နေ့စဥ်သတင်း

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ရှမ်းပါတီများ ပြည်သူလူထုအပေါ် တာဝန်ပျက်ကွက် နှုတ်ဆိတ်နေဟု ရှမ်းလူငယ်များကြေညာ

မဲခေါင် 3 Mar - 2026
မဲခေါင် ၊ မတ် ၃ ရှမ်းပြည်သူလူထုများကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိဘဲ တာဝန်များ ပျက်ကွက် လစ်ဟင်းနေသည်ဟု ရှမ်းလူငယ်များက ကြေညာလိုက်သည်။ မတ် ၁ ရက်တွင် ကျရောက်ခဲ့သော ရှမ်းလူငယ်နေ့၏ ထုတ်ပြန်ကြေညာချက်တွင် ရှမ်းလူငယ်များက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ယနေ့အချိန်အခါတွင် ရှမ်းလူထုများ မတရားဖိနှိပ် အနိုင်ကျင့်ခံနေရသည်ကို သိမြင်နေပါလျက် မည်သည့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းကမှ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ခြင်းမရှိဘဲ ရှမ်းလူထုအပေါ် အဓိကကျသော တာဝန်လုပ်ငန်းများ ပျက်ကွက်လစ်ဟင်းလျက် ရှိနေသည်မှာ လုံးဝ မဖြစ်သင့်ပါ။”ဟု ရှမ်းလူငယ်များက ထုတ်ပြန်ချက်တွင်ပြောသည်။ ထို့ကြောင့် ရှမ်းလူထုများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူမှုဘဝလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ပေးရမည့် ရှမ်းလက်နက်ကိုင်

မဲခေါင် ၊ မတ် ၃

ရှမ်းပြည်သူလူထုများကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိဘဲ တာဝန်များ ပျက်ကွက် လစ်ဟင်းနေသည်ဟု ရှမ်းလူငယ်များက ကြေညာလိုက်သည်။

မတ် ၁ ရက်တွင် ကျရောက်ခဲ့သော ရှမ်းလူငယ်နေ့၏ ထုတ်ပြန်ကြေညာချက်တွင် ရှမ်းလူငယ်များက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ယနေ့အချိန်အခါတွင် ရှမ်းလူထုများ မတရားဖိနှိပ် အနိုင်ကျင့်ခံနေရသည်ကို သိမြင်နေပါလျက် မည်သည့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းကမှ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ခြင်းမရှိဘဲ ရှမ်းလူထုအပေါ် အဓိကကျသော တာဝန်လုပ်ငန်းများ ပျက်ကွက်လစ်ဟင်းလျက် ရှိနေသည်မှာ လုံးဝ မဖြစ်သင့်ပါ။”ဟု ရှမ်းလူငယ်များက ထုတ်ပြန်ချက်တွင်ပြောသည်။

ထို့ကြောင့် ရှမ်းလူထုများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူမှုဘဝလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ပေးရမည့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရှမ်းလူထု၏ လူနေမှု ဘဝလုံခြုံရေးနှင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုများကို အဓိကထား ကာကွယ်စောင့်ရှောက်ပြီး တာဝန်ယူ ဆောင်ရွက်ပေးကြရန်လည်း ရှမ်းလူငယ်များက တိုက်တွန်းထားသည်။

ထို့ပြင် ရှမ်းနိုင်ငံရေးပါတီများသည် ရှမ်းလူထုများ တွေ့ကြုံခံစားနေရသော ဒုက္ခများစွာအပေါ် လျစ်လျူရှုပြီး နှုတ်ဆိတ်နေကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အခြေအနေတွင် ရှမ်းလူထုများသည် လူမှုစီးပွား ပျက်စီးထိခိုက်မှု ဒုက္ခများစွာ ခံစားနေရသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ မတရားအနိုင်ကျင့် ဗိုလ်ကျမှုများကိုလည်း ခံနေရသည်ဟု ရှမ်းလူငယ်များကဆိုသည်။

“ရွေးကောက်ပွဲကာလတွင် ရှမ်းနိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ရှမ်းလူထုများထံသို့ နိုင်ငံရေး ကတိကဝတ်များ ပေးခဲ့ကြသော်လည်း ယခုအချိန်တွင် ရှမ်းနိုင်ငံရေးပါတီများ အနေဖြင့် ရှမ်းလူထုများ တွေ့ကြုံခံစားနေရသော ဒုက္ခများစွာအပေါ် လျှစ်လျုရှုပြီး နှုတ်ဆိတ်နေကြသည်မှာ လုံးဝမဖြစ်သင့်ပါ။”ဟု ရှမ်းလူငယ်များက ပြောသည်။

ထို့ကြောင့် ရှမ်းလူထုများ၏ နိုင်ငံရေးအရ အခြေခံ တန်းတူရပိုင်ခွင့် အခွင့်အရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဖော်ဆောင်သည့် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းနိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူ့အခက်အခဲများကို နည်းလမ်းရှာဖွေ ကူညီပြီး အတူတကွ ရပ်တည် ဖြေရှင်းပေးရန် ရှမ်းလူငယ်များက ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA သည် ထင်ရှားသည့် အဖွဲ့များဖြစ်ပြီး နိုင်ငံရေးပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုက် – SNLD နှင့် ရှမ်းနှင ့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ – SNDP တို့သည် ထင်ရှားသည့် အဖွဲ့များဖြစ်သည်။

#MeKongNews
#ရှမ်းလက်နက်ကိုင်တပ်ဖွဲ့
#ရှမ်းပါတီများ
#ပြည်သူလူထု
#တာဝန်ပျက်ကွက်
#ရှမ်းလူငယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now