နေ့စဥ်သတင်း

တာချီလိတ်၌ GPS နှင့် Alarm တပ်ထားသည့် ဆိုင်ကယ်များကိုပါ သူခိုးများ ကျွမ်းကျင်စွာ ဖြုတ်ခိုးနေ

မဲခေါင် 16 Apr - 2026
မဲခေါင်၊ ဧပြီ ၁၆ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး နေရာပြ GPS စနစ်နှင့် အချက်ပြ Alarm များ တပ်ဆင်ထားသည့် ဆိုင်ကယ်များကိုပါ ကျွမ်းကျင်စွာ ဖြုတ်ခိုးနိုင်သည့် သူခိုးများ ရှိလာနေကြောင်း သိရသည်။ ဧပြီလ ၁၄ ရက်၊ နံနက် ၇ နာရီဝန်းကျင်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်ငှားဆောင်တစ်ခုတွင် အစောင့်များရှိနေသည့်ကြားမှ ဆိုင်ကယ်အများအပြားထဲတွင် ဝယ်ယူထားသည်မှာ မကြာသေးသည့် တန်ဖိုးကြီး ဆိုင်ကယ်တစ်စီးကို ရွေးချယ်ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။ “အောက်ထပ်မှာ ဆိုင်ကယ်တွေ အများကြီးရှိတဲ့ထဲကမှ ရွေးခိုးသွားတာ။ ဘတ် ၆ သောင်းကျော် တန်ပါတယ်။ Alarm မြည်နေတာကို ခဏလေးနဲ့

မဲခေါင်၊ ဧပြီ ၁၆

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး နေရာပြ GPS စနစ်နှင့် အချက်ပြ Alarm များ တပ်ဆင်ထားသည့် ဆိုင်ကယ်များကိုပါ ကျွမ်းကျင်စွာ ဖြုတ်ခိုးနိုင်သည့် သူခိုးများ ရှိလာနေကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်၊ နံနက် ၇ နာရီဝန်းကျင်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်ငှားဆောင်တစ်ခုတွင် အစောင့်များရှိနေသည့်ကြားမှ ဆိုင်ကယ်အများအပြားထဲတွင် ဝယ်ယူထားသည်မှာ မကြာသေးသည့် တန်ဖိုးကြီး ဆိုင်ကယ်တစ်စီးကို ရွေးချယ်ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“အောက်ထပ်မှာ ဆိုင်ကယ်တွေ အများကြီးရှိတဲ့ထဲကမှ ရွေးခိုးသွားတာ။ ဘတ် ၆ သောင်းကျော် တန်ပါတယ်။ Alarm မြည်နေတာကို ခဏလေးနဲ့ ဖြုတ်နိုင်တာ CCTV မှာ တွေ့ရတယ်။ GPS က ကျိုင်းတုံဘက် ပြနေလို့ လိုက်သွားတာ GPS ကို ဖြုတ်လွှင့်ပစ်ခဲ့တာဆိုတော့ သူခိုးက အတော်ကျွမ်းတာ။ သေချာစောင့်ကြည့်ပြီးမှ ခိုးတာဖြစ်နိုင်လို့ ဘယ်အကာအကွယ်မှ မလုံခြုံတော့သလိုပဲ။ ရဲစခန်းတော့ တိုင်ထားပါတယ်” ဟု ဆိုင်ကယ်ခိုးခံရသူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

CCTV မှတ်တမ်းအရ ခိုးယူသူနှစ်ဦး၏ ပုံရိပ်များကို ပြတ်သားစွာ တွေ့ရှိရသော်လည်း ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၁၄ ရက်နေ့ကပင် တာချီလိတ် ပါလျံ (၂) ရပ်ကွက်ရှိ ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးလည်း ထပ်မံခိုးယူခံခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ဟုံလုံဈေး အငှားဂိတ်အနီးတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး အခိုးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်တွင် ဆိုင်ကယ်များ မကြာခဏ လုယက်ခိုးယူခံနေရသဖြင့် ပိုင်ရှင်များက နည်းပညာသုံး အကာအကွယ်များ ပြုလုပ်ထားသော်လည်း ယင်းတို့ကိုပါ ကျွမ်းကျင်စွာ ဖြုတ်ခိုးနိုင်သည့် သူခိုးများ ရှိလာနေခြင်းက ပြည်သူများ၏ လူမှုဘဝ လုံခြုံမှုမရှိခြင်းကို ပြဆိုနေသည်။

#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#CCTV
#GPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now