နိုင်ငံတကာသတင်း

ထိုင်းတွင် ရွှေဆိုင် ဝင်လုသည့် တရုတ်နိုင်ငံသား ၂ ဦး ဖမ်းမိ

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဗြောင်ကျကျ ဝင်ရောက်လုယက်ပြီး ဘတ် ၃ သိန်းခန့် တန်ဖိုးရှိ ရွှေလက်စွပ်များကို ခိုးယူထွက်ပြေးသွားသည့် တရုတ်အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ယင်းဖြစ်စဉ်သည် ယမန်နေ့ ဧပြီ ၂၇ ရက်၊ နံနက် ၁၀ နာရီကျော်တွင် ချော့ချိုင်းခရိုင်၊ ဒန်ကွီယန်တိုက်နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း အမျိုးသမီးဝန်ထမ်း ၂ ဦး ရှိနေစဉ် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၂ ဦး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အနက်ရောင်လက်ရှည်အင်္ကျီ၊ ဘောင်းဘီတိုနှင့် မျက်နှာဖုံးများ တပ်ထားသည့် ထိုအမျိုးသားများကို မြင်တွေ့ရသည်နှင့် ဆိုင်ဝန်ထမ်းများက ဆိုင်အနောက်ဘက်သို့ ထွက်ပြေး

မဲခေါင်၊ ဧပြီ ၂၈

ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဗြောင်ကျကျ ဝင်ရောက်လုယက်ပြီး ဘတ် ၃ သိန်းခန့် တန်ဖိုးရှိ ရွှေလက်စွပ်များကို ခိုးယူထွက်ပြေးသွားသည့် တရုတ်အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။

ယင်းဖြစ်စဉ်သည် ယမန်နေ့ ဧပြီ ၂၇ ရက်၊ နံနက် ၁၀ နာရီကျော်တွင် ချော့ချိုင်းခရိုင်၊ ဒန်ကွီယန်တိုက်နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း အမျိုးသမီးဝန်ထမ်း ၂ ဦး ရှိနေစဉ် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၂ ဦး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အနက်ရောင်လက်ရှည်အင်္ကျီ၊ ဘောင်းဘီတိုနှင့် မျက်နှာဖုံးများ တပ်ထားသည့် ထိုအမျိုးသားများကို မြင်တွေ့ရသည်နှင့် ဆိုင်ဝန်ထမ်းများက ဆိုင်အနောက်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

လုယက်သူများသည် သံဆန်ခါများကြောင့် ရွှေဆွဲကြိုးများကိုမူ မယူနိုင်ခဲ့ဘဲ ရွှေလက်စွပ်များ ထည့်ထားသည့် မှန်ဗီဒိုကို မာကျောသော အရာတစ်ခုဖြင့် ရိုက်ခွဲကာ ရွှေထည်များကို အမြန်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။

လုယက်မှုတစ်ခုလုံးမှာ စက္ကန့် ၃၀ ခန့်သာ ကြာမြင့်ခဲ့ပြီး ၎င်းနောက် အမျိုးသား ၂ ဦးသည် နံပါတ်ပြား မတပ်ထားသည့် အဖြူရောင်Toyota Yaris အမျိုးအစား ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် သတိပေးချက်ထုတ်ပြန်ကာ လိုက်လံရှာဖွေခဲ့ရသည်။

တာဝန်ရှိသူများ၏ နောက်ဆက်တွဲ အတည်ပြုချက်အရ ဖမ်းဆီးရမိသူ ၂ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြပြီး ကွမ်တုံပြည်နယ်မှ အသက် ၂၇ နှစ်အရွယ် ဇူကင်တောင် နှင့် စီချွမ်းပြည်နယ်မှ အသက် ၁၉ နှစ်အရွယ် ဆောင်းဟောင်လုံတို့ ဖြစ်ကြောင်း သိရသည်။

လုယက်မှုတွင် အသုံးပြုခဲ့သည့် ကားကို စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ကားငှားရမ်းသည့် ကုမ္ပဏီသို့ နောက်ကြောင်းပြန် ခြေရာခံနိုင်ခဲ့ပြီးနောက် ၎င်းနေ့မှာပင် ဘန်ကောက်မြို့၊ ပရာဝက်ခရိုင်ရှိ ကားငှားရမ်းသည့် ဆိုင်တစ်ခုတွင် ၎င်းတို့ ၂ ဦးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ဒေသခံ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ တရားခံများကို ခြေရာခံနိုင်ခဲ့ပြီးနောက် ၎င်းတို့နှင့်အတူ လုယက်ထားသည့် ရွှေလက်စွပ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးစဉ်အတွင်း လက်နက်တစ်စုံတစ်ရာ မတွေ့ရဘဲ ၎င်းတို့ထွက်ပြေးစဉ် လမ်း၌ စွန့်ပစ်ခဲ့သည်ဟု တရားခံများက ထွက်ဆိုထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များအရ ၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဗီဇာဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး နှစ်ဦးစလုံးတွင် ထိုင်းလူမျိုး ချစ်သူများရှိကြောင်း သိရသည်။

၎င်းတို့သည် ငွေကြေး ပြတ်လပ်သွားရာမှ ယခုကဲ့သို့ ရွှေဆိုင်လုယက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဖြည့်စွက် ပြောကြားသည်။

လက်ရှိတွင် နခွန်ရက်ချာစီမာ ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားခံများကို ခရိုင်အတွင်းသို့ ခေါ်ဆောင်ကာ ဆက်လက် စစ်ဆေးမေးမြန်းရန် သွားရောက်နေပြီဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားများကို စုဆောင်းလျက်ရှိကြောင်း သိရသည်။

Ref: Khaosod

#MeKongNews
#ထိုင်း
#ရွှေဆိုင်
#ဝင်လုသည့်
#တရုတ်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now