ဆောင်းပါး

မြေဖုတ်ဘီလူး သန်းဆွေဝင်း (သို့မဟုတ်) မြေကုလားဖန်အထိုးကြမ်းတဲ့ ရှမ်းပြည်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း (အပိုင်း – ၁)

မဲခေါင် 21 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁ ရှမ်းပြည်ကို စစ်ကောင်စီခန့် အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့လာသည်မှာ တစ်နှစ်ပင်မပြည့်သေးသည့် ဦးသန်းဆွေဝင်းမှာ ၎င်း၏ အသိုင်းအဝိုင်းကြားတွင် မြေဖုတ်ဘီလူး သန်းဆွေဝင်းဟုပင် နာမည်ထွက်လောက်အောင် မြေယာကိစ္စများကို ကုလားဖန်ထိုးပြီး လုပ်စားနေကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။ အေးသာယာက ၁၁၇ ဧက စီမံကိန်းကနေ ကျပ်သိန်း ၂သောင်း ကိုယ်ကျိုးရှာခြင်း ၁၀၂၇ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး မုံတဝတွင် ဧက ၁၁၇ အကျယ်ရှိ မြေပေါ်၌ အိမ်ယာတည်ဆောက်ခြင်း၊ မြေကွက်ဖော်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ယင်းသို့ မြေကွက်ဖော်ရာတွင် အမှန်တကယ် သေဆုံးမိသားစုဝင်များ မရရှိဘဲ ရှမ်းပြည်အစိုးရအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် နီးစပ်သူများ၊ ၎င်း၏

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်ကို စစ်ကောင်စီခန့် အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့လာသည်မှာ တစ်နှစ်ပင်မပြည့်သေးသည့် ဦးသန်းဆွေဝင်းမှာ ၎င်း၏ အသိုင်းအဝိုင်းကြားတွင် မြေဖုတ်ဘီလူး သန်းဆွေဝင်းဟုပင် နာမည်ထွက်လောက်အောင် မြေယာကိစ္စများကို ကုလားဖန်ထိုးပြီး လုပ်စားနေကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။

အေးသာယာက ၁၁၇ ဧက စီမံကိန်းကနေ ကျပ်သိန်း ၂သောင်း ကိုယ်ကျိုးရှာခြင်း

၁၀၂၇ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး မုံတဝတွင် ဧက ၁၁၇ အကျယ်ရှိ မြေပေါ်၌ အိမ်ယာတည်ဆောက်ခြင်း၊ မြေကွက်ဖော်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ယင်းသို့ မြေကွက်ဖော်ရာတွင် အမှန်တကယ် သေဆုံးမိသားစုဝင်များ မရရှိဘဲ ရှမ်းပြည်အစိုးရအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် နီးစပ်သူများ၊ ၎င်း၏ သမီး၊ သမက်နှင့် ဆွေမျိုးများ၊ တပည့်များမှာမူ အားလုံးပင်မြေကွက်များ ရရှိကြောင်း၊ စီမံကိန်းတွင် မပါသည့် မြေဧက ၄၀ ခန့်ကိုပါ ထည့်သွင်းဖော်ဆောင်ပြီး ရောင်းစားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကလောဘက်တွင်လည်း သေဆုံးမိသားစုများကို မြေနေရာချပေးမည့် စီမံကိန်းရှိပြီး ယင်းကဲ့သို့ပင် ကိုယ်ကျိုးရှာခဲ့ကြောင်း၊ ယင်းစီမံကိန်းများမှ ဦးသန်းဆွေဝင်းအတွက် ကျပ် ၂ဘီလီယံ (သိန်း ၂သောင်း) ခန့် လာဘ်ငွေရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယင်းစီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိသူမှာ ဂရိတ်ဟော်ခမ်း ကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီသည် ရှမ်းမြောက်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဝန်းတွင် အခြေစိုက်သည့် လမ်း၊ တံတား၊ ဆည်တမံများနှင့် အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်လုပ်ငန်းအား အဓိကလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတည်ထောင်ခဲ့ပြီး CEO မှာ မူဆယ်မြို့၊ မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှုးအဖြစ် ဆောင်ရွက်ဖူးသူ ဦးစိုင်းခိင်ခမ်းဖြစ်သည်။

