ဆောင်းပါး

ဒေါ်နယ်ထရမ့် ထွက်ပြေးခဲ့ရတဲ့ ရုတ်ရုတ်သည်းသည်း .. ဝါရှင်တန်ဟိုတယ် ညစာစားပွဲ

မဲခေါင် 27 Apr - 2026
~ CWM ~ ဝါရှင်တန်မှာ ဒီနေ့ မနက်ပိုင်း (အမေရိကန်မှာတော့ ဧပြီ-၂၅ ညပိုင်း)က ဖြစ်သွားတဲ့အဖြစ်အပျက်ကတော့ အက်ရှင်ရုပ်ရှင် ဇာတ်ဝင်ခန်းတခုလိုပါပဲ။ ရုပ်ရှင်ဇာတ်ဝင်ခန်းဆိုရင်တော့ ဒီအခန်း setting ကို အတော်လေး ပြင်ဆင်ရမှာပါ။ ခု အဖြစ်အပျက်ကတော့ တကယ့်ကို ရင်သိမ့်တုန်စရာ ကောင်းလှပါတယ်။ ဧည့်ပရိသတ်ပေါင်း ၂၆၀၀ ကျော် တက်ရောက်နေတဲ့ အင်မတန် ခမ်းနားတဲ့ ညစာစားပွဲကြီးဟာ ရုတ်တရက် သေနတ်ပစ်ခတ်ပေါက်ကွဲသံတွေနဲ့အတူ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့တယ်။ ပြောလက်စ စကားသံတွေ တိတ်သွားတယ်။ တီးခတ်နေတဲ့ ဂီတသံတွေ ငြိမ်သွားတယ်။ အားလုံး ကြောက်လန့်တကြားနဲ့ စားပွဲအောက် ဝင်ပုန်းသူပုန်း၊ ပြေးသူပြေးနဲ့ ဝရုန်းသုန်းကားဖြစ်သွားတယ်။ စင်မြင့်ပေါ်မှာ ဘေးနားက သတင်းထောက်အမျိုးသမီးတဦးနဲ့ စကားလက်ဆုံကျနေတဲ့

~ CWM ~

ဝါရှင်တန်မှာ ဒီနေ့ မနက်ပိုင်း (အမေရိကန်မှာတော့ ဧပြီ-၂၅ ညပိုင်း)က ဖြစ်သွားတဲ့အဖြစ်အပျက်ကတော့ အက်ရှင်ရုပ်ရှင် ဇာတ်ဝင်ခန်းတခုလိုပါပဲ။ ရုပ်ရှင်ဇာတ်ဝင်ခန်းဆိုရင်တော့ ဒီအခန်း setting ကို အတော်လေး ပြင်ဆင်ရမှာပါ။ ခု အဖြစ်အပျက်ကတော့ တကယ့်ကို ရင်သိမ့်တုန်စရာ ကောင်းလှပါတယ်။

ဧည့်ပရိသတ်ပေါင်း ၂၆၀၀ ကျော် တက်ရောက်နေတဲ့ အင်မတန် ခမ်းနားတဲ့ ညစာစားပွဲကြီးဟာ ရုတ်တရက် သေနတ်ပစ်ခတ်ပေါက်ကွဲသံတွေနဲ့အတူ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့တယ်။ ပြောလက်စ စကားသံတွေ တိတ်သွားတယ်။ တီးခတ်နေတဲ့ ဂီတသံတွေ ငြိမ်သွားတယ်။ အားလုံး ကြောက်လန့်တကြားနဲ့ စားပွဲအောက် ဝင်ပုန်းသူပုန်း၊ ပြေးသူပြေးနဲ့ ဝရုန်းသုန်းကားဖြစ်သွားတယ်။ စင်မြင့်ပေါ်မှာ ဘေးနားက သတင်းထောက်အမျိုးသမီးတဦးနဲ့ စကားလက်ဆုံကျနေတဲ့ ဒေါ်နယ်ထရမ့်ကို ထောက်လှမ်းရေးအဖွဲ့ဝင်တဦးက နောက်ကနေ ပခုံးကို ကိုင်ပြီး ဆွဲထုတ်သွားတယ်။ ဒု-သမ္မတ ဂျေဒီဗန့်စ်လည်း ထိုင်နေရာက ထပြေးရတယ်။ သမ္မတကတော် မယ်လာနီယာလည်း ထပြေးရတယ်။ အားလုံး ဝရုန်းသုန်းကားပဲ။ ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ဝင်တချို့ စင်ပေါ်တက်လာပြီး ခန်းမဘက်ကို သေနတ်နဲ့ အသင့်ချိန်လိုက်ကြတယ်။ ပွဲကတော့ ပျက်သွားပါပြီ။

