နေ့စဥ်သတင်း

မူဆယ်တွင် စူပါမားကက်ပိုင်ရှင်ကို ပြန်ပေးဆွဲသူ ၃ ဦး ဖမ်းမိ

မဲခေါင် 9 Mar - 2026
မဲခေါင်၊ မတ် ၉ မူဆယ်မြို့တွင် ယမန်နေ့က ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို ပြန်ပေးဆွဲသွားသည့် လက်နက်ကိုင်များကို ယနေ့နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၉ ရက်၊ နေ့လယ်ပိုင်းတွင် မူဆယ်မြို့၊ ဆွမ်စော်ရပ်ကွက်၌ ခိုအောင်းနေသည့် ပြန်ပေးသမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံထားရသည့် ဆိုင်ရှင်အမျိုးသမီးကိုလည်း ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဖမ်းမိတဲ့သူတွေက ငတ်ပြတ်နေတဲ့ တရုတ်ကျားဖြန့်သမားတွေလို့ သိရတယ်။ အခုတော့ စစ်ဆေးနေတုန်းပဲမို့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ ဖမ်းဆီးရမိစဉ်အတွင်း ၎င်းတို့အသုံးပြုခဲ့သည့် လက်နက်များနှင့် ကားများအပြင်၊ အနက်ရောင်ကားတစ်စီးကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ မဲခေါင်သတင်းဌာနက

မဲခေါင်၊ မတ် ၉

မူဆယ်မြို့တွင် ယမန်နေ့က ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို ပြန်ပေးဆွဲသွားသည့် လက်နက်ကိုင်များကို ယနေ့နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၉ ရက်၊ နေ့လယ်ပိုင်းတွင် မူဆယ်မြို့၊ ဆွမ်စော်ရပ်ကွက်၌ ခိုအောင်းနေသည့် ပြန်ပေးသမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံထားရသည့် ဆိုင်ရှင်အမျိုးသမီးကိုလည်း ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းမိတဲ့သူတွေက ငတ်ပြတ်နေတဲ့ တရုတ်ကျားဖြန့်သမားတွေလို့ သိရတယ်။ အခုတော့ စစ်ဆေးနေတုန်းပဲမို့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဖမ်းဆီးရမိစဉ်အတွင်း ၎င်းတို့အသုံးပြုခဲ့သည့် လက်နက်များနှင့် ကားများအပြင်၊ အနက်ရောင်ကားတစ်စီးကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မဲခေါင်သတင်းဌာနက ရရှိထားသည့် ရုပ်သံမှတ်တမ်းတွင် ပြန်ပေးဆွဲခံရသူမှာ ခုတင်တွင် လက်ထိပ်ခတ်ခံထားရသည်ကို တွေ့ရပြီး ကယ်တင်သူများက ၎င်းအား “အားမေ” ဟု ခေါ်ဝေါ်ကာ စိတ်အေးအေးထားရန် ပြောကြားနေသည်ကို တွေ့ရသည်။

ယင်းပြန်ပေးဆွဲမှုသည် ယမန်နေ့ မတ်လ ၈ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် မူဆယ်မြို့၊ မင်္ဂလာမူဆယ်ရပ်ကွက်ရှိ “Wangcai” စူပါမားကက်ပိုင်ရှင်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ် လက်နက်ကိုင် ၃ ဦးက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်ကလည်း ရန်ကုန်မှ အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦး ကျားဖြန့်ဂိုဏ်း၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး ကျပ်သိန်း ၃,၀၀၀ ကျော်ဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကာ ယင်းအမှုမှ ကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့အများအပြား ရှိနေသကဲ့သို့ ကျားဖြန့်ရုံများ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကြောင့် နေ့စဉ်နှင့်အမျှ ရာဇဝတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

#MeKongNews
#မူဆယ်မြို့
#ပြန်ပေးဆွဲမှု
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#မင်္ဂလာရပ်ကွက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now