မခေါင်၊ မတ် ၃
အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲ ဆက်လက်၍ အရှိန်ကောင်းနေစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့များ အဓိက သယ်ယူပို့ဆောင်ရာ လမ်း ကြောင်းဖြစ်သော ဟောမုဇ် ရေ လက်ကြားအား ဖြတ်သန်းရန် ကြိုးစားသည့် သင်္ဘောမှန်သမျှကို မီးရှို့ပစ်မည် ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အ ရာရှိကြီး တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဘရာဟင် ဂျက်ဘာက သတိပေး ပြောကြား သည်။
တစ်ချိန်ထဲမှာပင် အီရန်အပေါ် အမေရိကန်၏ အပြင်းထန်ဆုံး တိုက် ခိုက်မှုများ မလာသေးဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောသည်။
သို့သော် အမေရိကန်၏ နည်း ဗျူ ဟာ အသေးစိတ်ကိုမူ ဆွေးနွေးမည်မဟုတ်ဟု ရူဘီယိုက ဆက်ပြောသည်။
စစ်ပွဲကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှု ၆ ဦး အထိရှိလာခဲ့သည်ဟု အမေရိကန်စစ်ဘက်က ပြောကြားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်ရှိ အမေရိကန်သံရုံး ဒရုန်း၂ စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကာ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ထိုအတောအတွင်းမှာပင် အီရန်အစိုးရအား တားဆီးရန် အ ကောင်းဆုံးနှင့် နောက်ဆုံး အခွင့် အရေးဖြစ်သောကြောင့် အီရန်စစ်ပွဲကို စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။
အီရန်စစ်ပွဲ စတင်ပြီးနောက် အိမ်ဖြူတော်မှ ပထမဆုံး စကားပြောကြားရာတွင် စစ်ပွဲက သီတင်း ၄ ပတ်မှ ၅ ပတ်အထိ ကြာမြင့်နိုင် သည်ဟု ထရမ့်က ဆိုသည်။
အမေရိကန်နှင့် အစ္စရေးက စနေ နေ့တွင် အီရန်စစ်ဆင်ရေးကို စ တင်ခဲ့သည့် စနေနေ့မှာပင် အီရန်ထိပ် သီးခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးသွားခဲ့ပြီး ဆက်လက်၍လည်း အပြင်း အထန် တိုက်ခိုက်နေသည်။
တီဟီရန်တွင် လေကြောင်းစိုးမိုးမှုရယူထားသည် ဆိုသော အစ္စရေးက အီရန်အစိုးရ ရုပ်သံဌာနနှင့် မြို့တော် တီဟီရန်မှ အခြားအရေးပါသော နေရာများကိုလည်း ပစ် မှတ်ထား ဗုံးကြဲခဲ့သည်။
ကာတာနိုင်ငံပိုင်နက်နှင့် အခြားပင်လယ်ကွေ့နိုင်ငံများအား အီရန်က ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ ရှုတ်ချကြောင်း ကုလအတွင်းရေးမှူးချုပ် နှင့် ကုလလုံခြုံရေးကောင်စီ ဥက္က ဌထံသို့ ပေးပို့သောစာတွင် ကာတာအစိုးရက ဖော်ပြခဲ့သည်။
အေးကျော်
Ref: Agencie
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#သင်္ဘောများ
#မီးလောင်တိုက်သွင်း
#အီရန်
#ကြုံးဝါး








