နေ့စဥ်သတင်း

ကမျဉ်းနီကောင် အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သော ဖျားနာရောဂါအပေါ် အထူးသတိပြုရန် TNLA အသိပေး

မဲခေါင် 29 Mar - 2026
မဲခေါင်၊ မတ် ၂၉ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်အတွင်း တွေ့ရှိနိုင်သော ကမျဉ်းနီကောင်များ အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သည့် ဖျားနာရောဂါအပေါ် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLA / TNLA က အသိပေး ထုတ်ပြန်ထားသည်။ ထို့ပြင် ကမျဉ်းနီကောင် အကိုက်မခံရရေး ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်လည်း TNLA က တိုက်တွန်းထားသည်။ ကမျဉ်းနီကောင်များ အကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် ဖျားနာရောဂါကို Scrub Typhus ရောဂါဟု ခေါ်ပြီး ထိုရောဂါသည် ကျေးလက်ဒေသများတွင် အများဆုံး တွေ့ရှိရသော ကမျဉ်းနီကောင်များ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ ကူးစက်နိုင်သည့် ပြင်းထန်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။ “ရောဂါကို အချိန်မီသိရင်

မဲခေါင်၊ မတ် ၂၉

လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်အတွင်း တွေ့ရှိနိုင်သော ကမျဉ်းနီကောင်များ အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သည့် ဖျားနာရောဂါအပေါ် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLA / TNLA က အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် ကမျဉ်းနီကောင် အကိုက်မခံရရေး ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်လည်း TNLA က တိုက်တွန်းထားသည်။

ကမျဉ်းနီကောင်များ အကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် ဖျားနာရောဂါကို Scrub Typhus ရောဂါဟု ခေါ်ပြီး ထိုရောဂါသည် ကျေးလက်ဒေသများတွင် အများဆုံး တွေ့ရှိရသော ကမျဉ်းနီကောင်များ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ ကူးစက်နိုင်သည့် ပြင်းထန်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။

“ရောဂါကို အချိန်မီသိရင် ကုရလွယ်ပါတယ်။ မသိရင်တော့ လူနာက ဘာဖြစ်မှန်းမသိ သိပ်ကို ခံစားရပါတယ်။ နောက်ပြီး သေတတ်ပါတယ်။ ၃၀ ရာခိုင်နှုန်းလောက်က အချိန်မီ မကုနိုင်ဘူးဆို နောက်ဆက်တွဲ ရောဂါတွေ ဝင်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ နောက်ဆက်တွဲတွေကတော့ အသည်းရောင်တာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတာ သွေးလန့်ပြီး ရှော့ရတာ စတာတွေပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာဝိုင်ကေက သုံးသပ်သည်။

ထို့ပြင် ပြည်သူများအနေဖြင့် ကမျဉ်းနီကောင်များ အရှိများသည့် အုပ်ဆိုင်းနေရာများ ဖြစ်သော ခြုံပုတ်များ၊ မြက်ခင်းများ စသည့်နေရာတို့တွင် သွားလာလှုပ်ရှားပါက သတိပြုကြရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ကမျဉ်းနီကောင် အကိုက်ခံရပြီးနောက် လူနာများတွင် အဖြစ်များသော ရောဂါလက္ခဏာများမှာ တုပ်ကွေး၊ ငှက်ဖျား တို့ကဲ့သို့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်များ ကိုက်ခဲခြင်းတို့ ဖြစ်သည်။

ထို့ပြင် ကမျဉ်းနီကောင် အကိုက်ခံရသည့် နေရာတွင် ညိုမဲသော အနာဖေးကွက်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

“အကောင်ကိုက်ခံရပြီး ၁၀ ရက်လောက်နေရင် ရောဂါလက္ခဏာ စပြပါတယ်။ အနာဖေးတက်သလို အနာမဲမဲလေး ရှိတယ်။ ဒါတွေ့ရင် scrub typhus ဖြစ်ဖို့ သေချာသလောက်ပါပဲ။ အဖျားကလည်း ၁၀၂ လောက်ထိ တက်တယ်။ သာမန်လူဖျားရင် ဘေးက လူတွေဝိုင်းတွဲရလောက်တဲ့အထိ ဖျားဖို့ခက်ပေမယ့် ဒီကောင်ကိုက်လို့ ဖျားတဲ့သူတွေက ဘေးလူက ဝိုင်းတွဲရလောက်တဲ့ထိ ဖျားပါတယ်” ဟု ဒေါက်တာ ဝိုင်ကေက ပြောသည်။

ထို့ပြင် ယခုအချိန်အထိ Scrub Typhus ရောဂါအတွက် ကာကွယ်ဆေး မရှိသေးသောကြောင့် ကမျဉ်းနီကောင်များနှင့် ထိတွေ့မှု မရှိစေရန် သတိပြုနေထိုင်ခြင်းသည် အရေးကြီးဆုံး ကာကွယ်ခြင်းဖြစ်ပြီး ခြုံနွယ်ထူထပ်သည့် နေရာများကို အထူး ရှောင်ကြဉ်ရန် လိုအပ်သကဲ့သို့ အိမ်အပြင်ဘက် သွားလာရာတွင် EPA အသိအမှတ်ပြု DEET ပါဝင်သော အရေပြားဖျန်းဆေး (သို့မဟုတ်) လိမ်းဆေးများကို အသုံးပြုသင့်သည်ဟု TNLA ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့ကြောင့် အဝတ်အစားများကို လုံခြုံစွာ ဝတ်ဆင်ခြင်းဖြင့် အကိုက်ခံရခြင်းမှ ကာကွယ်နိုင်သည်ဟု TNLA ကျန်းမာရေးဌာနက အသိပေးထားသည်။

ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားရာတွင် ကမျဉ်းနီကောင် အကိုက်ခံရမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဖျားနာခြင်းကဲ့သို့ အထက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မီ သွားရောက်ကာ ဆေးကုသမှု ခံယူကြရန် TNLA က တိုက်တွန်းထားသည်။

#MeKongNews
#ကမျဉ်းနီကောင်
#ဖျားနာရောဂါ
#TNLA
#အသိပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now