နေ့စဥ်သတင်း

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့အတွက် PNO ငွေတောင်း၊ တစ်အိမ် ထမင်း ၅ ထုပ် ချက်ပို့ရန်လည်း အမိန့်ထုတ်

မဲခေါင် 23 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ လာမည့် တပေါင်းလပြည့်နေ့ (မတ်၂ ရက်) တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ငွေကောက်ခံပြီး ဖြစ်သည့်ပြင် တောင်ကြီးတမြို့နယ်လုံးရှိ ပြည်သူများ တစ်အိမ် အနည်းဆုံး ထမင်း ၅ ထုပ် ချက်ပို့ပေးရမည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထပ်မံ အမိန့်ထုတ်ထားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။ တောင်ကြီးမြို့တွင် ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ပွဲသို့ လာရောက်သူများအား ကျွေးမွေးရန် ဟုဆိုကာ တစ်အိမ် အနည်းဆုံး ထမင်း ၅ ထုပ် ချက်ပို့ရမည်ဖြစ်ပြီး မနက် ၁၀ နာရီအရောက် ကိုယ့်အစီစဉ်နှင့်ကိုယ် လာပို့ရမည်ဟု PNO က အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

လာမည့် တပေါင်းလပြည့်နေ့ (မတ်၂ ရက်) တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ငွေကောက်ခံပြီး ဖြစ်သည့်ပြင် တောင်ကြီးတမြို့နယ်လုံးရှိ ပြည်သူများ တစ်အိမ် အနည်းဆုံး ထမင်း ၅ ထုပ် ချက်ပို့ပေးရမည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထပ်မံ အမိန့်ထုတ်ထားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

တောင်ကြီးမြို့တွင် ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ပွဲသို့ လာရောက်သူများအား ကျွေးမွေးရန် ဟုဆိုကာ တစ်အိမ် အနည်းဆုံး ထမင်း ၅ ထုပ် ချက်ပို့ရမည်ဖြစ်ပြီး မနက် ၁၀ နာရီအရောက် ကိုယ့်အစီစဉ်နှင့်ကိုယ် လာပို့ရမည်ဟု PNO က အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အမျိုးသားနေ့အတွက် တစ်အိမ်ထမင်းငါးထုပ် အနည်းဆုံး ချက်ပေးဖို့ အမိန့်ပေးလာတာပါ။ အမျိုးသား နေ့အတွက်မလို့ ထမင်းချက်ပို့ပေးဖို့က စေတနာရှိပါတယ်။ ဒါပေမယ့် အမျိုးသားနေ့အတွက် ကျနော် တို့ရွာမှာ PNO အုပ်ချုပ်ရေးမှူးတွေက ငွေ ၃ သောင်းလည်းကောက်တယ် အဲဒါကျတော့ လွဲနေတယ်လို့ ခံစားရတယ်ပေါ့နော်။ ထမင်းထုပ်လည်း ပို့ရမယ်ဆိုတော့ ငွေ ၃ သောင်းကကော ဘာလုပ်ဖို့လဲ သိချင်တယ်”ဟု တောင်ကြီး မြောက်ဘက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် အမျိုးသားနေ့အတွက် ထမင်းချက်ပို့ပေးရန်မှာ ဝန်မလေးသော်လည်း ပွဲတော်အတွက် ကောက်ထားသည့် ငွေများကိုမူ စာရင်းရှင်းတမ်း ထုတ်ပြန်ပေးစေလိုကြောင်း တောင်ကြီး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျနော်တို့ရွာကတော့ တပေါင်းကွင်းကို စုပြီးပို့ရမှာပေါ့နော်၊ အရင်ခေတ်ကလည်း ချက်ပို့ဖူးပါတယ်။ ဒီအပေါ်မှာတော့ စေတနာက ရှိပါတယ်။ ဗဟိုက ငွေမကောက်ဘူး ပြောပြီး အောက်က အွိုင်စား (အုပ်ချုပ်ရေးမှူး)တွေက ငွေကောက်နေတယ်။ ဒါကြောင့်မို့ ပြည်သူ တယောက်အနေနဲ့ ပွဲပြီးတဲ့အခါ ပွဲအတွက်ဆိုပြီး ကောက်ထားတဲ့ ပိုက်ဆံတွေကို အားလုံးသိအောင် ရှင်းတမ်း ထုတ်ပြန်စေချင်တာပဲ ရှိပါတယ်”ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။

PNO ၏ အမိန့်အရ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများသည် ထမင်းထုပ်များကို တောင်ကျောင်းကြီးကျောင်းတိုက်သို့ ပို့ဆောင်ရမည်ဖြစ်ပြီး တောင်ဘက်ခြမ်းရှိ ကျေးရွာများမှာ ပအိုဝ်း တပေါင်းကွင်းသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပွဲလမ်းသဘင်များတွင် သာမက စစ်ရေးတွင်လည်း ဒေသခံလူထုကို ထမင်းထုပ် ချက်ပို့ခိုင်းခြင်း၊ ရှေ့တန်းစရိတ်ဟုဆိုကာ တစ်အိမ် ၅ သောင်းထက်မနည်း လစဉ် ဆက်ကြေးတောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

#MeKongNews
#တောင်ကြီး
#ပအိုဝ်းအမျိုးသားနေ့
#PNO
#ငွေတောင်း
#ထမင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now