ကမ္ဘာ့သတင်း

ပင်လယ်ကွေ့ စွမ်းအင်လုပ်ငန်း တိုက်ခိုက်မှုများ လက်ခံနိုင်စရာမရှိဟု အိန္ဒိယ ရှုတ်ချ

မဲခေါင် 20 Mar - 2026
မဲခေါင်၊ မတ် ၂၀ ပင်လယ်ကွေ့မှ စွမ်းအင်လုပ်ငန်း နေရာများအား တိုက်ခိုက်မှုကို လက်ခံနိုင်စရာမရှိဟု အိန္ဒိယက ရှုတ်ချလိုက်ပြီး ထိုသို့တိုက်ခိုက်မှုများက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စီးဆင်းများကို ပိုမို ဆိုရွားသွားစေနိုင်ကြောင်းလည်း သတိပေး ပြောကြားသည်။ အီရန်၏ အကြီး‌ဆုံး ဆောက်ပါးစ် ဓာတ်ငွေ့လုပ်ကွက်အား အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ကာတာနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့အရည် (LNG) စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ယင်းစက်ရုံ၏ ထုတ်လုပ်မှုစွမ်းရည် ၁၇ ရာခိုင် နှုန်းခန့် ကျဆင်းသွားစေခဲ့သည်။ ကာတာနိုင်ငံမှ Ras Laffan စက်ရုံအားတိုက်ခိုက်မှုကြောင့် အိန္ဒိယအပါအဝင် ဒေသတစ်ဝန်း လောင်စာ‌ထောက်ပံ့မှုများကို ပိုမိုကျယ်ပြန့်စွာ ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ LNG

မဲခေါင်၊ မတ် ၂၀

ပင်လယ်ကွေ့မှ စွမ်းအင်လုပ်ငန်း နေရာများအား တိုက်ခိုက်မှုကို လက်ခံနိုင်စရာမရှိဟု အိန္ဒိယက ရှုတ်ချလိုက်ပြီး ထိုသို့တိုက်ခိုက်မှုများက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စီးဆင်းများကို ပိုမို ဆိုရွားသွားစေနိုင်ကြောင်းလည်း သတိပေး ပြောကြားသည်။

အီရန်၏ အကြီး‌ဆုံး ဆောက်ပါးစ် ဓာတ်ငွေ့လုပ်ကွက်အား အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ကာတာနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့အရည် (LNG) စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ယင်းစက်ရုံ၏ ထုတ်လုပ်မှုစွမ်းရည် ၁၇ ရာခိုင် နှုန်းခန့် ကျဆင်းသွားစေခဲ့သည်။

ကာတာနိုင်ငံမှ Ras Laffan စက်ရုံအားတိုက်ခိုက်မှုကြောင့် အိန္ဒိယအပါအဝင် ဒေသတစ်ဝန်း လောင်စာ‌ထောက်ပံ့မှုများကို ပိုမိုကျယ်ပြန့်စွာ ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ LNG လိုအပ်ချက် ၄၀ ရာခိုင်နှုန်းအတွက် ကာတာကို အားကိုးနေရပြီး သဘာဝဓာတ်ငွေ့အရည်များသည် အိန္ဒိယနိုင်ငံ၏ လျှပ်စစ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဓာတ်မြေဩဇာလုပ်ငန်းနှင့် နေအိမ်နှင့် စားသောက်ဆိုင်များ၌ ချက်ပြုတ်‌ရေးအတွက် အလွန်အရေးပါသည်။

နောက်ဆုံး ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများသည် လက်ခံနိုင်စရာ မရှိကြောင်းနှင့် ရပ်တန့်ရန်လိုအပ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပြီး စွမ်းအင်လုပ်ငန်း အခြေခံအဆောက်အအုံများကို မတိုက်ခိုက်ရေး နယူးဒေလီ၏ တောင်းဆိုချက်ကို ထပ်မံပြောကြားသည်။

ဒေသတစ်ဝန်း မတူညီသော နေရာများမှ စွမ်းအင်လုပ်ငန်း အဆောက်အအုံများအပေါ် မကြာသေးမီက တိုက်ခိုက်မှုများ သည် အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းပြီး တစ်ကမ္ဘာလုံးတွင် မရေမရာ ဖြစ်နှင့်ပြီးသော စွမ်းအင်လုပ်ငန်းကို ထပ်မံ၍ မတည်မငြိမ်ဖြစ်စေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးက ထုတ်ပြန်ပြောကြားသည်။

ကာတာနိုင်ငံသည် အမေရိကန်၊ ရုရှား၊ ဩစတြေးလျတို့နှင့်အတူ ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့အရည် အများဆုံးထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်သည်။

အေးကျော်
Ref: AFP
#MeKongNews
#ပင်လယ်ကွေ့
#စွမ်းအင်လုပ်ငန်း
#တိုက်ခိုက်မှု
#အိန္ဒိယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now