မဲခေါင်၊ မတ် ၂၅
အသက် ၆၀ ကျော်၊ ၇၀ ကျော်အရွယ် အမျိုးသမီးကြီး ၃ဦးနှင့် အမျိုးသားကြီးတစ်ဦး တို့ကို ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဖဲရိုက်လောင်းကစားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၂ဦး၊ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးတို့ဖြစ်ပြီး အသက် ၆၂အရွယ် အမျိုးသမီးတစ်ဦးမှာ အိမ်ရှင်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ညောင်ရွှေမှာ လောင်းကစားမှုဖမ်းမယ်ဆိုရင် လက်ညှိုးထိုးမလွဲပါဘူးဗျာ။ အခုကတော့ အဖမ်းခံရတဲ့လူတွေက ၆၀ ကျော်၊ ၇၀ ကျော်တွေဆိုတော့ မကောင်းပါဘူး။ သူတို့(ရဲတွေ)က အမှုလိုပြီဆိုရင် သူတို့ မျက်နှာနာစရာမလိုတဲ့လူတွေကို ဖမ်းတော့တာပဲ” ဟု ၎င်းကပြောသည်။
၎င်းတို့ကို မတ်လ ၂၁ရက် ညနေပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ညောင်ရွှေမြို့မရဲစခန်းတွင် လောင်ကစားမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
#MeKongNews
#လောင်းကစားဝိုင်း
#ဖဲရိုက်
#ညောင်ရွှေ
#လောင်းကစားမှု








