မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
နွေရာသီ ရောက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက တရားဝင် ကြေညာလိုက်ချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း နောင်ခိုင်းပြည်နယ်၊ နောင်ခိုင်းမြို့တွင် ရေအရင်းအမြစ်များ သိသိသာသာ လျော့ကျသွားခဲ့ကာ အထူးသဖြင့် မဲခေါင်မြစ်တွင် ရေအလွန် နည်းပါးနေကြောင်း ဒေသခံ ရေအရင်းအမြစ် အရာရှိများက ပြောကြားကြသည်။
မဲခေါင်မြစ်ရေ ခန်းနေသည်ကို အခွင့်ကောင်းယူ၍ ဆန်ခွမ်ခရိုင် ဘန်မွမ်းကျေးရွာတွင် နေထိုင်သူများက ရာစုနှစ်နှင့်ချီ၍ လုပ်ကိုင်ခဲ့ကြသော ရွှေကျင်သည့် ဓလေ့ကို ပြန်လည်အသက်သွင်းကာ တစ်နေ့လျှင် ဘတ်ငွေ ၈၀၀ မှ ၂ ထောင်ကြား စီနေကြကြောင်း သိရသည်။
မဲခေါင်မြစ်ရေအမြင့်သည် ဖေဖော်ဝါရီ ၂၂ ရက်ကထက် တစ်စင်တီမီတာ ပို၍ နိမ့်ကျသွားခဲ့ကာ ၁ ဒ သမ ၃၇ မီတာ ( ၄ ဒသမ ၄၉ ပေ) ခန့်သာရှိပြီး မြစ်အတွက် အရေးပါသော ၉ ဒသမ ၁၆ မီတာမှ များစွာ လျော့နည်းနေ သည်ဟု နောင်ခိုင်းရေအရင်း အ မြစ်ဌာနမှ ရေအရင်းအမြစ် သိပ္ပံဌာ နက ပြောကြားသည်။
မြစ်ရေ နည်းပါးသွားခြင်းကြောင့် ထိုင်း -လာအိုနယ် စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ကျောက်ဆောင်များ၊ သဲသောင်ခုံများနှင့် ကမ်းခြေပုံစံ ကျယ်ပြန့်သောင်ပြင်များ ပေါ်ထွက်လာခဲ့ပြီး နောင်ခိုင်းပြည်နယ်၏ မဲခေါင်မြစ်တစ်လျှောက်မှ ခရိုင် ၆ ခုစလုံးတွင် သက်ရောက်နေသည်။
ယင်းခရိုင်များမှာ ဆန်ခွမ်၊ စီချင်းမိုင်၊ သာဘို၊ မွမ်နောင်ခိုင်၊ ဖွန်ဖီဆိုင်းနှင့် ရက်နာနာဝါပီ တို့ဖြစ်ကြောင်း သိရသည်။
အချို့နေရာများတွင် သဲသောင်ပြင်များကို လမ်းလျှောက်၍ လာအိုနိုင်ငံဘက်ခြမ်းမှ ကျွန်းလေးများဆီ လမ်းလျှောက်သွား၍ပင် ရသည်။
ထိုသို့ လမ်းလျှောက်သွားနိုင်သော နေရာတစ်ခုမှာ စီချင်းမိုင်ခရိုင်၊ ဘန်မိုခရိုင်ခွဲ၊ ဘန်မိုဒေသတွင် တည်ရှိပြီး ဒေသခံများသည် ထိုင်းကမ်းပါးနှင့် လာအိုနိုင်ငံသားများ စိုက်ပျိုးရေး လုပ်ကိုင်နေကြသော လာအိုပိုင် ဒွန်ချင်ချူးကျွန်းဆီသို့ လမ်းလျှောက်၍ အသွားအပြန် လုပ်နိုင်ကြောင်း သိရသည်။
အချို့နေရာများတွင် ထိုင်းနှင့် လာအို နှစ်ဖက်စလုံးမှ ဒေသခံများသည် လှေကို အသုံးပြုစရာမလိုဘဲ မဲခေါင်မြစ်ထဲ ငါးဆင်းဖမ်းနိုင်သည်။
အချို့သော သဲသောင်ပြင်များကိုလည်း အားကစားလုပ်ရန် နေရာများအဖြစ် ပြောင်းလဲထားသည်ကို တွေ့ရသည်။
အေးကျော်
Ref: The Nation
#MeKongNews
#မဲခေါင်မြစ်
#ရေနည်း
#ရွှေကျင်








