မဲခေါင်၊ ဧပြီ ၉
UWSA ထိန်းချုပ်ပန်ခမ်းမြို့နယ်၊ ယုံပန်းကျေးရွာရှိ ဟုံအန်း ယမ်းချက်စက်ရုံ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ကောလာဟလသတင်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်သည်များကိုသာ အတည်ပြုရန် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က အသိပေး ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာကို ချိတ်ပိတ်ထားပြီဖြစ်ပြီး ဘေးပတ်ဝန်းကျင်လုံခြုံရေး အနေအထားသို့ ရောက်ရှိပါက ပြည်သူများ ပုံမှန်အတိုင်း သွားလာနေထိုင်ရန်နှင့် ကဆယ်ရေးလမ်းကြောင်းများကို ဦးစားပေးရန် ပါရှိသည်။
ယင်းစက်ရုံမှာ ဧပြီ ၇ ရက် ညနေ ၃ နာရီခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှု ပြင်းထန်သဖြင့် အလုပ်သမား ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောသည်။
#MeKongNews
#ပန်ခမ်းမြို
#ယမ်းချက်စက်ရုံ
#ပေါက်ကွဲမှု
#ကောလာဟလ
#UWSA








