ကမ္ဘာ့သတင်း

ခါမီနီ၏ မြေအောက်စစ်ရေးဗဟိုဘန်ကာကို အစ္စရေးဖိုက်တာဂျက်လေယာဉ် အစီး ၅၀ ဖြင့် တိုက်ခိုက် ဖျက်ဆီး

မဲခေါင် 7 Mar - 2026
မဲခေါင်၊ မတ် ၇ မတ် ၆ ရက်နေ့တွင် အစ္စရေးဖိုက်တာဂျက်လေယာဉ် အစီး ၅၀ ဖြင့် သေဆုံးခဲ့ပြီးဖြစ်သော အီရန် ခေါင်းဆောင် ခါမီနီ တည်ဆောက်ထားသည့် တီဟီရန်မြို့တော်အောက်မှ မြေအောက်စစ်ရေးဗဟို ဘန်ကာကြီးကို တိုက်ခိုက်ဖျက်ဆီးလိုက်ပြီဖြစ်သည်။ တီဟီရန်မြို့ လမ်းနေရာများစွာအား ထွက်ပေါက်များအဖြစ် ချိတ်ဆက်ကာ ကျယ်ဝန်းစွာ တည်ဆောက်ထားသော မြေအောက်ဘန်ကာကြီး၏ အသေးစိတ်တည်နေရာကို Graphic ပုံရိပ်များဖြင့် အစ္စရေးထောက်လှမ်းရေးမော့ဆက်အဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။ ခါမီနီကိုယ်တိုင်မှာမူ ထိုမြေအောက်ဘန်ကာကြီးအား အသုံးမချလိုက်နိုင်မီမှာပင် အီရန်သည့် လွန်ခဲ့သည့်တစ်ပတ်က စတင်တိုက်ခိုက်သည့် စက္ကန့် ၃၀ အတွင်း အခြားစစ်ခေါင်းဆောင် ၅၀ နီးပါးနှင့်အတူ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ သို့သော် ကျန်ရှိ အီရန် တော်လှန်ရေးအစောင့်တပ် အကြီးအကဲများသည် စစ်ရေးအမိန့်များကို

မဲခေါင်၊ မတ် ၇

မတ် ၆ ရက်နေ့တွင် အစ္စရေးဖိုက်တာဂျက်လေယာဉ် အစီး ၅၀ ဖြင့် သေဆုံးခဲ့ပြီးဖြစ်သော အီရန် ခေါင်းဆောင် ခါမီနီ တည်ဆောက်ထားသည့် တီဟီရန်မြို့တော်အောက်မှ မြေအောက်စစ်ရေးဗဟို ဘန်ကာကြီးကို တိုက်ခိုက်ဖျက်ဆီးလိုက်ပြီဖြစ်သည်။

တီဟီရန်မြို့ လမ်းနေရာများစွာအား ထွက်ပေါက်များအဖြစ် ချိတ်ဆက်ကာ ကျယ်ဝန်းစွာ တည်ဆောက်ထားသော မြေအောက်ဘန်ကာကြီး၏ အသေးစိတ်တည်နေရာကို Graphic ပုံရိပ်များဖြင့် အစ္စရေးထောက်လှမ်းရေးမော့ဆက်အဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။

ခါမီနီကိုယ်တိုင်မှာမူ ထိုမြေအောက်ဘန်ကာကြီးအား အသုံးမချလိုက်နိုင်မီမှာပင် အီရန်သည့် လွန်ခဲ့သည့်တစ်ပတ်က စတင်တိုက်ခိုက်သည့် စက္ကန့် ၃၀ အတွင်း အခြားစစ်ခေါင်းဆောင် ၅၀ နီးပါးနှင့်အတူ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ သို့သော် ကျန်ရှိ အီရန် တော်လှန်ရေးအစောင့်တပ် အကြီးအကဲများသည် စစ်ရေးအမိန့်များကို ယင်းမြေအောက်ဘန်ကာအား အသုံးပြုပြီး ဆက်လက်ညွှန်ကြားနေသဖြင့် အစဖျောက် ပစ်ခတ်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု အစ္စရေးထောက်လှမ်းရေးမော့ဆက်အဖွဲ့က ထုတ်ပြန်သွားခဲ့သည်။

