နေ့စဥ်သတင်း

တာချီလိတ်လေဆိပ် မန်နေဂျာ ဦးမြသန်းဝင်း၊ ဒုမန်နေဂျာ ဦးကျော်ဇောဝင်းနှင့် လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးအောင်ဆန်းဦးတို့ ပေါင်းပြီး VIP ခန်းကို ကိုယ်ကျိုးအသုံးချခြင်း၊ အရက်များ ဖာလိုက်ပို့ဆောင်ခြင်းများ လုပ်ဆောင်နေ

မဲခေါင် 12 Mar - 2026
မဲခေါင်၊ မတ် ၁၁ တာချီလိတ်လေဆိပ် မန်နေဂျာ ဦးမြသန်းဝင်း၊ ဒုမန်နေဂျာ ဦးကျော်ဇောဝင်းနှင့် လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးအောင်ဆန်းဦးတို့မှာ တာချီလိတ်လေဆိပ်ရှိ VIP ခန်းကို အသုံးပြုကာ အထောက်အထားမဲ့ နိုင်ငံခြားသားများကို တင်ဆောင်ပေးခြင်း၊ အခွန်မဆောင်ထားသည့် နိုင်ငံခြားအရက်များ ဖာလိုက်ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း တာချီလိတ်လေဆိပ်နှင့် နီးစပ်သူများထံမှ သိရသည်။ အရက်ဖာများ ပို့ဆောင်ခြင်းကို လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးအောင်ဆန်းဦးက အဓိက လုပ်ဆောင်ပြီး ကျန်ကုန်များနှင့် VIP ခန်း အသုံးပြုခြင်းများကို လေဆိပ်မန်နေဂျာ ဦးမြသန်းဝန်းနှင့် ဒုမန်နေဂျာ ဦးကျော်ဇောဝင်းတို့က အဓိက လုပ်ဆောင်ကြောင်း လေဆိပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အရက်က တစ်နေ့ကို ၁၀ ဖာဝန်းကျင်ရှိတယ်။ နိုင်ငံခြားအရက်တွေပဲ။ X-ray မှာ ပုလင်းပြား

မဲခေါင်၊ မတ် ၁၁

တာချီလိတ်လေဆိပ် မန်နေဂျာ ဦးမြသန်းဝင်း၊ ဒုမန်နေဂျာ ဦးကျော်ဇောဝင်းနှင့် လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးအောင်ဆန်းဦးတို့မှာ တာချီလိတ်လေဆိပ်ရှိ VIP ခန်းကို အသုံးပြုကာ အထောက်အထားမဲ့ နိုင်ငံခြားသားများကို တင်ဆောင်ပေးခြင်း၊ အခွန်မဆောင်ထားသည့် နိုင်ငံခြားအရက်များ ဖာလိုက်ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း တာချီလိတ်လေဆိပ်နှင့် နီးစပ်သူများထံမှ သိရသည်။

အရက်ဖာများ ပို့ဆောင်ခြင်းကို လေကြောင်းရဲတပ်ဖွဲ့ ရဲမှူးအောင်ဆန်းဦးက အဓိက လုပ်ဆောင်ပြီး ကျန်ကုန်များနှင့် VIP ခန်း အသုံးပြုခြင်းများကို လေဆိပ်မန်နေဂျာ ဦးမြသန်းဝန်းနှင့် ဒုမန်နေဂျာ ဦးကျော်ဇောဝင်းတို့က အဓိက လုပ်ဆောင်ကြောင်း လေဆိပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အရက်က တစ်နေ့ကို ၁၀ ဖာဝန်းကျင်ရှိတယ်။ နိုင်ငံခြားအရက်တွေပဲ။ X-ray မှာ ပုလင်းပြား ပုံစံတွေ တွေ့ရတယ်။ အခုမန်နေဂျာက ငွေအတော်ရှာတယ်။ တရုတ်တစ်ယောက်ကို ဘယ်သူကို ဘယ်လောက်ပေးရတယ်ဆိုတာ အတိအကျရှိတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားအရက်ဖာများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များသို့ အခြားကုန်စည်များနှင့် ရောနှော၍ ပို့ဆောင်လျက်ရှိပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် မြေပြင်ကုန်သွယ်ရေးလမ်းကြောင်း၌ အစစ်အဆေးနှင့် အဖမ်းအဆီးများ များပြားလာသည့်အတွက် တရားမဝင်ကုန်စည်အချို့ကို တန်ဆာခပေးဆောင်ကာ လေဆိပ်မှ မှောင်ခိုပို့ဆောင်နေကြခြင်း ဖြစ်သည်။

ပြည်တွင်းသို့ နိုင်ငံခြားအရက်ဖာများကို မှောင်ခိုပို့ဆောင်သည့်အပြင် Happy Water အထုပ်များကိုလည်း ပို့ဆောင်မှုများရှိကြောင်း လေဆိပ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က တာချီလိတ်လေဆိပ်၌ တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးသည် Happy Water ပို့ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံနေရကြောင်း သိရှိရသည်။

#MeKongNews
#တာချီလိတ်လေဆိပ်
#မန်နေဂျာ
#VIP
#တရားမဝင်နိုင်ငံခြားသား
#ဦးမြသန်းဝင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now