ဦးစိုင်းခိင်ခမ်းနှင့် မြေဖုတ်ဘီလူး ဦးသန်းဆွေဝင်းတို့ ပူးပေါင်းကိုယ်ကျိုးရှာကြခြင်းဖြစ်သည်။

အဝေရာမီးပုံးပျံကွင်းမြေပေါ်က ၂ဧကခန့်ကျယ်သည့် EV ကား အားသွင်းစင်တာ

ဦးသန်းဆွေဝင်း၏ နောက်ထပ် ခြေလှမ်းတစ်ခုမှာ တောင်ကြီးလူထု၏ အသည်းနှလုံးဖြစ်သည့် အဝေရာမီးပုံးပျံကွင်းဖြစ်သည်။ ယင်းမီးပုံးပျံကွင်း မြေပေါ်တွင် EV ကား အားသွင်းစင်တာတစ်ခုကို တည်ဆောက်နေပြီး မြေ ၂ဧက ခန့်ကို ရယူထားသည်။ တကယ်တမ်းတွင်မူ EV ကား အားသွင်းရန်မှာ အနည်းငယ်သာဖြစ်ပြီး အခြားအသုံးပြုရန်အတွက် ၃ထပ်တိုက်အဆောက်အဦနှင့် မြေပမာဏများစွာကို ရယူထားခြင်းဖြစ်သည်။ တည်ဆောက်သည့် ကုမ္ပဏီမှာ ဦးသန်းဆွေဝင်း၏ သားမက်ဖြစ်သူ ဆရာဝန် ကြည်မင်းကိုကို၏ ကုမ္ပဏီ Shan Cherry Infotech ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ ယင်း EV ကား အားသွင်းစင်တာတည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးပြီ ဖြစ်သည်။ လက်ရှိတွင် အဝေရာမီးပုံးပျံကွင်းနေရာကို ခြံခတ်လိုက်ပြီ ဖြစ်သည်။

ထို့အပြင် ရှမ်းမြောက်မှ တိုက်ပွဲများကြောင့် တိမ်းရှောင်လာရသည့် ထွေအုပ်ဝန်ထမ်းများ နေထိုင်ရာ ဟော်ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး၊ စဝ်စံထွန်းလမ်းပေါ်ရှိ ထွေအုပ်ပိုင်မြေပေါ်မှလည်း ယင်းဝန်ထမ်းများကို မောင်းထုတ်ကာ ၎င်း၏ သားမက်ဖြစ်သူ ဆရာဝန်မှ ဆေးရုံဆောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ငွေနည်းရင် အတွေ့မခံသူ

ထို့ပြင် ဦးသန်းဆွေဝင်းသည် တောင်ကြီးနှင့် ကလောတစ်ဝိုက်ရှိ တရားမဝင်သေးသည့် အိမ်ခြံမြေများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမည်ဟုဆိုကာ ကိုယ်တိုင်ကွင်းဆင်း၍ ငွေကြေးရယူရန် လမ်းစရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် တရားဝင် မြို့မြေများအတွင်း အခွန်ဆောင်၍ ဂရန်နှင့် ပုံစံ (၁၀၅) လျှောက်ထားသူများ၏ အမှုတွဲများကို ၎င်း၏တပည့်ဖြစ်သူ ရဲရင့်လှိုင်နှင့် ပူးပေါင်းကာ အချိန်ဆွဲ ဆိုင်းငံ့ထားလေ့ရှိကြောင်း သိရသည်။ အချို့သောအမှုတွဲများမှာ ၁၀ လခန့်အထိ ကြန့်ကြာနေပြီး လာဘ်ငွေပေးနိုင်သူများကိုသာ အမြန်ဆောင်ရွက်ပေးကာ ငွေမပေးနိုင်သူများကိုမူ “မင်းကြီးထံမှ အမိန့်မကျသေးဘူး” ဟုဆိုကာ ရုံးအဖွဲ့ကို အကြောင်းပြချက်ပေးလေ့ရှိကြောင်း သိရသည်။

