မဲခေါင်၊ မတ် ၅
ထိုင်းနိုင်ငံ၊ ဆူအန်ဖလူထောင်တွင် ထောင်တာဝန်ရှိသူ အဆင့်အားလုံးသည် အကျဉ်းသားများထံမှ အကျင့်ပျက် လာဘ်စားမှုများ ဆိုးရွားစွာ လုပ်ဆောင်နေကြောင်းနှင့် VIP ထောင်ခန်းများကို တစ်လ ဘတ်၂ သိန်းအထိယူကာ ဝန်ဆောင်မှုပေးနေသည်ဟု ထိုင်းအကျဉ်းသားများ ထောက်ပံ့ရေးကလပ်ဥက္ကဌ အတ်ချာရီယာ ရောင်ရတ်တနာပေါင်က ယနေ့တွင် တော်ဝင်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ သက်သေများနှင့်အတူ တင်ပြခဲ့သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုလက်အောက်ရှိ ယင်းထောင်တွင် ကျခံခဲ့ရသော တရုတ်အကျဉ်းသားဟောင်းတစ်ဦးအား သက်သေများရရှိစေရန် အတ်ချာရီယာက မေးမြန်းထားသည့် ဗီဒီယိုနှင့် ရုပ်သံမှတ်တမ်းများကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရုံးသို့ သက်သေတင်ကာ အရေးယူသွားရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုတင်ပြမှုတွင် အထူးသဖြင့်ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်သည့် ငွေတတ်နိုင်သော တရုတ်အကျဉ်းသားများ ငွေသုံးနိုင်သဖြင့် ၎င်းတို့အတွက် VIP အချုပ်ခန်းတစ်ခန်း တစ်လ ဘတ် ၂ သိန်း၊ အပြင်နှင့်ဆက်သွယ်ရန် ဖုန်းသုံးလိုလျှင် တစ်ခါခေါ် ဘတ်တစ်ထောင်မှ ၂ ထောင်အထိ၊ ထောင်ပြင်ပမှ အစားအသောက်နှင့် အရက်သေစာများ ပို့ပေးရလျှင် တစ်ခါခိုင်း ဘတ် ၅ ထောင်ရယူကြောင်း၊ ထိုဝင်ငွေများသည် တစ်လ ဘတ် ၁၀ သန်း၊ တစ်နှစ်ဘတ်သန်း ၁၀၀ ကျော်ရရှိစေကာ လွန်ခဲ့သည့် ၅ နှစ်ကတည်းက အကျင့်ပျက် ခြစားနေခြင်းဖြစ် သည်ဟု အတ်ချာရီယာက သက်သေနှင့်တကွ တင်ပြခဲ့ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းထောင်
#တရုတ်
#ကျားဖြန့်များ
#VIP








