မဲခေါင်၊ မတ် ၁၉
ယမန်နှစ် စက်တင်ဘာ ၅ ရက်တွင် ဝန်ကြီးချုပ် ပေထောင်တန်ကို ရာထူးမှ ဖယ်ရှားပြီးနောက် ထိုင်းယာယီဝန်ကြီးချုပ်ဖြစ်ခဲ့သော အနုတင်ချန်ဗီယာကူးကို မတ် ၁၉ ရက် အောက်လွှတ်တော် မဲပေးဆုံးဖြတ်မှု ပြုလုပ်အပြီး နောက်တစ်ကြိမ် ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
ကွန်ဆာဗေးတစ်ပါတီ ဘွမ်ဂျိုင်းထိုင်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိသွားခဲ့ကာ လွှတ်တော်အမတ် ၅၀၀ တွင် ၂၄၉ မဲရပါက ဝန်ကြီးချုပ် ဖြစ်နိုင်မည်ဖြစ်ရာ ယခုမဲခွဲမှုတွင် ပိုလျှံသော မဲအရေအတွက်အဖြစ် ၂၉၃ မဲအထိ ရရှိပြီး ဝန်ကြီးချုပ် တာဝန် ဆက်လက် ထမ်းဆောင်ခွင့် ရသွားခြင်း ဖြစ်သည်။
ထိုသို့ လိုအပ်သည့် မဲအများဆုံး ရရှိသွားခြင်းမှာ ထိုင်းနိုင်ငံရေးလောကတွင် ဩဇာကြီးမားသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဖွေထိုင်းပါတီက အနုတင်အား ထောက်ပံ့ပူးပေါင်းရန် ဆုံးဖြတ်ကာ လွှတ်တော်အမတ်များက ထောက်ခံမဲပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် အနုတင်သည် ယာယီ ဝန်ကြီးချုပ်ရာထူး လက်ခံရယူစဉ် ကမ္ဘောဒီးယားနှင့် နယ်စပ်စစ်ပွဲ၊ ကျားဖြန့်နှင့်မူးယစ်ဆေးမှောင်ခိုကိစ္စများ အားလုံးကို တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သောကြောင့် ပြည်သူ့ထောက်ခံမှုအများအပြားလည်း ရရှိပြီး ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုတွင် အနီးဆုံးပြိုင်ဘက်သည် ၁၁၉ မဲသာရရှိသဖြင့် ထိုင်းနိုင်ငံ၏ ၃၂ ဆက်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: yenisafak
#MeKongNews
#လွှတ်တော်
#မဲခွဲမှု
#အနုတင်
#အနိုင်ရ








