ကမ္ဘာ့သတင်း

ပါကစ္စတန်စစ်သား ၅၀ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တာလီဘန်ဆို

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၇ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ပါကစ္စတန် နယ်စပ်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပါကစ္စတန်တပ်ဖွဲ့ဝင် ၅၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန် တာလီဘန် အာဏာပိုင်များက အခိုင်အမာ ပြောသည်။ အာဖဂန်တပ်ဖွဲ့ဝင်များက ပါကစ္စတန် နယ်စပ်စခန်း ၁၉ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ပါကစ္စတန်စစ်သား အချို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က BBC သို့ ပြောသည်။ သို့သော် ထိုကိန်းဂဏန်းများနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်ဘက်ကမူ ၎င်းတို့သည် အာဖဂန်တာလီဘန်တို့၏ နယ်စပ်စခန်း ၂၇ ခုကို ဖျက်ဆီးခဲ့ပြီး

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ပါကစ္စတန် နယ်စပ်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပါကစ္စတန်တပ်ဖွဲ့ဝင် ၅၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန် တာလီဘန် အာဏာပိုင်များက အခိုင်အမာ ပြောသည်။

အာဖဂန်တပ်ဖွဲ့ဝင်များက ပါကစ္စတန် နယ်စပ်စခန်း ၁၉ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ပါကစ္စတန်စစ်သား အချို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က BBC သို့ ပြောသည်။

သို့သော် ထိုကိန်းဂဏန်းများနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်ဘက်ကမူ ၎င်းတို့သည် အာဖဂန်တာလီဘန်တို့၏ နယ်စပ်စခန်း ၂၇ ခုကို ဖျက်ဆီးခဲ့ပြီး တာလီဘန်တပ်ဖွဲ့ဝင်များ အပြင်းအထန် ထိခိုက်သေဆုံးခဲ့ကြောင်း ပြောကြားထားသည်။

ယနေ့အစောပိုင်းတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့အကြား အဓိကနယ်စပ်ဖြတ်ကျော်ဝင်ပေါက်တစ်ခု၌ သေနတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံ တော်ခမ်မြို့နှင့် အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်တို့ကို ဆက်သွယ်ထားသည့် ယင်း တော်ခမ်နယ်စပ်ဂိတ်သည် ၂ နိုင်ငံအကြား လူနှင့်ကုန်စည်များ ကူးသန်းသွားလာရာ အဓိက လမ်းကြောင်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက နယ်စပ်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ နိုင်ငံအကြား ကုန်းလမ်းနယ်စပ်များကို အများအားဖြင့် ပိတ်ထားခဲ့သော်လည်း၊ ဖွင့်လှစ်ထားဆဲဖြစ်သည့် အနည်းငယ်သော နေရာများတွင် တော်ခမ်နယ်စပ်ဂိတ်လည်း ပါဝင်သည်။

ပါကစ္စတန်နိုင်ငံအတွင်း ဖိအားပေးမှုများနှင့် ဆိုးရွားလာသော နေထိုင်မှု အခြေအနေများကြောင့် နေရပ်ပြန်ကြသည့် အာဖဂန်နိုင်ငံသား အများအပြားသည် ယင်းနယ်စပ်ဂိတ်ကို အသုံးပြု၍ အာဖဂန်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။

နယ်စပ်ဂိတ်အနီးရှိ နေရပ်ပြန်သူများ ခိုလှုံရာစခန်းတစ်ခု အတွင်းသို့ ညတွင်းချင်းပင် မော်တာကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုက္ခသည် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ပြည်နယ် တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

နေရပ်ပြန် အာဖဂန် နိုင်ငံသားတစ်ဦးကလည်း ၎င်းအနေဖြင့် သွေးကွက်များနှင့် ဒဏ်ရာရရှိထားသည့် ကလေးငယ်များနှင့် အမျိုးသမီးများကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး၊ အခြားတစ်ဦးကမူ လူတိုင်း အထိတ်တလန့် ထွက်ပြေးခဲ့ကြရကြောင်း ဆိုသည်။

Ref: BBC
#MeKongNews
#ပါကစ္စတန်စစ်သား
#သတ်ဖြတ်
#တာလီဘန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now