ဝါရှင်တန်ဟီးလ် ဟိုတယ်မှာ တနှစ်တခါ ကျင်းပတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း(White House Correspondents Association) ရဲ့ နှစ်ပတ်လည် ညစာစားပွဲ။ ဒီညစာစားပွဲက အသေအချာပြင်ဆင်ထားတဲ့ ပွဲကြီးတပွဲလည်းဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုပွဲမျိုးကို သမ္မတ ဒေါ်နယ်ထရမ့် တက်လေ့မရှိပါဘူး။ အရင်သမ္မတတွေတုန်းက လာတက်ကြပေမယ့် သတင်းမီဒီယာတွေနဲ့ အမြဲတမ်း ရန်ဖြစ်လေ့ရှိတဲ့ ထရမ့်ကတော့ ဒီပွဲကို လာတက်လေ့မရှိဘူး။ ထူးထူးခြားခြား ဒီတခါတော့ အိမ်ဖြူတော်သတင်းထောက်အသင်းရဲ့ ညစာစားပွဲကို ထရမ့် တက်ရောက်လာခဲ့တယ်။

ဒီအခမ်းနားကို သမ္မတကတော် မယ်လာနီယာထရမ့်၊ ဒုသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုအပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ အထူးဖိတ်ကြားထားသူတွေ၊ ရာပေါင်းများစွာသော စီနီယာသတင်းထောက်တွေ၊မီဒီယာအမှုဆောင်အရာရှိတွေ တက်ရောက်ကြတယ်။ ဒီပွဲက ပညာသင်ဆုနဲ့ ဂုဏ်ပြုဆုတွေအတွက် ရန်ပုံငွေရှာဖွေပွဲလည်း ဖြစ်တယ်။

ဒီပွဲမှာ ဟာသပညာရှင်တဦးက သမ္မတကို လှောင်ပြောင်သရော်တဲ့ ဟာသတင်ဆက်မှုအစီအစဉ်တခု ပုံမှန်ပါဝင်လေ့ရှိပေမယ့် ဒီနှစ်အခမ်းအနားမှာတော့ ဒီအစီအစဉ် ပါဝင်တာ မတွေ့ရဘူး။ ညစာစားပွဲက စတင်ခါစပဲ ရှိသေးတယ်။ ကြိုဆိုနှုတ်ဆက်စကားပြောပြီးကာစ ဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်တောင် မိန့်ခွန်းမပြောရသေးဘူး။

ညစာစားပွဲ ခန်းမဆောင်ကြီးရဲ့အပြင်ဘက်က ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ခန်းမဆောင်ထဲက စကားသံတွေ ချက်ချင်းငြိမ်သက်သွားပြီး ဧည့်သည်အားလုံး စားပွဲခုံတွေအောက်ဝင်ပြီး ဝပ်နေလိုက်ကြတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ၊ ပြညမထဲရေးဝန်ကြီး ဒေါ့ ဘာဂမ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ကြမ်းပေါ် တွန်းလှဲပြီး ဝပ်ခိုင်းလိုက်ကြတယ်။

