နေ့စဥ်သတင်း

စိတ်ကြွဆေးနှင့် တရားမဝင်ပစ္စည်းများ လက်ဝယ်မိသူကို သိန်း ၆ ထောင်ဖြင့် လွှတ်ပေးသည်ဟု ဆိုကာ လားရှိုးတရားရုံးအား ဒေသခံများ ဝေဖန်နေ

မဲခေါင် 23 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ စိတ်ကြွဆေးများနှင့် တရားမဝင်ပစ္စည်းများ လက်ဝယ်တွေ့ရှိ၍ ဖမ်းဆီးခဲ့သည့် အမှုကို လားရှိုးခရိုင်တရားရုံးက ကျပ်သိန်း ၆ ထောင်ယူ၍ ချုပ်ရက် ၃ လမပြည့်မီတွင်ပင် လွှတ်မိန့်ချခဲ့သည် ဟုဆိုကာ ဒေသခံအချို့က ဝေဖန်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နှစ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း၌ သတင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၅) ရှိ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ကား တစ်စီး၊ တရားမဝင် သိမ်းဆည်းထားသည့် ပြောက်ကျားစစ်ဖိနပ် အရန်များစွာနှင့် စိတ်ကြွဆေးပြား အများအပြားကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက် အိမ်ရှင်ဒေါ် ထန်ရှန်းရင်ကို သက်သေခံပစ္စည်းများ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

စိတ်ကြွဆေးများနှင့် တရားမဝင်ပစ္စည်းများ လက်ဝယ်တွေ့ရှိ၍ ဖမ်းဆီးခဲ့သည့် အမှုကို လားရှိုးခရိုင်တရားရုံးက ကျပ်သိန်း ၆ ထောင်ယူ၍ ချုပ်ရက် ၃ လမပြည့်မီတွင်ပင် လွှတ်မိန့်ချခဲ့သည် ဟုဆိုကာ ဒေသခံအချို့က ဝေဖန်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နှစ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း၌ သတင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၅) ရှိ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ကား တစ်စီး၊ တရားမဝင် သိမ်းဆည်းထားသည့် ပြောက်ကျားစစ်ဖိနပ် အရန်များစွာနှင့် စိတ်ကြွဆေးပြား အများအပြားကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် အိမ်ရှင်ဒေါ် ထန်ရှန်းရင်ကို သက်သေခံပစ္စည်းများ နှင့်အတူ လားရှိုးမြို့မရဲစခန်း၌ ထိန်းသိမ်းခဲ့ကာ လားရှိုးခရိုင်တရားရုံးတွင် သက်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

ထိုသို့ တရားစွဲခဲ့သည့် အမှုများအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်၌ လားရှိုးခရိုင်တရားရုံးက လွတ်မိန့် ချပေးခဲ့ကြောင်း သိရသည်။

“ဒေါ်ထန်ရှန်းရင်ကို တရားသူကြီးက ရုံးရှေ့ လွှတ်စေ အမိန့်ချလိုက်တာလို့ ပြောနေကြတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က အိမ်ကိုပြန်လာတာ တွေ့လို့ သွားနှုတ်ဆက်ရင်း သူ့အိမ်မှာ ပြောနေကြတာကို ကြားခဲ့တာပါ။ သူ့အမှုတွေ အားလုံးကို စစ်ဆေးကြားနာပြီး ဒေါ်ထန်ရှန်းရင်အပေါ် အပြစ်မရှိကြောင်းကို တရားသူကြီးက သတ်မှတ်လို့ အခုလို လွတ်ဖို့ အမိန့်ချတာဖြစ်မှာပေါ့”ဟု ဒေါ်ထန်ရှန်းရင်နှင့် တစ်ရပ် ကွက်ထဲနေ အိမ်နီးချင်းတစ်ဦးက ပြောသည်။

လွတ်မြောက်လာသူ ဒေါ်ထန်ရှန်းရင်၏ အမျိုးသားမှာ ဦးမောင်မောင်နိုင် ဆိုသူဖြစ်ပြီး အမှုမှလွတ်ရန် ကျပ်သိန်း ၆ ထောင်ကျော် ကုန်ကျခဲ့ကြောင်း ၎င်း၏ အသိုင်းအဝိုင်းကြားတွင် ကြွားဝါ ပြောဆိုနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ထို့ကြောင့် စိတ်ကြွဆေးများနှင့် တရားမဝင် ပစ္စည်းများအား သက်သေနှင့်တကွ ဖမ်းမိသည့် ၎င်းအား တရားရုံးက လွှတ်ပေးခဲ့သည့်အပေါ် ယင်းဖြစ်စဉ်အား သိရှိထားသည့် ဒေသခံအချို့က မေးခွန်းထုတ် ဝေဖန်နေကြကြောင်း သိရသည်။

ထိုအမှုအား ကိုင်တွယ်ခဲ့သူမှာ လားရှိုးခရိုင် ဒုတရားသူကြီး ဦးခိုင်ဇော်အောင် ဖြစ်ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

ဖမ်းဆီးမိသည့်အထဲတွင် စိတ်ကြွဆေးပြား ၂ ထောင်၊ စစ်ဖိနပ်အရန် ၈ ထောင်နှင့် လိုင်စင်မဲ့ကားတစ်စီး ပါဝင်ပြီး လားရှိုးရဲစခန်းက မူးယစ်မှုနှင့် ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

#MeKongNews
#စိတ်ကြွဆေး
#တရားမဝင်ပစ္စည်း
#လက်ဝယ်မိ
#လားရှိုးတရားရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now