ကမ္ဘာ့သတင်း

အီရန် ခါ့ဂ်ကျွန်းကို အပျော်သဘော ထပ်တိုက်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်ပြန်

မဲခေါင် 16 Mar - 2026
မဲခေါင်၊ မတ် ၁၆ အီရန်နိုင်ငံ၏ ရေနံ နိုင်ငံခြားတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို ကိုင်တွယ်နေသော ခါ့ဂ်ကျွန်းကို ထပ်မံ တိုက်ခိုက်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုလိုက်ချိန်မှာပင် ၎င်းတို့၏ လက်တုံ့ပြန်မှုများကို တိုးမြှင့်သွားမည်ဟု အီရန်ကလည်း ကြုံးဝါးခဲ့သဖြင့် သီတင်း ၃ ပတ်ကြာမြင့်လာသော စစ်ပွဲ အရှိန်ကျသွားမည့် လက္ခဏာ မတွေ့ရသေးပေ။ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ခါ့ဂ်ကျွန်းမှ နေရာအများစု လုံးဝ ပျက်စီးသွားခဲ့ပြီဟု ထရမ့်က ပြောကြားပြီး တိုက်ခိုက်မှုများ ထပ်မံ လုပ်‌ဆောင်နိုင်ကြောင်း ဆက်ပြောသည်။ “အပျော်သဘောနဲ့ အဲဒီကျွန်းကို ကျနော်တို့ ထပ်ပြီး တိုက်ခိုက်သွားနိုင်ပါတယ်” ဟု ထရမ့်က NBC ရုပ်သံအား ပြောကြားသည်။

မဲခေါင်၊ မတ် ၁၆

အီရန်နိုင်ငံ၏ ရေနံ နိုင်ငံခြားတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို ကိုင်တွယ်နေသော ခါ့ဂ်ကျွန်းကို ထပ်မံ တိုက်ခိုက်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုလိုက်ချိန်မှာပင် ၎င်းတို့၏ လက်တုံ့ပြန်မှုများကို တိုးမြှင့်သွားမည်ဟု အီရန်ကလည်း ကြုံးဝါးခဲ့သဖြင့် သီတင်း ၃ ပတ်ကြာမြင့်လာသော စစ်ပွဲ အရှိန်ကျသွားမည့် လက္ခဏာ မတွေ့ရသေးပေ။

အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ခါ့ဂ်ကျွန်းမှ နေရာအများစု လုံးဝ ပျက်စီးသွားခဲ့ပြီဟု ထရမ့်က ပြောကြားပြီး တိုက်ခိုက်မှုများ ထပ်မံ လုပ်‌ဆောင်နိုင်ကြောင်း ဆက်ပြောသည်။

“အပျော်သဘောနဲ့ အဲဒီကျွန်းကို ကျနော်တို့ ထပ်ပြီး တိုက်ခိုက်သွားနိုင်ပါတယ်” ဟု ထရမ့်က NBC ရုပ်သံအား ပြောကြားသည်။

ရေတပ်၏ မိုင်း သိုလှောင်စခန်းများ၊ ဒုံးကျည်သိုလှောင် ဘန်ကာများနှင့် အခြားစစ်စခန်းများ အပါအဝင် ခါ့ဂ်ကျွန်းပေါ်မှ ပစ်မှတ်ပေါင်း ၉၀ ကျော်ကို ပစ်ခတ်ချေမှုန်းခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဦးစီးချုပ်ရုံးက ပြောကြားသည်။

အီရန်ကမူ ခါ့ဂ်ကျွန်းပေါ်မှ ပျက်စီးမှုအတိုင်းအတာကို လျှော့ချပြောဆိုခဲ့သည်။

အီရန်၏ ပင်လယ်ကွေ့ကမ်းရိုးတန်းမှာ ၂၄ ကီလိုမီတာကွာဝေးသော ကျွန်းပေါ်မှ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ကြောင်း နှင့် ရေနံလုပ်ငန်းကို မထိခဲ့ကြောင်း အမေရိကန်ကလည်း ပြောကြားသည်။

ဟောမုဇ်ရေလက်ကြားကို အီရန်က ဆက်လက်ပိတ်ဆို့ထားခဲ့ပါက ခါ့ဂ်ကျွန်းပေါ်မှ ရေနံလုပ်ငန်းနေရာ ဌာနများကို ပစ်မှတ်ထားသွားနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ခြိမ်းခြောက်ခဲ့သေးသည်။

ယင်းနှင့်ပတ်သက်၍ စွမ်းအင်လုပ်ငန်း နေရာများအပေါ် တိုက်ခိုက်မှုမှန်သမျှကို အီရန်က လက်တုံ့ပြန်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက သန္နိဌာန်ပြုခဲ့ပြီး ယူအေအီးနိုင်ငံဆီသို့ ပဲ့ထိန်းဒုံးကျည် ၉ စင်းနှင့် ဒရုန်း ၃၃ စင်း ပစ်လွှတ်ခဲ့ကြောင်း အီရန်စစ်ဘက်က ယမန်နေ့တွင် ကြေညာခဲ့သည်။

ယင်းနှင့်အတူ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ ဂျယ်ဘယ်အလီ ဆိပ်ကမ်း၊ အဘူဒါဘီဒေသ ခါလီဖာဆိပ်ကမ်း နှင့် ဖူဂျိုင်ရားရေနံလုပ်ငန်း ဆိပ်ကမ်းအနီး နေထိုင်သူ‌များ တိမ်းရှောင်နေကြရန် အီရန်က သတိပေး ပြောကြားပြီး ပင်လယ်ကွေ့မှ အမေရိကန် ဘဏ်များကို ပစ်မှတ်ထားသွားမည်ဟုလည်း ပြောကြားသည်။

ဖူဂျိုင်ရားရေနံလုပ်ငန်း ဆိပ်ကမ်းသည် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း တစ်သန်းခန့် တင်ပို့နေသော ဆိပ်ကမ်းဖြစ်ပြီး ယင်းမှာ ကမ္ဘာ့နေ့စဉ်လိုအပ်ချက်၏ တစ်ရာခိုင်နှုန်းရှိသည်။

အီရန်ခါ့ဂ်ကျွန်းအပေါ် တိုက်ခိုက်မှုများအား ယူအေအီးနိုင်ငံမှ စတင်ခဲ့သည်ဆိုခြင်းကို ယူအေအီးက ငြင်းဆိုထားသည်။

အေးကျော်
Ref: Reuters
#MeKongNews
#အီရန်
#ခါ့ဂ်ကျွန်း
#ထရမ့်
#ခြိမ်းခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now