သေနတ်သမားဟာ ဟိုတယ်လုံခြုံရေးစစ်ဆေးတဲ့ အပေါက်ကို အတင်းဖြတ်ဝင်ဖို့ ကြိုးစားခဲ့တာပါ။ ဒီအချိန်မှာ လုံခြုံရေးအဖွဲ့ဝင်တဦးက တားဆီးလိုက်တာဖြစ်တယ်။ လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ ကိုယ်ပေါ်မှာ လက်နက်ငယ်တွေ၊ ဓါးတွေ ယူဆောင်လာတဲ့ သေနတ်သမားဟာ လုခြုံရေးအဖွဲ့ဝင်တဦးကို သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့တာဖြစ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကို ချက်ချင်းပဲ အင်အားသုံး ဖမ်းချုပ်နိုင်ခဲ့တယ်။ ဒီဖြစ်စဉ်မှာ လုံခြုံရေးအစောင့်တဦးကလွဲပြီး ဧည့်သည် တယောက်မှ ဒဏ်ရာမရခဲ့ကြဘူး။

ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တနာရီအကြာမှာ ဒေါ်နယ်ထရမ့်က သေနတ်သမားကို ဖမ်းဆီးမိပြီလို့ သူ့ရဲ့ truth ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရေးပေါ် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့တယ်။

ထရမ့်က သေနတ်သမားဟာ သူ့ကို လုပ်ကြံဖို့ ကြိုးစားသူ(would-be assassin) လို့ ဆိုတယ်။ သေနတ်သံတွေ စ,ကြားတော့ သူက ညစားစားပွဲခန်းမထဲ စားစရာထည့်တဲ့ ဗန်းတခု ပြုတ်ကျသွားတယ်လို့ ထင်ခဲ့တယ်လို့ ဆိုတယ်။ ဟိုတယ်လုံခြုံရေးစစ်ဆေးရေးအပေါက်ဝကို လက်နက်မျိုးစုံကိုင်ထားတဲ့ သေနတ်သမားတဦး ပြေးဝင်လာချိန်မှာ သတ္တိကောင်းတဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်လိုက်တယ်လို့ ဆိုတယ်။ ဒေါ်နယ်ထရမ့်က သမ္မတအလုပ်က အလွန်အန္တရာယ်များတဲ့အလုပ်ဖြစ်ပြီး အိမ်ဖြူတော်လုံခြုံရေးကိုလည်း အမြင့်ဆုံးလုံခြုံရေးစနစ်ဖြစ်အောင် လုပ်ရမယ်လို့ ပြောကြားသွားခဲ့တယ်။

” သူတို့က ဒီသေနတ်သမားကို တကိုယ်တော်လို့ ယူဆတယ်။ ကျုပ်လဲ ဒီလိုပဲထင်တယ်” လို့ ထရမ့်က ဆိုတယ်။ ဟိုတယ် လုံခြုံရေးကင်မရာမှတ်တမ်းမှာလည်း စစ်ဆေးရေးအပေါက်ဝကို လူတယောက်ပြေးဝင်လာပြီး ပစ်ခတ်မှုဖြစ်ပွားတာ တွေ့ရတယ်။ ပြီးတော့ လုံခြုံရေးအဖွဲ့ဝင်တွေက သူ့ကို ဖမ်းဆီးလိုက်တာ တွေ့ကြရတယ်။

ညစာစားပွဲခန်းမတွင်းကို ပြောင်းတိုသေနတ်၊ဘက်စုံသုံးဓါးနဲ့ ပစ္စတိုသေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့သူဟာ ဝါရှင်တန်ဟီးလ်ဟိုတယ်မှာ တည်းခိုနေတဲ့ အသက်(၃၁)နှစ်အရွယ် ကိုးလ် တောမတ်စ်အလန် ဆိုသူလို့ သိရတယ်။

ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုဟာ ခုတကြိမ်မကတော့ပါဘူး။ ၂၀၂၄ခုနှစ်က ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမှာလည်း သေနတ်သမားတဦးက ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါသေးတယ်။ ရွေးကောက်ပွဲ ဟောပြောစည်းရုံးရေးခရီးစဉ်မှာပါ။ ဒီတုန်းက သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် ဟောပြောပွဲလာ ပရိသတ်တဦး သေဆုံးပြီး ထရမ့်ကတော့ နားရွက်မှာ မဖြစ်စလောက် ဒဏ်ရာရခဲ့တယ်။

