မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
အဖွဲ့အစည်းအနေဖြင့် ရန်သူမရှိ မိတ်ဆွေသာရှိသည်ဟု တော် လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်ကောင်စီ လက် အောက် ခံ PNO ပြည်သူ့စစ် ခေါင်းဆောင် ဦးအောင်ခမ်းထီက ပြောသည်။
မတ်၂ ရက်တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် PNO ၏ ဗဟို နိုင်ငံရေးနှင့် စစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ခမ်းထီက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“ဒေသ တည်ငြိမ်အေးချမ်းဖို့ ရန် သူ မမွေးရဘူး မိတ်ဆွေကောင်းတွေသာ ပွားများရမယ်။ ဒါကြောင့် ကျွန်တော်တို့က တိုင်း ရင်းသားပေါင်းစုံနဲ့ နိုင်ငံတော် အ စိုးရအဆက်ဆက်နဲ့ လက်တွဲပြီးလုပ်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက သဝဏ်လွှာတွင်ပြောသည်။
ခေါင်းဆောင်တစ်ဦး အနေဖြင့် ၎င်းက ယင်းကဲ့သို့ ပြောဆိုနေသော်လည်း မြေပြင်တွင်မူ PNO သည် စစ်ကောင်စီတပ်နှင့် ပူး ပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည်။
ထို့ပြင် ၎င်းသည် ပအိုဝ်းလူငယ်များအား ရဲနှင့် စစ်ကောင်စီတပ်တွင် ဝင်ရောက်ကြရန် တိုက်တွန်းခဲ့သဖြင့် လူငယ်များ၏ ဝေဖန်ခံရသူလည်း ဖြစ်သည်။
PNO သည် စစ်ကောင်စီနှင့်အတူ ကရင်နီပြည်တွင် လွိုင်ကော်မြို့ နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်သို့ ကျူးကျော်ပြီး ရှမ်းပြည်တွင်လည်း ပအိုဝ်း၊ ဓနု၊ အင်းသား တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကောင်စီနှင့် ပူး ပေါင်းကာ တိုက်ခိုက်နေသည်။
ထို့ပြင် လက်ရှိတွင်လည်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တပ်ဖွဲ့အား မိုင်းပွန်ဒေသမှ ကျောက်တန်း – ပင်လုံလမ်းမကြီး မြောက်ဘက်သို့ ဆုတ်ခိုင်းနေသ ဖြင့် မိုင်းပွန်နယ်တွင် စစ်ရေး တင်းမာနေသည်။
ဦးအောင်ခမ်းထီသည် ယခင် တော်လှန်ရေးလုပ်နေစဉ်ကာလအတွင်း ခွန်ဆာတပ်ဖွဲ့က လာတိုက်သဖြင့် ထွက်ပြေးခဲ့ရချိန်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP က ကရင်နီပြည်သို့ခေါ်ဆောင်ကာ ကယ်တင်ခဲ့ရသူ ဖြစ်သည်။
ထို့ပြင် ၎င်းသည် PNO တွင် ဥ က္ကဌအဖြစ် စတင်အရွေးခံရပြီးနောက် တစ်ဖွဲ့တည်းဖြစ်သည့် ဒု တိယဥက္ကဌ ဗိုလ်မှူးကြီး ခွန်အောင်ခမ်းကိုလည်း ပြန်လည် သတ် ဖြတ်ခဲ့သူ ဖြစ်သည်။
၎င်းဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်တွင် စစ်ထောက် လှမ်းရေး ခင်ညွှန့်ထံတွင် စာချုပ် လက်မှတ်ရေးထိုးခြင်း မပါသော နှုတ်ကတိဖြင့် လက်နက်ချခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ် လက် အောက်ခံ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
#MeKongNews
#ရန်သူ
#မိတ်ဆွေ
#တော်လှန်ရေးတပ်ဖွဲ့
#တိုက်ခိုက်
#PNO








