နေ့စဥ်သတင်း

တာချီလိတ်တွင် ဆိုင်ကယ်သူခိုးများ အုပ်စုလိုက် သောင်းကျန်းနေ

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ဆိုင်ကယ်သူခိုးများ အုပ်စုလိုက် သောင်းကျန်းနေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပါလျှံ (၂) ရပ်ကွက်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူခိုးများမှာ လူ ၃ ဦးပါဝင်သည့် အုပ်စုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်တွင် ယင်းခိုးမှု ဖြစ်ပွားခဲ့ပြီး သူခိုးများမှာ အုပ်စုလိုက် လှုပ်ရှားနေပြီး ယင်းရပ်ကွက်အတွင်း သောင်းကျန်းနေကြောင်းလည်း ဒေသခံများက ဆိုသည်။ “CCTV မှာလည်း တွေ့ရတယ်။ ဆိုင်ကယ်က ဝယ်ထားတာ တစ်လတောင် မပြည့်သေးပါဘူး၊ သံကြိုး ဖျက်ပြီးခိုးသွားတယ်၊ သော့ဖျက်တဲ့ ကတ်ကြေးပါထားခဲ့တာ။ အခုလို အုပ်စုလိုက် လုပ်နေတော့ စိုးရိမ်ရတယ်။

မဲခေါင်၊ မတ် ၂၅

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ဆိုင်ကယ်သူခိုးများ အုပ်စုလိုက် သောင်းကျန်းနေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပါလျှံ (၂) ရပ်ကွက်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူခိုးများမှာ လူ ၃ ဦးပါဝင်သည့် အုပ်စုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်တွင် ယင်းခိုးမှု ဖြစ်ပွားခဲ့ပြီး သူခိုးများမှာ အုပ်စုလိုက် လှုပ်ရှားနေပြီး ယင်းရပ်ကွက်အတွင်း သောင်းကျန်းနေကြောင်းလည်း ဒေသခံများက ဆိုသည်။

“CCTV မှာလည်း တွေ့ရတယ်။ ဆိုင်ကယ်က ဝယ်ထားတာ တစ်လတောင် မပြည့်သေးပါဘူး၊ သံကြိုး ဖျက်ပြီးခိုးသွားတယ်၊ သော့ဖျက်တဲ့ ကတ်ကြေးပါထားခဲ့တာ။ အခုလို အုပ်စုလိုက် လုပ်နေတော့ စိုးရိမ်ရတယ်။ ” ဟု ဆိုင်ကယ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ဒေသခံများအဆိုအရ ခိုးယူသူများသည် ရပ်ကွက်အတွင်း လူများ၏ လှုပ်ရှားမှုများကို ကြိုတင် စောင့်ကြည့်ပြီးမှ ခိုးယူနေကြောင်းလည်း သိရသည်။

“ဆိုင်ကယ်ပျောက်တဲ့ချိန်က အပေါ်ထပ်မှာ လူတွေလည်းရှိတယ်။ ခေါင်းရင်း အိမ်က သီချင်းဖွင့်ထားတော့ မကြားလိုက်တာ၊ သံဖျက်သံလည်း မကြားလိုက်ဘူး။ ဒီသူခိုးအုပ်စုက သူများတွေလည်း တင်တဲ့ CCTV တိုင်းမှာ တွေ့ရပါတယ်၊ အဲကောင်တွေက တော်တော် သောင်ကျန်းနေတာပါ။ ကြာနေပါပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားလာမှုကြောင့် ဒေသခံများအနေဖြင့် လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီး ကိုယ်ပိုင်ပစ္စည်းများကို ပိုမိုသတိထား စောင့်ရှောက်ရန် လိုအပ်လာကြောင်း ဆိုကြသည်။

ပြီးခဲ့သည့် မတ်လ ပထမပတ်တွင်လည်း ရန်အောင်မြေရပ်ကွက်တွင် ဆိုင်ကယ် ၂ စီး တပြိုင်တည်း ခိုးယူခံမှုလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#အုပ်စုလိုက်
#သောင်းကျန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now