လအနည်းငယ်ကြာပြီးတော့ နောက်ထပ်လုပ်ကြံဖို့ ကြိုးပမ်းမှုတခုကို အချိန်မီ ဖော်ထုတ်နိုင်ခဲ့တယ်။ ထရမ့်အမြဲတမ်းဂေါက်သီးကစားလေ့ရှိတဲ့ အနောက်ဘက် အုန်းတောကမ်းခြေ(West Palm Beach) ဂေါက်ကွင်း ခြုံပုတ်တခုထဲက သေနတ်ပြောင်းဝတခု ထိုးထွက်နေတာကို ထောက်လှမ်းရေးတွေက တွေ့ရှိခဲ့ပြီး လူတယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။

အခု ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဝါရှင်တန်ဟီးလ် ဟိုတယ်မှာပဲ ၁၉၈၁ ခုနှစ်တုန်းက ရီပတ်ဘလစ်ကင် သမ္မတဟောင်း ရော်နယ်ရီဂင် လုပ်ကြံခံခဲ့ရဖူးတယ်။ သေနတ်သမားတဦးက ရော်နယ်ရီဂင်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။

ခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ဖြူတော်သတင်းထောက်အသင်းရဲ့ ညစာစားပွဲလည်း တဝက်တပျက်နဲ့ ပျက်သွားခဲ့ရတယ်။ ဒီပွဲကို လာမယ့် မေလမှာ ဆက်လက်ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရတယ်။

ဒေါ်နယ်ထရမ့်က သာမန်အားဖြင့် မီဒီယာတွေနဲ့ အစေးမကပ်သူပါ။ သူနဲ့ မတည့်တဲ့ (သူမကြိုက်တဲ့) သတင်းမီဒီယာတွေကို အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်လေ့ရှိသလို မကြာခဏဆိုသလို သတင်းထောက်တွေနဲ့ အပြန်အလှန် အခြေအတင်ဖြစ်လေ့ရှိတယ်။ သတင်းဌာနအချို့ကို Fake news သတင်းတုတွေ ဖော်ပြနေတယ်ဆိုပြီး လူရှေ့သူရှေ့ ဝေဖန်တတ်သူလည်း ဖြစ်တယ်။

“အိမ်ဖြူတော်သတင်းထောက်အသင်း” ရဲ့ လက်ရှိဥက္ကဌက စီဘီအက်စ်သတင်းဌာနက Weijia Jiang ဖြစ်ပြီး ၂၀၁၈ ကစပြီး CBS သတင်းဌာနရဲ့ အကြီးတန်း အိမ်ဖြူတော်သတင်းထောက် ဖြစ်လာသူပါ။ သူက တရုတ်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးလည်း ဖြစ်တယ်။ ဝါရှင်တန်ဟီးလ်ဟိုတယ် ညစာစားပွဲအခမ်းအနားမှာ သမ္မတဒေါ်နယ်ထရမ့်နဲ့အတူ ( သေနတ်ပစ်ခတ်မှု မဖြစ်ပွားမီ) စင်ပေါ်မှာ ရင်းရင်းနှီးနှီး စကားပြောနေသူက ဝေကျာကျန်းပဲ ဖြစ်တယ်။

ဒီအဖြစ်ပျက်ကတော့ ဝါရှင်တန်ဒီစီမှာ ဧပြီ-၂၅ ညနေက ဖြစ်သွားတဲ့ ရုပ်ရှင်ဆန်ဆန် သေနတ်သမားတဦးက သမ္မတဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ ဖြစ်စဉ်ပါ။

ဝါရှင်တန်ဟီးလ်ဟိုတယ် “အိမ်ဖြူတော်သတင်းထောက်များအသင်း” ရဲ့ ညစာစားပွဲဟာ သည်းထိတ်ရင်ဖိုမြင်ကွင်းများနဲ့ ရုတ်ရုတ်သည်းသည်း ပြီးဆုံးသွားခဲ့တယ်။

#CWM ref: Reuters /cna
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now