ကမ္ဘာ့သတင်း

တစ်လ ၁၀ ဒေါ်လာမျှဖြင့် မြောက်ကိုရီးယား သိန်းချီ ရုရှားတွင် ကျွန်ပြုခံနေရ

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ပူတင် တို့ အနီးဆုံး အပေါင်းအပါများအဖြစ် ပူးပေါင်းခြင်း နောက်ဆက်တွဲ အကျိုးဆက်အရ မြောက်ကိုရီးယား ပြည်သူ တစ်သိန်ဝန်းကျင်သည် ရုရှားတွင် တစ်လမှ ၁၀ ဒေါ်လာသာရပြီး ကျွန်ပြုခိုင်းစေခံနေရသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဖောင်ဒေးရှင်း – Global Rights Compliance ၏ မြောက်ကိုရီးယားဆိုင်ရာ အတိုင်ပင်ခံ ယီဂျီကင်မ်က ယူကရိန်းစစ်ပွဲသို့ စေလွှတ်ရသဖြင့် သေဆုံးဒဏ်ရာရသူ များပြားလွန်းခဲ့သည့်အတွက် ပူတင်သည် ရုရှားပြည်တွင်း ထုတ်ကုန်စွမ်းအားစုများတွင် အလုပ်လုပ်နိုင်မည့် ပြည်ပနိုင်ငံသားများအဖြစ် စျေးအပေါဆုံးနှင့် တခြားရွေးစရာလမ်းရှိသော မြောက်ကိုရီးယားလုပ်သားများကို ပစ်မှတ်ထားခေါ်ယူအသုံးပြုရာ မြောက်ကိုရီးယားလုပ်သား တစ်သိန်းဝန်းကျင်သည် တစ်ရက်လျှင် ၁၄ နာရီမှ ၁၆

မဲခေါင်၊ မတ် ၂၅

အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ပူတင် တို့ အနီးဆုံး အပေါင်းအပါများအဖြစ် ပူးပေါင်းခြင်း နောက်ဆက်တွဲ အကျိုးဆက်အရ မြောက်ကိုရီးယား ပြည်သူ တစ်သိန်ဝန်းကျင်သည် ရုရှားတွင် တစ်လမှ ၁၀ ဒေါ်လာသာရပြီး ကျွန်ပြုခိုင်းစေခံနေရသည်။

နိုင်ငံတကာ လူ့အခွင့်အရေးဖောင်ဒေးရှင်း – Global Rights Compliance ၏ မြောက်ကိုရီးယားဆိုင်ရာ အတိုင်ပင်ခံ ယီဂျီကင်မ်က ယူကရိန်းစစ်ပွဲသို့ စေလွှတ်ရသဖြင့် သေဆုံးဒဏ်ရာရသူ များပြားလွန်းခဲ့သည့်အတွက် ပူတင်သည် ရုရှားပြည်တွင်း ထုတ်ကုန်စွမ်းအားစုများတွင် အလုပ်လုပ်နိုင်မည့် ပြည်ပနိုင်ငံသားများအဖြစ် စျေးအပေါဆုံးနှင့် တခြားရွေးစရာလမ်းရှိသော မြောက်ကိုရီးယားလုပ်သားများကို ပစ်မှတ်ထားခေါ်ယူအသုံးပြုရာ မြောက်ကိုရီးယားလုပ်သား တစ်သိန်းဝန်းကျင်သည် တစ်ရက်လျှင် ၁၄ နာရီမှ ၁၆ နာရီကြား၊ တစ်ပတ်လုံး နားရက်မရဘဲ တစ်လမှ ၁၀ ဒေါ်လာသာရရှိပြီး ကျွန်ပြုခိုင်းစေခံနေရသည်ဟု အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပုံမှန်အားဖြင့် ရုရှားသည် ပြည်ပအလုပ်သမားတစ်ဦးအတွက် အနည်းဆုံး တစ်လ ဒေါ်လာ ၄၀၀ မှ ၇၅၀ ကြားပေးသော်လည်း ကင်ဂျုံအန်အစိုးရသို့သာ ထိုငွေများ တိုက်ရိုက်ပေးရပြီး တကယ်အလုပ်လုပ်သူများမှာ တစ်လ ၁၀ ဒေါ်လာသာရသဖြင့် မိသားစုထောက်ပံ့ရန်ပင် မတတ်နိုင်ဘဲ ကင်ဂျုံအန်ကသာ ဇိမ်ခံပစ္စည်းများစွာ သုံးစွဲခြင်းဖြင့် ဂုတ်သွေးစုပ်နေသည်ဟု ဆိုသည်။

လက်တွေ့ ရုရှားတွင် အစိုးရစပွန်ဆာ ကျွန်ပြုခံနေရသော မြောက်ကိုရီးယားသား ၂၁ ဦးအား Global Rights Compliance အဖွဲ့ အကြီးအကဲ လာရာစထရိန့်ဝေးစ်က သေချာမေးမြန်းပြီး ထိုအစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကာ တချို့လုပ်သားများသည် ရုရှားသို့ အလုပ်သွားလုပ်ရန် အေးဂျင့်ခ၊ ပွဲစားခ၊ လေယာဉ်ခများကိုလည်း ပြန်နှုတ်သဖြင့်တစ်လ ၁၀ ဒေါ်လာပင်မရဘဲ မသေထမင်း၊ မသေဟင်းသာ စားရကာ နေရသည်ကလည်း အင်းဆက် ပိုးမွှားများ ပြည့်နှက်နေသည့် ကွန်တိန်နာများထဲတွင် နေရကြောင်း၊ ရေချိုးခန်း၊ အိပ်သာလည်း မရှိကြောင်း၊ တစ်ချိန်လုံး စပိုင်လုပ် စောင့်ကြည့်နေသူများကြောင့် လှုပ်ပင် မလှုပ်ရဲဘဲ နေထိုင်ကြရသလို ကိုရီးယားကေပေါ့၊ အပြာကားများ ကြည့်လျှင် ဌာနေနိုင်ငံသို့ အကြောင်းကြားပြီး ပြန်ခေါ်ယူကာ အပြစ်ပေးကြောင်း လက်တွေ့ကြုံရသူများနှင့် အင်တာဗျူးအရ သိရှိခဲ့ရသည်။

သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံသားများအတွက် တခြားရွေးချယ်စရာ လမ်းမရှိသောကြောင့် ၂၀၂၃ ခုနှစ်က ရုရှားသို့ သွားပြီး ကျွန်သဖွယ် အလုပ်လုပ်ရသည့် ဦးရေသည် အဆဒါဇင်ချီ မြင့်တက်လာရာမှ ၂၀၂၅ တွင် တစ်သိန်းအထိ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#မြောက်ကိုရီးယား
#သိန်းချီ
#ရုရှား
#ကျွန်ပြုခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now