နေ့စဥ်သတင်း

တောင်ကြီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးကို အသစ်လဲလှယ်ခန့်အပ်မည်

မဲခေါင် 18 Mar - 2026
မဲခေါင်၊ မတ် ၁၈ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးကို စစ်ကောင်စီက အသစ်လဲလှယ်ခန့်အပ်မည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၂၀၂၄ ခုနှစ်အတွင်းက ခန့်အပ်ခံထားရသူများဖြစ်ပြီး နောက်တက်အစိုးရလက်ထက် စတင်သည်နှင့်တစ်ပြိုင်နက် အသစ်များ ပြောင်းလဲခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထွေအုပ်အသိုင်းအဝိုင်းက ပြောသည်။ “အခုရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေ အကုန်ဖြုတ်ခံရမှာပါ။ သူတို့အများစုက နာမည်ပျက်နေကြတာ။ အထူးသဖြင့် စစ်မှုထမ်းကိစ္စတွေမှာ ငွေကြေးကောက်ခံတာတွေကြောင့် နာမည်ဆိုးထွက်နေတာ” ဟု သတင်းရင်းမြစ်က ဆိုသည်။ တောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိသည့်အနက် ရတနာသီရိရပ်ကွက်မှ ဦးသားအို၊ စိန်ပန်းရပ်ကွက်မှ ဦးသောင်းရွှေနှင့် ရွှေတောင်ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင်ဟု လူသိများသူ ဦးသန်းရွှေတို့မှာ နာမည်အဆိုးဆုံးဖြစ်ကြောင်း ဒေသခံများက

မဲခေါင်၊ မတ် ၁၈

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးကို စစ်ကောင်စီက အသစ်လဲလှယ်ခန့်အပ်မည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၂၀၂၄ ခုနှစ်အတွင်းက ခန့်အပ်ခံထားရသူများဖြစ်ပြီး နောက်တက်အစိုးရလက်ထက် စတင်သည်နှင့်တစ်ပြိုင်နက် အသစ်များ ပြောင်းလဲခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထွေအုပ်အသိုင်းအဝိုင်းက ပြောသည်။

“အခုရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေ အကုန်ဖြုတ်ခံရမှာပါ။ သူတို့အများစုက နာမည်ပျက်နေကြတာ။ အထူးသဖြင့် စစ်မှုထမ်းကိစ္စတွေမှာ ငွေကြေးကောက်ခံတာတွေကြောင့် နာမည်ဆိုးထွက်နေတာ” ဟု သတင်းရင်းမြစ်က ဆိုသည်။

တောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိသည့်အနက် ရတနာသီရိရပ်ကွက်မှ ဦးသားအို၊ စိန်ပန်းရပ်ကွက်မှ ဦးသောင်းရွှေနှင့် ရွှေတောင်ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင်ဟု လူသိများသူ ဦးသန်းရွှေတို့မှာ နာမည်အဆိုးဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“နောက်တက်မယ့် လူလည်း အတူတူပဲ ဖြစ်မှာပါ။ စစ်တပ်ကပဲ ယူနီဖောင်းဝတ်တာနဲ့ ချွတ်တာပဲ ကွာခြားမှာ။ ဦးသောင်းရွှေနဲ့ ဦးသန်းရွှေတို့ဆိုရင် ငွေညှစ်တာ၊ လက်နက်ရောင်းတာ၊ မူးယစ်ဆေးဝါး ရောင်းခိုင်းတာတွေအထိ လုပ်နေတာတောင် အခုထိ မပြုတ်ခဲ့ဘူး။ လူသစ်တွေ တက်လာရင်လည်း ‘နောက်ဘုန်းကြီး နှစ်ချက်ခေါက်’ ဆိုသလို ပိုဆိုးလာမှာပဲ စိုးရိမ်ရတယ်” ဟု စိန်ပန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

မြို့နယ်ထွေအုပ်ရုံးဘက်မှလည်း လက်ရှိအုပ်ချုပ်ရေးမှူးများကို လုပ်လက်စအလုပ်များ ဖြတ်ထားကြရန် ကြိုတင်ပြောကြားထားကြောင်း သိရသည်။

မြို့ခံများအနေဖြင့်မူ လက်ရှိထက် အခြေအနေများ ပိုမိုကောင်းမွန်လာရန် မျှော်လင့်နေကြကြောင်းလည်း စုံစမ်းသိရှိရသည်။

#MeKongNews
#တောင်ကြီး
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#စိန်ပန်းရပ်ကွက်
#ရွှေတောင်ရပ်ကွက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now