နေ့စဥ်သတင်း

ဆီဆိုင်မြို့တွင် စစ်ယူနီဖောင်းဝတ်သူက နေအိမ် ဓားပြတိုက်

မဲခေါင် 9 Mar - 2026
မဲခေါင်၊ မတ် ၉ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် စံပြကျေးရွာရှိ နေအိမ်တစ်အိမ်ကို စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးက ဓားပြတိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဆိုက်ခေါင်စံပြကျေးရွာ၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ညနေ ၆ နာရီခန့်တွင် စစ်ယူနီဖောင်းဝတ်တစ်ဦးက ဓားပြတိုက်ခဲ့ခြင်းဖြစ်ကာ ရွှေဆွဲကြိုးနှင့် ငွေသားအချို့ ပါသွားခဲ့ကြောင်းသိရသည်။ “အိမ်မှာ မိန်းမနဲ့ကလေးပဲ ရှိနေတဲ့အချိန် စစ်ယူနီဖောင်းဝတ်ထားတဲ့ သူတစ်ဦးက ဝင်လာပြီး ဓားပြတိုက်သွားတာဗျ။ ရွှေဆွဲကြိုး ပါသွားတယ်၊ ကလေးတွေကို ဘာမှ မလုပ်သွားတာပဲ ကံကောင်းတယ်။ ခေတ်က ပျက်နေတော့ လူတွေက အလွယ်လမ်း လိုက်နေကြတာ၊ မူးယစ်ဆေးဝါး လောင်းကစားလည်း ပေါလာတော့ အိမ်ထဲမှာတောင် မလုံခြုံတော့ဘူး” ဟု ဆိုက်ခေါင်ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသည့်

မဲခေါင်၊ မတ် ၉

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် စံပြကျေးရွာရှိ နေအိမ်တစ်အိမ်ကို စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးက ဓားပြတိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဆိုက်ခေါင်စံပြကျေးရွာ၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ညနေ ၆ နာရီခန့်တွင် စစ်ယူနီဖောင်းဝတ်တစ်ဦးက ဓားပြတိုက်ခဲ့ခြင်းဖြစ်ကာ ရွှေဆွဲကြိုးနှင့် ငွေသားအချို့ ပါသွားခဲ့ကြောင်းသိရသည်။

“အိမ်မှာ မိန်းမနဲ့ကလေးပဲ ရှိနေတဲ့အချိန် စစ်ယူနီဖောင်းဝတ်ထားတဲ့ သူတစ်ဦးက ဝင်လာပြီး ဓားပြတိုက်သွားတာဗျ။ ရွှေဆွဲကြိုး ပါသွားတယ်၊ ကလေးတွေကို ဘာမှ မလုပ်သွားတာပဲ ကံကောင်းတယ်။ ခေတ်က ပျက်နေတော့ လူတွေက အလွယ်လမ်း လိုက်နေကြတာ၊ မူးယစ်ဆေးဝါး လောင်းကစားလည်း ပေါလာတော့ အိမ်ထဲမှာတောင် မလုံခြုံတော့ဘူး” ဟု ဆိုက်ခေါင်ဒေသခံတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသည့် နေအိမ်သည် ဆိုက်ခေါင်ကျေးရွာ၊ ဘုရားဖြူရပ်ကွက်နေ ကိုမလေးရှား ဆိုသူ၏ နေအိမ်ဖြစ်ပြီး တရားခံဓားပြကိုမူ ယနေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ခေတ်ကပျက် အွန်လိုင်းလောင်းကစား စလော့တွေက ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေတော့ ရပ်ရွာလုံခြုံရေးကို စနစ်တကျပြုပြင်နိုင်မှ ရမယ်ဗျ။ ခုက ခေတ်ပျက်ချိန် သေနတ်တစ်လက်၊ ဓားတစ်လက် လက်ထဲရှိတာနဲ့ အလွယ်လမ်းလိုက် ဓားပြတိုက်တာတွေ များလာတယ်လေ” ဟု ဆိုက်ခေါင် ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပူးတွဲအုပ်ချုပ်နေသည့် ဆိုက်ခေါင် စံပြကျေးရွာသည် PNO ပြည်သူ့စစ်၏ ဗဟိုအောင်ဆုဗွေတပ်စခန်းနှင့် ဗဟိုစစ်သင်တန်းကျောင်း တည်ရှိသည့်နေရာ ဖြစ်သည်။

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာသည် ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားပြီး ကမ္ဘောဇဘဏ်က ဘဏ်လုပ်ငန်းများပါ ဖွင့်လှစ်လည်ပတ်နေသည့် ရွာကြီးဖြစ်သည်။

#MeKongNews
#ဆီဆိုင်
#စစ်ယူနီဖောင်းဝတ်
#နေအိမ်
#ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now