မဲခေါင်၊ မတ် ၁၁
မတ် ၁၁ ရက်က အီရန်ထိန်းချုပ် ဟောမုဇ်ရေလက်ကြားတွင် ထိုင်းအလံတင်သင်္ဘော ဖောက်ခွဲတိုက် ခိုက်ခံရပြီး သင်္ဘောသား ၃ ယောက် ပျောက်ဆုံးနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေများတင်ပို့မှု၏ ၅ ပုံ ၁ ပုံ မဖြစ်မနေဖြတ်သန်းရသော ဟောမုဇ်ရေလက် ကြားကို အီရန်ဘက်က မည်သည့် သင်္ဘောမှ မဖြတ်ရန် ပိတ်ပင်ကြောင်းနှင့် ဖြတ်သန်းပါက မီးလောင် တိုက်သွင်းမည်ဟု ယခုတစ်ပတ်အစောပိုင်းကတည်းက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး သင်္ဘောငယ်များ ဖြင့် ထိုရေလက်ကြားတွင် ရေမြုပ်မိုင်းများ ခင်းနေသည်ဟု သိရသည်။
အမေရိကန်ဘက်က မတ် ၁၀ ရက်တွင် ထိုရေလက်ကြားအတွင်း မိုင်းခင်းသည်ဟု ယူဆသော အီရန် သင်္ဘောငယ် ၁၀ စီးကို ဖောက်ခွဲတိုက်ခိုက်လိုက်ပြီးနောက် ယနေ့တွင် ဘန်ကောက်မှ ထိုင်းအလံတင် MAYUREE NAREE သင်္ဘော ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။
ယင်းကုန်တင်သင်္ဘောပေါ်တွင် သင်္ဘောသား ၂၃ ယောက်လိုက်ပါပြီး ၃ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
သင်္ဘောများသွားလာမှု အချက်ပြ MarineTraffic မှ မှတ်တမ်းအရ ယင်းသင်္ဘောသည် ဒူဘိုင်း၊ ယူအေအီးမှတစ်ဆင့် အိန္ဒိယသို့ ဦးတည်နေသော သင်္ဘောဖြစ်သည်ဟု သိရှိရသည်။
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ဟောမုဇ်ရေလက်ကြား
#အီရန်
#သင်္ဘောသား








