နေ့စဥ်သတင်း

မူဆယ် ၁၀၅ မိုင်တွင် တအာင်းအလံ ပြန်လွှင့်ထူပေးသော်လည်း TNLA တပ်စွဲမှု MNDAA ခွင့်မပြု

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖြုတ်ချလိုက်သည့် တအာင်းအလံကို ပြန်လည်လွှင့်ထူထားသော်လည်း တအာင်းတပ်ဖွဲ့ – TNLA ကိုမူ MNDAA က တပ်စွဲခွင့်မပြုကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ၂ ဖက်ခေါင်းဆောင်များ ဆွေးနွေးပြီးနောက် ညီနောင်မဟာမိတ်များ ဖြစ်သည့် ရခိုင်တပ်ဖွဲ့ – AA၊ တအာင်းတပ်ဖွဲ့ – TNLA၊ ကိုးကန့်တပ်ဖွဲ့ – MNDAA တို့ ပူးပေါင်း သိမ်းပိုက်ထားသည့် မူဆယ် ၁၀၅ မိုင်တွင် ကိုးကန့်တပ်ဖွဲ့က ဖယ်ရှားလိုက်သည့် တအာင်းအလံကို ယမန်နေ့ မတ် ၂၄

မဲခေါင်၊ မတ် ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖြုတ်ချလိုက်သည့် တအာင်းအလံကို ပြန်လည်လွှင့်ထူထားသော်လည်း တအာင်းတပ်ဖွဲ့ – TNLA ကိုမူ MNDAA က တပ်စွဲခွင့်မပြုကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

၂ ဖက်ခေါင်းဆောင်များ ဆွေးနွေးပြီးနောက် ညီနောင်မဟာမိတ်များ ဖြစ်သည့် ရခိုင်တပ်ဖွဲ့ – AA၊ တအာင်းတပ်ဖွဲ့ – TNLA၊ ကိုးကန့်တပ်ဖွဲ့ – MNDAA တို့ ပူးပေါင်း သိမ်းပိုက်ထားသည့် မူဆယ် ၁၀၅ မိုင်တွင် ကိုးကန့်တပ်ဖွဲ့က ဖယ်ရှားလိုက်သည့် တအာင်းအလံကို ယမန်နေ့ မတ် ၂၄ ရက်တွင် ပြန်လည်လွှင့်ထူပေးခဲ့သည်။

“တအာင်းအလံကိုလည်း ကိုးကန့်ပဲ ပြန်လိုက်တပ်ပေးတာ။ အလံ ပြန်တပ်ပေးပေမယ့် တအာင်းတပ်ကိုတော့ ပြန်မပေးထိုင်ဘူး ပြောတယ်။ အခွန်ကတော့ ကိုးကန့်က ပြန်ခွဲပေးသလောက် TNLA ရသင့်ရထိုက်တာ ရမယ်လို့တော့ ပြောတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ၂ ဖက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများကို မဲခေါင်က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ မူဆယ် ၁၀၅ မိုင်ကို MNDAA နှင့် AA က ဆက်လက်၍ အတူထိန်းချုပ်လျက်ရှိပြီး TNLA နှင့်မူ အတူပူးတွဲ တပ်ထိုင်ခြင်းများ မရှိတော့ကြောင်း ဆိုသည်။

“၂ ဖက်ဆွေးနွေးပွဲမှာလည်း မဟာမိတ်အဖြစ် ဆက်ရှိမယ်ဆိုတဲ့ အချက်က ပါတဲ့အခါကျတော့ တအာင်းအလံတွေကို ပြန်ထောင်ပေးတဲ့သဘော တွေ့ရတာပေါ့လေ။ TNLA တပ်ဖွဲ့ဝင်တွေတော့ ဒီမှာ အတူထိုင်တာတွေ မရှိတော့ဘူး။ အခုက အလံပြန်တပ်ပေးတာ တစ်ခုပဲ ရှိသေးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မူဆယ် ၁၀၅ မိုင်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အတူတိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း မတ် ၁၄ ရက်တွင် ကိုးကန့်တပ်က တအာင်းတပ် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို အချင်းချင်း ပြန်လည်တိုက်ခိုက် သိမ်းပိုက်ချိန်တွင် မူဆယ် ၁၀၅ မိုင်ရှိ TNLA တပ်ဖွဲ့များကိုပါ MNDAA က ဖမ်းဆီးနှင်ထုတ်ခဲ့သည်။

ထို့သို့ အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၂ ဖက်ခေါင်းဆောင်များ ဆွေးနွေးချက်များအရ အပစ်ခတ် ရပ်စဲနိုင်ခဲ့သော်လည်း TNLA ထိန်းချုပ်နယ်မြေ အများအပြားကို MNDAA က သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။

#MeKongNews
#မူဆယ်
#၁၀၅မိုင်
#တအာင်းအလံ
#TNLA
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now