နေ့စဥ်သတင်း

တာချီလိတ်နှင့် ရှမ်းအရှေ့မြို့အချို့တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျကာ အဆောက်အအုံတချို့ ပျက်စီး

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် မြို့အချို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်သစ်ကိုင်းအများအပြား ကျိုးကျကာ လမ်းပိတ်ဆို့မှုများနှင့် အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ည ၇ နာရီခွဲခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ဆွတ်ဆိုင်ကျေးရွာ၊ ပါလျှံ (၂) ဝေဠုဝန်ကျောင်းလမ်း၊ ချစ်ကြည်ရေးလမ်းမပေါ်ရှိ ရှမ်းရိုးမကွင်းရှေ့၊ ဆန်ဆိုင်း (က) နှင့် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တို့တွင် သစ်ပင်ကြီးများ ကျိုးကျပျက်စီးခဲ့သည်။ ပုန်းထွန်ရပ်ကွက်အတွင်း၌လည်း ပျက်စီးမှုများရှိခဲ့သလို၊ နမ္မလင်းရွာ မယ်ဆိုင်ချောင်းဘေး လမ်းပေါ်တွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်တစ်စီးမှာ လေပြင်းကြောင့် ချောင်းထဲသို့ ပြုတ်ကျသွားသဖြင့်

မဲခေါင်၊ ဧပြီ ၂၈

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် မြို့အချို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်သစ်ကိုင်းအများအပြား ကျိုးကျကာ လမ်းပိတ်ဆို့မှုများနှင့် အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ည ၇ နာရီခွဲခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ဆွတ်ဆိုင်ကျေးရွာ၊ ပါလျှံ (၂) ဝေဠုဝန်ကျောင်းလမ်း၊ ချစ်ကြည်ရေးလမ်းမပေါ်ရှိ ရှမ်းရိုးမကွင်းရှေ့၊ ဆန်ဆိုင်း (က) နှင့် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တို့တွင် သစ်ပင်ကြီးများ ကျိုးကျပျက်စီးခဲ့သည်။

ပုန်းထွန်ရပ်ကွက်အတွင်း၌လည်း ပျက်စီးမှုများရှိခဲ့သလို၊ နမ္မလင်းရွာ မယ်ဆိုင်ချောင်းဘေး လမ်းပေါ်တွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်တစ်စီးမှာ လေပြင်းကြောင့် ချောင်းထဲသို့ ပြုတ်ကျသွားသဖြင့် မီးသတ်ဌာနက ဆယ်ယူပေးခဲ့ရကြောင်း သိရသည်။

တာချီလိတ်တွင် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က လေပြင်းတိုက်ခတ်ပြီးနောက် ၉ ရက်အတွင်း ၂ ကြိမ်မြောက်အဖြစ် ယခုကဲ့သို့ လေအပြင်းအထန် ထပ်မံတိုက်ခတ်ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်စဉ်အတွင်း မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းများလည်း ရှိခဲ့ကာ ဆိုင်းဘုတ်အချို့ ပြိုလဲခြင်း၊ ဓာတ်တိုင်များ မီးလောင်ခြင်းတို့ကြောင့် တစ်မြို့လုံး နာရီပိုင်းအကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။

ထိုင်းနိုင်ငံဘက်မှ ရယူထားသည့် (၁၁၅-ကေဗီ) ဓာတ်အားလိုင်းမှာ သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုကြောင့် ည ၈ နာရီခန့်တွင် ပြတ်တောက်သွားပြီး ည ၉ နာရီခွဲတွင် ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။ လေပြင်းကြောင့် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားနှင့် မယ်ဆိုင်မြို့အတွင်း၌လည်း ထိခိုက်မှုများရှိခဲ့ပြီး၊ ဦးအောင်ဇေယျဘုရားရှိ ထီးတော်များ မြေခပျက်စီးမှုများလည်း ရှိခဲ့သည်။

အလားတူ ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင်လည်း လေပြင်းကျကာ မိုးရွာသွန်းမှုများ ရှိခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်က တိုက်ခတ်သည့် လေပြင်းကြောင့် မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာရှိ မိုင်းဆတ်-မိုင်းတုံသွား ကားလမ်းပေါ်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#လေပြင်းတိုက်
#ဦးအောင်ဇေယျဘုရား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now