နေ့စဥ်သတင်း

AA သည် အတုယူဖွယ် သက်သေဟု TNLA နှင့် MNDAA ပြော၊ တော်လှန်ရေးရည်မှန်းချက် ရောက်သည်အထိ အတူတကွ ကြိုးပမ်းမည်ဟု ကတိပြု

မဲခေါင် 11 Apr - 2026
မဲခေါင်၊ ဧပြီ ၁၁ အာရက္ခတပ်တော်- AA သည် အတုယူဖွယ် သက်သေပြယုဂ်တစ်ရပ် ဖြစ်သည်ဟု တအာင်းတပ်ဖွဲ့-TNLA နှင့် ကိုးကန့်တပ်ဖွဲ့- MNDAA က ပြောသည်။ ထို့ပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့အနေဖြင့် တော်လှန်ရေးရည်မှန်းချက် ရောက်သည်အထိ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန် ကတိသစ္စာပြုသည်ဟုလည်း မဟာမိတ်၂ ဖွဲ့က ဆိုသည်။ ဧပြီလ ၁၀ ရက်တွင် ကျရောက်ခဲ့သည့် အာရက္ခတပ်တော် – AA ဖွဲ့စည်းတည်ထောင်ခြင်း ၁၇ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် TNLA နှင့် MNDAA က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ ပြည်သူလူထု တစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်သည့်

မဲခေါင်၊ ဧပြီ ၁၁

အာရက္ခတပ်တော်- AA သည် အတုယူဖွယ် သက်သေပြယုဂ်တစ်ရပ် ဖြစ်သည်ဟု တအာင်းတပ်ဖွဲ့-TNLA နှင့် ကိုးကန့်တပ်ဖွဲ့- MNDAA က ပြောသည်။

ထို့ပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့အနေဖြင့် တော်လှန်ရေးရည်မှန်းချက် ရောက်သည်အထိ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန် ကတိသစ္စာပြုသည်ဟုလည်း မဟာမိတ်၂ ဖွဲ့က ဆိုသည်။

ဧပြီလ ၁၀ ရက်တွင် ကျရောက်ခဲ့သည့် အာရက္ခတပ်တော် – AA ဖွဲ့စည်းတည်ထောင်ခြင်း ၁၇ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် TNLA နှင့် MNDAA က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ ပြည်သူလူထု တစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှု နှင့် လုံခြုံစိတ်ချရသည့် လူမှုဘဝကို ပေးစွမ်းနိုင်ရန် တော်လှန်ရေးလောကဓံအား ကြံ့ကြံ့ခံ၍ မြို့နယ်အားလုံးနီးပါးကိုလည်း သိမ်းပိုက် အုပ်ချုပ်ထားနိုင်ခဲ့ပြီဟု မဟာမိတ် ၂ ဖွဲ့က ပြောသည်။

“ဤသည်မှာ ‘စည်းလုံးခြင်းသည် အင်အား’ ဟူသည့် အာရက္ခတပ်တော် နှင့် ရက္ခိုင်ပြည်သူလူထုတို့၏ ခိုင်မာသော မျှော်မှန်းချက်တို့နှင့်အတူ ဥမကွဲသိုက်မပျက် ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှု နှင့် စည်းလုံးညီညွတ်မှု ရလဒ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားအသီးသီးတို့အတွက် အတုယူဖွယ် သက်သေပြယုဂ် တစ်ရပ်ပင် ဖြစ်သည်” ဟု သဝဏ်လွှာတွင် ဖော်ပြသည်။

ထို့ပြင် လွတ်လပ်၍ တရားမျှတမှုပြည့်ဝသော အေးချမ်းကြွယ်ဝသော ဒေသပေါ်ထွန်းလာစေရေးတို့အတွက် “ရည်မှန်းချက်တူလျှင် မဟာမိတ်တည်” ဆိုသကဲ့သို့ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ အချင်းချင်းဖေးမတွဲကူ၍ တော်လှန်ရေးမျှော်မှန်းချက် ရောက်ရှိသည်အထိ အတူတကွ ကြိုးပမ်းသွားကြရန် ကတိသစ္စာပြုသည်ဟု မဟာမိတ် ၂ ဖွဲ့၏ သဝဏ်လွှာတွင် ဆိုထားသည်။

မဟာမိတ် AA တပ်တော်သည် အဘက်ဘက်မှ နိုင်ငံရေး၊ စစ်ရေးဖိအားများကို ရင်ဆိုင်ကျော်လွှားကာ ရက္ခိုင်ပြည်သူများအားလုံး အတွက်သာမက မြန်မာပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အခက်အခဲစိန်ခေါ်မှုကြားကပင် ကျားကုတ်ကျားခဲ ကူညီဖြည့်ဆည်း ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်ဟု ဆိုသည်။

အာရက္ခတပ်တော် – AA ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်ကာ ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဌာနချုပ် လိုင်ဇာ၌ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

AA ၁၇ နှစ်ပြည့်သို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် TNLA က သီးခြားအနေဖြင့် ဦးစွာသဝဏ်လွှာ ပေးပို့ခဲ့ပြီးနောက် ၂ နာရီခန့်အကြာတွင် အခြား ညီနောင်မဟာမိတ်အဖွဲ့ဝင် ဖြစ်သည့် MNDAA နှင့် ပူးတွဲ၍လည်း သဝဏ်လွှာ ထပ်မံပေးပို့ခဲ့သည်။

သဝဏ်လွှာ ၂ ခုတွင်ပါသည့် အကြောင်းအရာမှာမူ အတူတူပင် ဖြစ်သည်။

ညီနောင်မဟာမိတ်ဖြစ်ကြသည့် AA ၊ TNAL ၊ MNDAA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဖော်ဆောင်ပြီး မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့သော်လည်း TNLA က သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့တွင် အချင်းချင်းကြား ပြဿနာဖြစ်ပွားကာ MNDAA က TNLA ကို ပြန်လည်ထိုးစစ်ဆင်ပြီး ကွတ်ခိုင်မြို့ကို သိမ်းပိုက်ခဲ့သည့်အပြင် မုံးကိုး မူဆယ်တွင်ရှိသည့် TNLA တပ်ဖွဲ့ကို ဖမ်းဆီးနှင်ထုတ်ခဲ့သည်။

#MeKongNews
#AA
#TNLA
#MNDAA
#တော်လှန်ရေးရည်မှန်းချက်
#ကတိပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now