ကမ္ဘာ့သတင်း

အီရန် စစ်ရေးပစ်မှတ် တစ်သောင်းကျော်ကို ချေမှုန်းခဲ့ကြောင်း အမေရိကန်ပြော

မဲခေါင် 29 Mar - 2026
မဲခေါင်၊ မတ် ၂၉ အီရန်နိုင်ငံမှ စစ်ရေးပစ်မှတ် ၁၁၀၀၀ ကို ချေမှုန်းပစ်လိုက်သည်ဟု အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ စစ်ဆင်ရေးတစ်လကျော်ကြာမြင့်လာချိန်တွင် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM က ပြောကြားသည်။ တိုက်ခိုက်ခဲ့သော ပစ်မှတ်များတွင် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ စခန်းများနှင့် အီရန် ပဲ့ထိန်းဒုံးကျည်စခန်းများလည်း ပါဝင်သည်။ အီရန်၏ ရေတပ်သင်္ဘော အစီး ၁၅၀ ကျော်လည်း လုံးဝပျက်စီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်းလည်း CENTCOM ၏ စနေနေ့ ထုတ်ပြန်ချက်က ဖော်ပြသည်။ ထိုအတောအတွင်းမှာပင် အမေရိကန် ကမ်းတက်တိုက်ရေယာဉ် USS Tripoli အုပ်စုသည် သောကြာနေ့က အလယ်ပိုင်းကွပ်ကဲရေးဧရိယာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းလည်း ကွပ်ကဲရေးဌာနက လူမှုမီဒီယာပေါ်တွင်

မဲခေါင်၊ မတ် ၂၉

အီရန်နိုင်ငံမှ စစ်ရေးပစ်မှတ် ၁၁၀၀၀ ကို ချေမှုန်းပစ်လိုက်သည်ဟု အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ စစ်ဆင်ရေးတစ်လကျော်ကြာမြင့်လာချိန်တွင် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM က ပြောကြားသည်။

တိုက်ခိုက်ခဲ့သော ပစ်မှတ်များတွင် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ စခန်းများနှင့် အီရန် ပဲ့ထိန်းဒုံးကျည်စခန်းများလည်း ပါဝင်သည်။

အီရန်၏ ရေတပ်သင်္ဘော အစီး ၁၅၀ ကျော်လည်း လုံးဝပျက်စီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်းလည်း CENTCOM ၏ စနေနေ့ ထုတ်ပြန်ချက်က ဖော်ပြသည်။

ထိုအတောအတွင်းမှာပင် အမေရိကန် ကမ်းတက်တိုက်ရေယာဉ် USS Tripoli အုပ်စုသည် သောကြာနေ့က အလယ်ပိုင်းကွပ်ကဲရေးဧရိယာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းလည်း ကွပ်ကဲရေးဌာနက လူမှုမီဒီယာပေါ်တွင် ပြောကြားသည်။

ဂျပန်နိုင်ငံ နာဂါဆာကီစီရင်စု ဆာဆီဘိုမြို့တွင် မိခင်စခန်းအဖြစ် အခြေစိုက်ထားခဲ့သည့် USS Tripoli ရေယာဉ်အုပ်စုတွင် သင်္ဘောသား ၃၅၀၀ နှင့် အိုကီနာဝါတွင်အခြေစိုက်ထားသည့် အမှတ် ၃၁ မရိန်းအထူးတပ်ဖွဲ့ဝင် များလိုက်ပါခဲ့ကြောင်း သိရသည်။

ထိုအတောအတွင်းမှာပင် အစ္စရေးသို့ ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အီရန်ထောက်ပံ့မှု ရရှိထားသည့် ယီမင်အခြေစိုက် ဟူသီသူပုန်များက ပြောကြားသည်။
မိမိတို့ ကြေညာထားသော ရည်မှန်းချက်များ အားလုံး ပေါက်မြောက်သည်အထိ၊ တော်လှန်‌ရေးအုပ်စု အားလုံးအပေါ် ရန်လိုတိုက်ခိုက်မှုများ ရပ်စဲသွားသည့် အချိန်အထိ ၎င်းတို့အဖွဲ့၏ စစ်ဆင်ရေးများကို ဆက်လုပ်သွားမည် ဖြစ်ကြောင်း ဟူသီအဖွဲ့ ပြောခွင့်ရသူ ယာယာ ဆာရီယာက ပြောကြားသည်။

ဟူသီအဖွဲ့သည် ယခင်က ပင်လယ်နီဖြတ် သင်္ဘောများကို တိုက်ခိုက်ခဲ့သော်လည်း အီရန်အား အမေရိကန်နှင့် အစ္စ‌ရေးက တိုက်ခိုက်ပြီးနောက်ပိုင်း ယခုအချိန်မှ စတင်၍ စစ်ပွဲအတွင်း ပါဝင်လာခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း အီရန်သမ္မတ မာဆွတ်ပီဇက်ကီယန် နှင့် ဖုန်းဖြင့်တစ်နာရီကျော်ကြာ စကားပြောခဲ့သည်ဟု အီရန်အရေး ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းထားသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ်က လူမှုကွန်ရက်ပေါ်မှ ထုတ်ပြန်ပြောကြားခဲ့သည်။

အေးကျော်
Ref: NHK
#MeKongNews
#အီရန်
#စစ်ရေးပစ်မှတ်
#ချေမှုန်း
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now