“ကိုယ့်မြေကိုယ့်အိမ်ကို တရားဝင်ဖြစ်အောင် လျှောက်ရင်တောင် သိန်းရာနဲ့ချီ ကုန်ကျနေရတယ်။ အရင်က လူကြီးတွေတုန်းကတော့ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ရင် အကျုံးဝင်ရင် လုပ်ပေးတယ်၊ မရရင်လည်း မရဘူးလို့ ပြတ်ပြတ်သားသား ပြောတယ်။ အခုကတော့ အဲ့လိုမဟုတ်ဘူး။ သွားတွေ့လို့ ပေးတဲ့ငွေက နည်းရင် အတွေ့တောင်မခံဘူး။ အစိုးရကပေးထားတဲ့ဖုန်းကိုလည်း သူ့တပည့်ကို ကိုင်ခိုင်းထားပြီး တပည့်က သဘောတူမှ တွေ့ခွင့်ရတာ” ဟု အမှုရင်ဆိုင်နေရသူတစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ဦးသန်းဆွေဝင်းသည် လာဘ်ငွေတောင်းခံရာတွင် “မြေဘုတ်ဘီလူး” ဟု အမည်ထွက်သည့်တိုင်အောင် အစားကြီးသူဖြစ်ပြီး သိန်း ၃၀၀ ဝန်းကျင်မှစ၍ အတွေ့ခံလေ့ရှိကြောင်း သိရသည်။

၎င်းသည် ပြင်ပတွင် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ခြင်းမရှိသော်လည်း ရန်ကုန်မြို့ ရွှေတောင်ကြားအပြင် စင်ကာပူနှင့် ဘန်ကောက်မြို့တို့တွင်ပါ နေအိမ်များ ပိုင်ဆိုင်ထားကြောင်း ၎င်း၏တပည့်ဖြစ်သူ ဦးထွန်းထွန်း၏ ပြောပြချက်များကို ကိုးကား၍ ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဦးသန်းဆွေဝင်းနှင့် မိသားစုမှာ ရှမ်းပြည်သို့ ပြောင်းလာပြီး တစ်နှစ် မပြည့်မီမှာပင် ကျပ် ၃၀ ဘီလီယံ (ကျပ်သိန်း ၃သောင်း) ခန့် မြေယာကိစ္စများမှ ကိုယ်ကျိုးရှာပြီး ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဦးသန်းဆွေဝင်း၏ သမီးအကြီးဖြစ်သူ သက်နုဆွေမှာ အင်္ဂလန်နိုင်ငံရှိ ဒါဘီတက္ကသိုလ်တွင် ကျောင်းတက်သူဖြစ်ပြီး ၎င်း၏ အမျိုးသားဖြစ်သူ ဒေါက်တာကြည်မင်းကိုကိုက ဦးသန်းဆွေဝင်းအရှိန်ဖြင့် တောင်ကြီးအပါအဝင် ရှမ်းပြည်တလွှားတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကြောင်း စုံစမ်းသိရသည်။ ၎င်းတို့ မင်္ဂလာဆောင်ကို ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

– ဆက်လက်ဖော်ပြပါမည်။

#MeKongNews
#ဦးသန်းဆွေဝင်း
#ရွှေတောင်ကြား
#ရှမ်းပြည်
#မြေဖုတ်ဘီလူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer limited to trade agreements, railway projects and investment

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now