နေ့စဥ်သတင်း

မိုင်းပွန်တွင် စစ်ကောင်စီနှင့် PNO က SSPP ကို တပ်ဆုတ်ခိုင်းသဖြင့် စစ်ရေးတင်းမာနေ

မဲခေါင် 19 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉ ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်တွင် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ရှမ်းပြည်တိုးတက်ရေးပါ တီ/ ရှမ်း ပြည်တပ်မတော် – SSPP/SSA ကို တပ်ဆုတ်ခိုင်းသဖြင့် နှစ်ဖက်အဖွဲ့ကြား တင်းမာနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ မိုင်းပွန်မြို့ မြောက်ဘက်ရှိ ခိုင်မိုင်းသက်၊ ကုန်းသွီ စသည့် ကျေးရွာများတွင် တပ်စွဲထားသည့် SSPP တပ်ဖွဲ့ကို စစ်ကောင်စီနှင့် PNO က ဖေဖော်ဝါရီ ၁၆ ရက်တွင် တပ်ဆုတ်ခိုင်းရာမှ တင်းမာနေခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။ “ရွာတွေပေါ်ကို ဒရုန်းတွေ အကြာကြီးပဲ ဝဲနေတာ ဘယ်ဖက်ဒရုန်းလဲ မသိဘူး၊ ရွာတွေထဲကနေ ဆုတ်သွားဖို့ စစ်တပ်နဲ့ PNO

မဲခေါင်၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်တွင် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ရှမ်းပြည်တိုးတက်ရေးပါ တီ/ ရှမ်း ပြည်တပ်မတော် – SSPP/SSA ကို တပ်ဆုတ်ခိုင်းသဖြင့် နှစ်ဖက်အဖွဲ့ကြား တင်းမာနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မိုင်းပွန်မြို့ မြောက်ဘက်ရှိ ခိုင်မိုင်းသက်၊ ကုန်းသွီ စသည့် ကျေးရွာများတွင် တပ်စွဲထားသည့် SSPP တပ်ဖွဲ့ကို စစ်ကောင်စီနှင့် PNO က ဖေဖော်ဝါရီ ၁၆ ရက်တွင် တပ်ဆုတ်ခိုင်းရာမှ တင်းမာနေခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

“ရွာတွေပေါ်ကို ဒရုန်းတွေ အကြာကြီးပဲ ဝဲနေတာ ဘယ်ဖက်ဒရုန်းလဲ မသိဘူး၊ ရွာတွေထဲကနေ ဆုတ်သွားဖို့ စစ်တပ်နဲ့ PNO က ရှမ်းစိမ်းတပ် (SSPP) ကို ပြောလာတာ။ ဒီကောင်ကန်မိန်းတကြောက‌နေ ဆုတ်ခိုင်းတာ မိုင်းပွန် မြောက်ဘက်ပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် PNO က တပ်ဆုတ်ခိုင်းခြင်းကြောင့် SSPP တပ်ဖွဲ့က ကျေးရွာအချို့မှ ထွက်ခွာကာ ပြောင်းရွှေ့ နေရာယူထားသည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ရှမ်းအဖွဲ့လည်း ရွာထဲ မနေတော့ဘူး။ ခိုင်မိုင်းသက်၊ လုံးဒါရွာဖက်မှာလည်း ရွာထဲကို မနေတော့ဘူး ရွာပြင်ပဘက်တွေကို ပြောင်းသွားပြီ။ ဆက်နေရင် ပစ်မယ်လို့ စစ်တပ်ကပြောလာလို့”ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ယခု ဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းများက မည်သည့် သတင်းထုတ်ပြန်မှုမှ မရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိ တင်းမာမှု ဖြစ်ပွားနေသည့် နေရာကို ယခင်နှစ်များတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော် စစ်မှုထမ်း အများအပြား ခေါ်ယူပြီးနောက် အင်အား ပြန်လည် ဖြည့်တင်းလာနိုင်သည့် စစ်ကောင်စီသည် လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် ပေါင်းကာ မိုင်းပွန်မြောက်ဘက်နှင့် ပင်လုံမြို့ အနောက်ဘက်ရှိ တောင်တန်းများပေါ်သို့ လက်ရှိတွင် နယ်မြေစိုးမိုးမှု ရရှိရန် ပြန်လည် လုပ်ဆောင်လာခြင်းဖြစ်သည်။

#MeKongNews
#မိုင်းပွန်
#စစ်ကောင်စီ
#PNO
#SSPP
#စစ်ရေးတင်းမာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now