နေ့စဥ်သတင်း

တိုက်ပွဲအပြီး မီးလောင်သည့်အိမ်ကို ငြှိမ်းသတ်ရန်ကြိုးစားသည့် ဒေသခံတစ်ဦးကို MNDAA ပစ်သတ်

မဲခေါင် 21 Mar - 2026
မဲခေါင်၊ မတ် ၂၁ ဒရုန်းဗုံးကြောင့် မီးလောင်နေသည့် အိမ်တစ်လုံးကို မီးငြှိမ်းသတ်ရန် ကြိုးစားသည့် ဒေသခံတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ – MNDAA က ပစ်သတ်ခဲ့သည်ဟု နမ့်ဖက်ကာဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမြို့တွင် နေထိုင်သည့် ကိုနိုင်ထွန်းဆိုသူသည် ဒရုန်းဗုံးကြောင့် မီးလောင်နေသည့်အိမ်ကို ကူညီငြှိမ်းသတ်ရန် သွားနေစဉ် ကိုးကန့်တပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် မတ် ၁၄ ရက်တွင် MNDAA က နမ့်ဖက်ကာရှိ တအာင်းတပ်ဖွဲ့ – TNLA ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနေအိမ်အချို့လည်း ဗုံးဒဏ်ထိကာ မီးလောင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီး မွန်းလွဲ ၂

မဲခေါင်၊ မတ် ၂၁

ဒရုန်းဗုံးကြောင့် မီးလောင်နေသည့် အိမ်တစ်လုံးကို မီးငြှိမ်းသတ်ရန် ကြိုးစားသည့် ဒေသခံတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ – MNDAA က ပစ်သတ်ခဲ့သည်ဟု နမ့်ဖက်ကာဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမြို့တွင် နေထိုင်သည့် ကိုနိုင်ထွန်းဆိုသူသည် ဒရုန်းဗုံးကြောင့် မီးလောင်နေသည့်အိမ်ကို ကူညီငြှိမ်းသတ်ရန် သွားနေစဉ် ကိုးကန့်တပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ် ၁၄ ရက်တွင် MNDAA က နမ့်ဖက်ကာရှိ တအာင်းတပ်ဖွဲ့ – TNLA ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနေအိမ်အချို့လည်း ဗုံးဒဏ်ထိကာ မီးလောင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအပြီး မွန်းလွဲ ၂ နာရီခန့်တွင် ကိုနိုင်ထွန်းက မီးလောင်နေသည့် အဖိုးဖြစ်သူ၏ နေအိမ်ကို ကူညီငြှိမ်းသတ်ရန် သွားစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

“မီးလောင်နေတဲ့ အိမ်က သူ့နဲ့ဆို အဖိုးတော်တာပေါ့။ သူသွားတဲ့အချိန်က ပစ်ခတ်မှုလည်း ငြိမ်နေပြီဆိုတော့ အဖိုးအိမ် မီးလောင်နေတာကို သွားကူဦးမယ်ဆိုပြီး ထွက်သွားတာ လမ်းမှာ ကိုးကန့်နဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတယ်။ အလောင်းလည်း ပြန်မပေးဘူး။ အလောင်းကို မီးရှို့လိုက်ပြီပြောပြီး သေနေတဲ့ ပုံကိုပဲ ပြတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောသည်။

ကိုနိုင်ထွန်းကို ပစ်သတ်ပြီးနောက် အလောင်းပြန်မပေးပဲ မီးရှို့လိုက်ပြီဟု MNDAA ကပြောဆိုခဲ့ပြီး အင်္ကျီအရောင်နှင့် ညာဘက်လက်မောင်းတွင် တွေ့ရသည့် တက်တူးအရ သေဆုံးသူမှာ ကိုနိုင်ထွန်းမှန်ကန်ကြောင်းကိုလည်း ကျန်ရစ်သည့် ဇနီးဖြစ်သူကတအာင်းအမျိုးသီးအဖွဲ့အစည်းကို အတည်ပြု ပြောဆိုထားသည်။

“MNDAA တပ်နဲ့တိုးတော့ သူတို့က သူ့ကို ပစ်သတ်လိုက်တာ၊ ဦးခေါင်းအနောက်ကို”ဟု ၎င်း၏ဇနီးက ပြောသည်။

သေဆုံးသွားသည့် ကိုနိုင်ထွန်း၏ ရုပ်အလောင်းကို မိသားစုဝင်များက ပြန်ပေးရန် တောင်းဆိုသော် လည်း MNDAA က ပြန်မပေးပဲ အလောင်းနှင့် ၎င်း၏ဖုန်း၊ ဆိုင်ကယ်များကိုပါ မီးရှို့လိုက်ပြီဟု ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အလောင်းတောင်းတာ မပေးတဲ့အပြင် အလောင်းရော၊ ဆိုင်ကယ်ရော ဖုန်းရော မီးရှို့လိုက်ပြီ ဘာမှ မရှိတော့ဘူးဆိုပြီး ပြောလွှတ်တာ၊ ဘယ်မှာရှို့တာလည်း မေးတော့လည်း မပြောဘူး”ဟု ၎င်းကပြောသည်။

MNDAA သည် မတ် ၁၄ ရက်တွင်ပင် နမ့်ဖက်ကာမြို့ ရပ်ကွက် ၄ ရှိ မိုင်းအိုက်ကျင် နှင့် နောက်တစ်ဦးကိုလည်း ဖမ်းဆီးကာ ပစ်သတ်ခဲ့သေးသည်။

လက်ရှိအချိန်ထိ မဲခေါင်က စုစည်းကောက်ယူထားသည့် စာရင်းအရ TNLA ကို ထိုးစစ်ဆင်သည့် ကာလအတွင်း ကွတ်ခိုင်မြို့နယ်ရှိ အရပ်သား ၉ ဦးထက်မနည်းကို MNDAA က ပစ်သတ်ခဲ့သည်။

ယင်း ၉ ဦးမှာ နမ့်ဖက်ကာမြို့မှ မိုင်းအိုက်ကျင်၊ ကိုနိုင်ထွန်းနှင့် အမည်မသိတစ်ဦး၊ မန်ထန်ရွာမှ မအီဝင်း နှင့် ယာမာအိုင်ဖစ်၊ လွယ်ဆိုင်ရွာမှ မိုင်းထွန်းလှ၊ ဟိုကျန့်ရွာမှ ယာမာခင်၊ ကောင်းခါး မန်ပြိန်းရွာမှ ယာအိုင်ကြိမ်၊ ကွတ်ခိုင် မန်ပြိန်းရွာမှ သူကြီး ဦးနိုင်ကိန် တို့ ၉ ဦးဖြစ်ကြသည်။

ယခုစာရင်းသည် သတင်းမီဒီယာပေါ် ရောက်ရှိလာသည့် ဖြစ်ရပ်များနှင့် လက်လှမ်းမှီသည့် ဖြစ်ရပ်များကိုသာ မဲခေါင်သတင်းဌာနက စုစည်းထားခြင်း ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်။

လက်ရှိတွင်၂ ဖက်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေး MNDAA ဌာနချုပ် လောက်ကိုင်တွင် ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနေသည်မှာ ၄ ရက်မြောက်ရှိပြီဖြစ်သည်။

#MeKongNews
#MNDAA
#တိုက်ပွဲ
#မီးလောင်
#ဒေသခံ
#ပစ်သတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now