နေ့စဥ်သတင်း

“ဝ” ဒေသသို့ ပို့ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းကာ ရငွေကို ခေါင်းပုံဖြတ်သူအား ထောင်ဒဏ် ၁၁ နှစ် ချမှတ်

မဲခေါင် 2 Apr - 2026
မဲခေါင်၊ ဧပြီ ၂ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ “ဝ” ဒေသ၊ ပန်ဆန်းသို့ KTV တွင် အလုပ်လုပ်ရန်ဟု လိမ်ညာပြီးအမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအား ခေါင်းပုံဖြတ် ရယူသူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်အရအရ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ) ချယ်ရီ မှ ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါကသွားရောက်မည့်နေ့တွင် လက်ကိုင်ဖုန်း ဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့သည်ဟု သိရသည်။

မဲခေါင်၊ ဧပြီ ၂

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ “ဝ” ဒေသ၊ ပန်ဆန်းသို့ KTV တွင် အလုပ်လုပ်ရန်ဟု လိမ်ညာပြီးအမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအား ခေါင်းပုံဖြတ် ရယူသူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်အရအရ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ) ချယ်ရီ မှ ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါကသွားရောက်မည့်နေ့တွင် လက်ကိုင်ဖုန်း ဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့သည်ဟု သိရသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကျိုင်းတုံမြို့သို့‌ သွားရောက်ရမည်ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေ ၅ သောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်လျှင် မသဲအိဖြူဆိုသူထံ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးကာ ကားပေါ်တင်ပေး၍ ပြန်သွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ ရောက်ရှိ၍ မသဲအိဖြူ ကိုင်ဆောင်သည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ခဲ့ရာ အငှားကားတစ်စီး လွှတ်ပေးခဲ့ပြီး ၎င်းကားနှင့်လိုက်ခဲ့ရန် ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ ၆ နာရီခန့် အကြာတွင် မသဲအိဖြူ နေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်များရေးသားထားသည့် “ဖန်ကျွမ်းလိုင်” ဆိုသည့် ဆိုင်သို့ရောက်ရှိခဲ့ပြီး မသဲအိဖြူ ကိုတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် မသဲအိဖြူက ၎င်း၏ မှတ်ပုံတင်အား သိမ်းဆည်းပြီး နောက်နေ့တွင် အမျိုးသားဖောက် သည်များနှင့် ဆက်ဆံရမည်ဟု ပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင်ကြောင်း၊ ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး (ခ) ချယ်ရီကိုထုတ်ပေးထားသည့် ကျပ်သိန်း ၃၀ ပြန်ပေးပါက ပြန်၍ရကြောင်း၊ မပေးနိုင်ပါက ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရမည်၊ ထွက်ပြေးပါက လိုက်၍ အသတ်ခိုင်းမည်ဟု ခြိမ်း‌‌ခြောက်ပြောဆိုကာ ပြည့်တန်ဆာအလုပ်အား အဓမ္မခိုင်းစေသဖြင့် လုပ်ကိုင်ခဲ့ရသည်ဟု သိရသည်။

ရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု မသဲအိဖြူကပြောခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ၎င်းက ဆက် လက် မလုပ်ကိုင်လိုတော့၍ ဧည့်သည်အမျိုးသား တစ်ဦးကို အကူအညီတောင်းခံခဲ့ရာမှ ကျိုင်းတုံမြို့သို့ ပြန်လည်‌ရောက်ရှိခဲ့ပြီး​ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီးနောက်အမှုမှ စိစစ်ပေါ်ပေါက်ချက်အရ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေး အကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူသူ မသီတာမိုး (ခ) ချယ်ရီအား အင်းစိန်ခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ဖြင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#MeKongNews
#ပြည့်တန်ဆာ
#အဓမ္မခိုင်း
#ခေါင်းပုံဖြတ်
#ထောင်ဒဏ်
Photo Credit – BBC
မှတ်ချက် – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now