နေ့စဥ်သတင်း

စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းစစ်ကြောင်း နီးကပ်လာသဖြင့် မိုးဗြဲအနီး ကျေးရွာဒေသခံများ ထပ်မံ တိမ်း​ရှောင်ရ

မဲခေါင် 10 Mar - 2026
မဲခေါင်၊ မတ် ၁ဝ ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO ပူးပေါင်းစစ် ကြောင်းက လွယ်ယင်းတောင် ခြေဒေသရှိ လီဝိုးကျေးရွာများဘက်သို့ နီးကပ်လာနေခြင်းကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်အချို့ ထပ်မံပြောင်းရွှေ့တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသတွင်း ကျေးရွာများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများကို ဦးစားပေးပြောင်းရွှေ့ရန်နှင့် စားသောက်ရေးအတွက် စပါးနှင့် အရေးကြီးပစ္စည်းများကို ကြိုတင်သယ်ယူထားရန် ကျေးရွာတာဝန်ရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားကြောင်း သိရသည်။ “ရွာဘက်ကို စစ်ကြောင်းတွေ နီးလာတာကြောင့် လူတွေ ကြိုတင် ပြောင်းရွှေ့နေကြပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အရင်ထုတ်ပေးဖို့ ပြောထားပြီး စားဖို့သုံးဖို့ ပစ္စည်းတွေကိုလည်း သယ်ထားကြပါတယ်” ဟု

မဲခေါင်၊ မတ် ၁ဝ

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO ပူးပေါင်းစစ် ကြောင်းက လွယ်ယင်းတောင် ခြေဒေသရှိ လီဝိုးကျေးရွာများဘက်သို့ နီးကပ်လာနေခြင်းကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်အချို့ ထပ်မံပြောင်းရွှေ့တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသတွင်း ကျေးရွာများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများကို ဦးစားပေးပြောင်းရွှေ့ရန်နှင့် စားသောက်ရေးအတွက် စပါးနှင့် အရေးကြီးပစ္စည်းများကို ကြိုတင်သယ်ယူထားရန် ကျေးရွာတာဝန်ရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားကြောင်း သိရသည်။

“ရွာဘက်ကို စစ်ကြောင်းတွေ နီးလာတာကြောင့် လူတွေ ကြိုတင် ပြောင်းရွှေ့နေကြပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အရင်ထုတ်ပေးဖို့ ပြောထားပြီး စားဖို့သုံးဖို့ ပစ္စည်းတွေကိုလည်း သယ်ထားကြပါတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးဗြဲဒေသရှိ ဆောင်ပလန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်ဘနက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ရှမ်း – ကရင်နီနယ်စပ်ဒေသတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အရေးပေါ် တိမ်းရှောင်ရာတွင်လည်း ဒေသခံများ အခက်အခဲများ ကြုံတွေ့နေရသည်။

“အခုအခြေအနေက ထွက်ပြေးရတာလည်း လွယ်ကူမနေဘူး။ ဆီဈေးတွေတက်ပြီး ဝယ်ရတာခက်တော့ သွားလာဖို့တောင် အခက် အခဲတွေ များနေပါတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်ရှိ မိုးဗြဲဒေသတွင် ဓာတ်ဆီတစ်လီတာကို ကျပ်တစ်သိန်းမှ ၁၅၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေရပြီး မိုးဗြဲမှ ဒီးမော့ဆိုအ နောက်ခြမ်းသို့ ကားငှားရမ်းသွားလာရာတွင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ကုန်ကျနေသ ဖြင့် ငွေကြေးအခက်အခဲရှိသည့် ဒေသခံများအတွက် တိမ်းရှောင်ရေး ပိုမိုခက်ခဲနေကြောင်း သိရသည်။

လက်ရှိ အရေးပေါ် ပြောင်းရွှေ့နေကြသည့် လွယ်ယင်းတောင်ခြေနှင့် လီဝိုးကျေးရွာများတွင် အိမ် ခြေ ၆၀၀ ကျော်နှင့် လူဦးရေ တစ်ထောင်ဝန်းကျင် နေထိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုထားသည်။

#MeKongNews
#စစ်ကောင်စီတပ်
#PNO
#မိုးဗြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now