မဲခေါင်၊ ဧပြီ ၁၇
၎င်းတို့ သိုလှောင်ထားသော သန့်စင်ပြီးသား ယူရေနံယံများကို လွှဲပြောင်းပေးသွားရန် အီရန်က သဘောတူလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။
ယင်းအတွက် သီတင်း ၆ ပတ်ကြာ စစ်ပွဲကို အဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ၎င်းတို့ ၂ ဖက်ကြား နီးစပ်နေပြီ ဖြစ်ကြောင်း ထရမ့်က ပြောကြားသည်။
“နျူကလီးယား ဖုန်မှုန့်တွေကို ကျနော်တို့ကို ပြန်ပေးဖို့ သူတို့က သဘောတူလိုက်ပါတယ်” ဟု နျူကလီးယားလက်နက်များ တည်ဆောက်နိုင်သည်ဟု အမေရိကန်က ဆိုသည့် သန့်စင်ပြီးသား ယူရေနီယံများအတွက် ၎င်းသုံးနှုန်းသော စကားဖြင့် ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားသည်။
အေးကျော်
Ref: AFP
#MeKongNews
#ယူရေနီယံ
#လွှဲပေး
#အီရန်
#ထရမ့်








