နေ့စဥ်သတင်း

အီရန်အောင်ပွဲ အားမရသေးသဖြင့် B-52 ဗုံးကြဲလေယာဉ်များ ထရမ့်အသင့်ပြင်ဆင်နေပြန်

မဲခေါင် 10 Mar - 2026
မဲခေါင်၊​ မတ် ၁၀ အီရန်ကို ၁၁ ရက်မြောက် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်အပြီး တီဟီရန်မြို့လည်း မီးဟုန်းဟုန်း တောက်လောင်ပျက်စီးနေချိန် စစ်ပွဲအနိုင်ရကာ အဆုံးသတ်ပြီလားဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား မီဒီယာများက မေးမြန်းရာတွင် လုံလောက်သော စစ်အောင်ပွဲ မရသေးကြောင်း၊ ယခုတစ်ပတ်အစောပိုင်းတွင် စစ်ပြီးနိုင်ဦးမည်မဟုတ်သော်လည်း မကြာမီ အမြန်ဆုံး စစ်ပြီးဆုံးမည်ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အရပ်ဂ်ချီက ထရမ့်သည် အီရန်အား ၃ ရက်နှင့် အပြတ်တိုက်ကာ အစိုးရ လဲလှယ်ရန်ချမှတ်ခဲ့သော Plan -A ကြီး မအောင်မြင်ကြောင်း၊ မိမိတို့ဘက်မှ တန်ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အင်အားရှိနေသေးသည်ဟု ထုတ်ပြန်ခဲ့ရာ ဒေါ်နယ်ထရမ့်က ဟောမုဇ် ရေလက်ကြားမှ ရေနံတင်သင်္ဘောများဖြတ်ခွင့်ပိတ်ထားဦးမည်ဆိုပါက အီရန်ကို အဆ

မဲခေါင်၊​ မတ် ၁၀

အီရန်ကို ၁၁ ရက်မြောက် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်အပြီး တီဟီရန်မြို့လည်း မီးဟုန်းဟုန်း တောက်လောင်ပျက်စီးနေချိန် စစ်ပွဲအနိုင်ရကာ အဆုံးသတ်ပြီလားဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား မီဒီယာများက မေးမြန်းရာတွင် လုံလောက်သော စစ်အောင်ပွဲ မရသေးကြောင်း၊ ယခုတစ်ပတ်အစောပိုင်းတွင် စစ်ပြီးနိုင်ဦးမည်မဟုတ်သော်လည်း မကြာမီ အမြန်ဆုံး စစ်ပြီးဆုံးမည်ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အရပ်ဂ်ချီက ထရမ့်သည် အီရန်အား ၃ ရက်နှင့် အပြတ်တိုက်ကာ အစိုးရ လဲလှယ်ရန်ချမှတ်ခဲ့သော Plan -A ကြီး မအောင်မြင်ကြောင်း၊ မိမိတို့ဘက်မှ တန်ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အင်အားရှိနေသေးသည်ဟု ထုတ်ပြန်ခဲ့ရာ ဒေါ်နယ်ထရမ့်က ဟောမုဇ် ရေလက်ကြားမှ ရေနံတင်သင်္ဘောများဖြတ်ခွင့်ပိတ်ထားဦးမည်ဆိုပါက အီရန်ကို အဆ ၂၀ မက ပြင်းထန်သည့် တိုက်ခိုက်မှုအသစ်ကြီး လာမည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်သတိပေးခဲ့ပြန်သည်။

လက်ရှိတွင် အီရန်၌ လေတပ်မရှိ၊ ရေတပ်စစ်သင်္ဘော ၅၁ စီးလုံး ဖျက်ဆီးလိုက်နိုင်ပြီဖြစ်သောကြောင့် မည်သည့် အင်အားမျှ မရှိတော့ဘဲ သိပ်မကြာမီ စစ်ပွဲပြီးပြတ်ကာ ကမ္ဘာကြီးဘေးကင်းတော့မည်ဟု ပြောသွားခဲ့သည်။

ထရမ့်ပြောစကားအတိုင်ပင် ဗြိတိန်ဝန်ကြီးချုပ် စတာမာသည် အီရန်အား တိုက်ခိုက်ရေးအတွက် ပါဝင် အားဖြည့်ကူညီမည်ဟု ကတိပြန်ပြုကာ ယူကေရှိ လေဆိပ်များကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် အမေရိကန်၏ လက်နက်တန်ချိန် ၃၁ တန်အထိ တင်ဆောင် ပစ်ခတ်နိုင်သော B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး ၃ စီး ဗြိတိန်ရှိ ဂလူဆက်စတာရှိုင်းယားရှိ ဗြိတိန်တော်ဝင်လေတပ် ဖဲဖို့ဒ်လေယာဉ်ကွင်းသို့ မတ် ၁၀ ရက်တွင် ဆိုက်ရောက်လာကာ ပြင်ဆင်မှုများလုပ်ဆောင်နေသည်ကို မြင်တွေ့ရသည်။

ရှေ့ရက်များကတည်းက B-1 Lancer ဗုံးကြဲလေယာဉ်များ ဖဲဖို့ဒ်လေယာဉ်ကွင်းသို့ ရောက်ရှိနေကာ ပြင်ဆင်နေသဖြင့် ထပ်ရောက်ရှိလာနေသည့် B-52 လေယာဉ်များနှင့်ပေါင်းလျှင် စုစုပေါင်း ဗုံးကျဲ လေယာဉ်ကြီး ၈ စီးရှိမည်ဖြစ်သည်။

B-52 ဗုံးကြဲလေယာဉ်တစ်စီးတန်ကြေးသည် ပေါင် ၂ ဘီလီယံ ရှိကာ မိုင် ၁၅၀၀ အကွာအဝေးအထိ ဒုံးကျည်ဖြင့် လေယာဉ်ပေါ်မှ ပစ်ခတ်နိုင်သလို မိုင်းများ၊ ဗုံးများလည်း အများအပြားကြဲချနိုင်မည်ဖြစ်သည်။

ထိုလေယာဉ်ပေါ်တွင် နျူကလီးယားလက်နက်ထိပ်ဖူး များ တင်ဆောင်ပစ်ခတ်စွမ်းလည်း ရှိသဖြင့် ထရမ့်ပြောသလို အီရန်အား နောက်ဆုံးသော အကြီးမားဆုံး တိုက်ခိုက်အဆုံးသတ်မှုသည် ရက်ပိုင်းအတွင်း ဖြစ်လာနိုင်မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#အီရန်
#အစ္စရေး
#တီဟီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now