နေ့စဥ်သတင်း

သေသည်အထိ PNA ဆရာဖေ ပြည်သူကို ဒုက္ခပေး၊ ထော်လာဂျီသမား မိသားစုကို ဖမ်းဆီးနှိပ်စက်ပြီး ငွေကျပ်သိန်း ၈၀၀ ဖြင့် PNA ပြန်ရွေးခိုင်း

မဲခေါင် 23 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ အရက်မူး၍ ဆိုင်ကယ်စီးလာစဉ် ထော်လာဂျီကို ဝင်တိုက်မိပြီး PNA ခေါင်းဆောင် ဆရာဖေ သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် ထော်လာဂျီပိုင်ရှင်နှင့် မိသားစုဝင်များကို PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနှိပ်စက်ကာ ငွေကျပ်သိန်း ၈၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဖေဖော်ဝါရီ ၁၇ ရက်က ထော်လာဂျီမောင်းနှင်သူမှာ ဘုရားဖြူကျေးရွာမှ ဖြစ်ပြီး သလဲဦးကျေးရွာမှ ပျိုးပင်များဝယ်ယူ၍ အပြန်တွင် ယင်းယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆရာဖေ သေဆုံးပြီးနောက် ပအိုဝ်းပြည်သူ့စစ် – PNA အဖွဲ့သည် အခင်းဖြစ်ပွားရာ၌ ကျကျန်ရစ်သည့် ပျိုးခြင်းမှတစ်ဆင့် လိုက်လံစုံစမ်းရာမှ ထော်လာဂျီပိုင်ရှင်ကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

အရက်မူး၍ ဆိုင်ကယ်စီးလာစဉ် ထော်လာဂျီကို ဝင်တိုက်မိပြီး PNA ခေါင်းဆောင် ဆရာဖေ သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် ထော်လာဂျီပိုင်ရှင်နှင့် မိသားစုဝင်များကို PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနှိပ်စက်ကာ ငွေကျပ်သိန်း ၈၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဖေဖော်ဝါရီ ၁၇ ရက်က ထော်လာဂျီမောင်းနှင်သူမှာ ဘုရားဖြူကျေးရွာမှ ဖြစ်ပြီး သလဲဦးကျေးရွာမှ ပျိုးပင်များဝယ်ယူ၍ အပြန်တွင် ယင်းယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆရာဖေ သေဆုံးပြီးနောက် ပအိုဝ်းပြည်သူ့စစ် – PNA အဖွဲ့သည် အခင်းဖြစ်ပွားရာ၌ ကျကျန်ရစ်သည့် ပျိုးခြင်းမှတစ်ဆင့် လိုက်လံစုံစမ်းရာမှ ထော်လာဂျီပိုင်ရှင်ကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၆ နာရီခန့်တွင် PNA အဖွဲ့ဝင်များသည် ထော်လာဂျီပိုင်ရှင်နှင့် ဇနီးဖြစ်သူ အပါအဝင် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးရိုက်နှက်ကာ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာသို့ ခေါ်ဆောင်သွားပြီး နှိပ်စက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ထော်လာဂျီပိုင်ရှင်အနေဖြင့် အသက်ရှင်လိုပါက ငွေကျပ်သိန်း ၁,၀၀၀ ပေးရမည်ဟု PNA ဘက်က ခြိမ်းခြောက်ခဲ့သဖြင့် နောက်ဆုံးတွင် ငွေကျပ်သိန်း ၈၀၀ ပေးဆောင်ကာ ယမန်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာသည့် မိသားစုဝင်များသည် PNA အဖွဲ့၏ နှိပ်စက်မှုကြောင့် ရရှိထားသော ဒဏ်ရာများကို ဆေးခန်း၌ပင် သွားရောက်မပြရဲဘဲ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ပြောသည်။

“မှားတာက အရက်မူးပြီး မောင်းလာတဲ့ ဆရာဖေပါ။ သူက ဝင်တိုက်ပြီး ခေါင်းကွဲသေတာ။ ချက်ချင်းသေတာမဟုတ်ဘူး၊ ဒါပေမဲ့ သူမှန်းသိလို့ ဘယ်သူမှ မကူညီရဲကြတာ။ ထော်လာဂျီသမားကလည်း ကြောက်လို့ ထွက်ပြေးတာပေါ့။ အခုတော့ ငွေပေးနိုင်လို့သာ အသတ်ခံရမယ့်ဘေးက လွတ်လာတာ။ ရဲတွေကလည်း ဘာမှဝင်မလုပ်ပေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်တွင် လမ်းကြောင်းမှန်အတိုင်း မောင်းနှင်လာသည့် ထော်လာဂျီကို အရက်မူးနေသည့် PNA ဆရာဖေက ဝင်တိုက်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ မိသားစုကို ဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်ခဲ့ခြင်းမှာ တရားလက်လွှတ် လုပ်ဆောင်သည့် အဓမ္မမှုသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။

#MeKongNews
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ဆရာဖေ
#ထော်လာဂျီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now