မဲခေါင်၊ မတ် ၃၀
UWSA ထိန်းချုပ် “ဝ” ဒေသ ပန်ဆန်းတွင် ထောင်ဖောက်ပြေးမှုနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုမှ လူသတ်တရားခံများအား ယမန်နေ့တွင် သေဒဏ်စီရင်ခဲ့ကြောင်း WaStateNews Flash က ဖော်ပြသည်။
ယခုနှစ် ဇန်နဝါရီ ၂ ရက်က ”ဝ” ဒေသဟိုပန်ခရိုင်၊ နမ့်တစ် ထိန်းသိမ်းရေးစခန်းတွင် ထောင်ဖောက်ပြေးမှုနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှု ကျူးလွန်ခဲ့သူအမျိုးသား ၅ ဦးကို သေဒဏ်စီရင်ခဲ့ပြီး ကျန်အမျိုးသား၂ ဦးနှင့် အမျိုးသမီးတစ်ဦးကိုထောင် ဒဏ်တစ်သက်နှင့် ၁၅ နှစ် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရသည်။
ထောင်ဖောက် တရားခံများသည် အကျဉ်းသားအဖွဲ့၏ ခေါင်းဆောင်ကို သတ်ခဲ့ပြီး ကားတစ်စီးနှင့် သေနတ်တစ်လက်ကိုလည်း ခိုးယူကာ မြစ်ကိုဖြတ်၍ ထွက်ပြေးခဲ့ပြီးနောက် ဇန်နဝါရီ ၄ ရက်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်ကလည်း “ဝ”ဒေသမိုင်းပေါက်တွင် လူသတ်ပြီး TAXI ကားကို လုယက်သူ ၃ ဦးအနက် ၂ ဦးကို သေဒဏ်နှင့် တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခဲ့သေးသည်။
#MeKongNews
#ပန်ဆန်း
#လူသတ်
#ထောင်ဖောက်
#သေဒဏ်