လူမှုကွန်ရက် X ပေါ်တွင် မော့ဆက်က ထိုမြေအောက်ဘန်ကာသည် အီရန်စစ်တပ်၏ လုံခြုံရေး အရေးပေါ်ကွပ်ကဲမှုဌာနချုပ်လည်းဖြစ်ကာ အီရန်အကြမ်းဖက်တပ်သည် ထိုဘန်ကာမှတစ်ဆင့် တီဟီရန်မြို့ လမ်းများစွာနှင့် ချိတ်ဆက်ဖောက်လုပ်ထားသော ဝင်ပေါက်၊ ထွက်ပေါက်များကို အသုံးပြု တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ခါမီနီ ထိုဘန်ကာအား အသုံးမပြုနိုင်သေးမီမှာပင် အီရန်သို့ ပထမဆုံးတိုက်ခိုက်သည့် စက္ကန့် ၃၀ အတွင်း ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားသည်။

လက်ကျန်အီရန်စစ်ခေါင်းဆောင်များ လက်နက်ချအဖမ်းမခံပါက သေဆုံးခြင်းသာရှိမည်ဟု ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ(တ်)ဟက်ဂ်ဆက်တို့က သတိပေးချက် ထပ်မံ ထုတ်ပြန်ကာ အမေရိကန်ဗဟိုစစ်ရေးကွပ်ကဲမှုဌာနက မတ် ၆ ရက်မှာပင် အီရန်၏ ဒုတိယကမ္ဘာစစ် အတွင်းမှ လေယာဉ်တင်သင်္ဘောအရွယ်အစားရှိသော စစ်သင်္ဘောကြီးကို တိုက်ခိုက်ဖောက်ခွဲလိုက်သည့် နောက်ဆုံး တိုက်ခိုက်မှု ရုပ်သံကိုပါ ထုတ်ပြန်လိုက်သည်။

နောက်ရက်များတွင် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက်ဦးမည်ဟု သတိပေးချက် ထုတ်ပြန်သွားခဲ့သည်။

အီရန် ရေတပ်တစ်ခုလုံးမှ စစ်သင်္ဘောအစီး ၃၀ ကျော်ကို အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက်ဆုံး ဖျက်ဆီးလိုက်သည့် သင်္ဘောမှာ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလကမှ အီရန်တော်လှန်ရေးအစောင့်တပ်က စတင်ထုတ်ဖော်ပြသပြီး တပ်တော်ဝင်စေခဲ့သည့် Shahid Beheshti သင်္ဘောကြီးဖြစ်သည်။

အီရန်ကလည်း မတ် ၆ ရက်တွင် အစ္စရေးနိုင်ငံသို့ ကလပ်စတားထိပ်ဖူးများ ကြဲချသည့် ထိပ်ဖူးပါ ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ကာ တဲလ်အဗစ်မြို့ပေါ် ကလက်စတာဗုံးများ ကျရောက်ပေါက်ကွဲခဲ့သေးသည်။

အစ္စရေးသည် ထိုပစ်ခတ်မှုအား အီရန်လက်ဝေခံ ဟစ်ဇ်ဘိုလာတပ်များက ကျူးလွန်သည်ဟုဆိုကာ လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ခ်တောင်ပိုင်း ဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက် လက်လုပ်ဆောင်နေခဲ့သည်။

အီရန်ဘက်က မတ် ၆ ရက်ညတွင် ဘာရိန်းနိုင်ငံရှိ အကြီးများဆုံး ရေနံချက် စက်ရုံကြီးကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြန်သဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့်စက်သုံးဆီ စျေးနှုန်းများ လွန်စွာကမောက်ကမဖြစ်ပြီး စျေးများထပ်မံ မြင့်တက်ခဲ့ပြန်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#အစ္စရေး
#မြေအောက်ဘန်ကာ
#တိုက်လေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now