နေ့စဥ်သတင်း

အီရန်ကို ဖိအားပေးရန် ဒုတိယ လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်ရေး ထရမ့် စဉ်းစားနေ

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ အရှေ့အလယ်ပိုင်းသို့ ဒုတိယလေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်ရေး ဖြစ်နိုင်ခြေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားသည်ဟု အမေရိကန် သတင်းဝက်ဘက်ဆိုက် Axios က ဖော်ပြသည်။ တီဟီရန်၏ နျူကလီးယားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုများ လုပ်‌ဆောင်နေစဉ် ထိုသို့ သတင်းထွက်လာခြင်း ဖြစ်သည်။ အီရန်နှင့် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပါက စစ်ရေးအတွက် ပြင်ဆင်နိုင်ရန် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်သွားရေးကို စဉ်းစားနေသည်ဟု ထရမ့်က Axios နှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။ “ကျနော်တို့ သဘောတူညီချက် ရရင်ရ၊ မဟုတ်ရင်တော့ အရင်တစ်ခါကလို ကြမ်းတမ်းတာ တစ်ခုခု

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

အရှေ့အလယ်ပိုင်းသို့ ဒုတိယလေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်ရေး ဖြစ်နိုင်ခြေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားသည်ဟု အမေရိကန် သတင်းဝက်ဘက်ဆိုက် Axios က ဖော်ပြသည်။

တီဟီရန်၏ နျူကလီးယားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုများ လုပ်‌ဆောင်နေစဉ် ထိုသို့ သတင်းထွက်လာခြင်း ဖြစ်သည်။

အီရန်နှင့် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပါက စစ်ရေးအတွက် ပြင်ဆင်နိုင်ရန် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်သွားရေးကို စဉ်းစားနေသည်ဟု ထရမ့်က Axios နှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

“ကျနော်တို့ သဘောတူညီချက် ရရင်ရ၊ မဟုတ်ရင်တော့ အရင်တစ်ခါကလို ကြမ်းတမ်းတာ တစ်ခုခု လုပ်သွားရပါလိမ့်မယ်” ဟု ထရမ့်က အင်တာဗျူးတွင် ပြောသည်။

ယမန်နှစ် ဇွန်လတွင် အမေရိကန်က အီရန်နိုင်ငံမှ နျူကလီးယား စခန်းများကို တိုက်ခိုက်ခဲ့သည်။

သို့သော် သံတမန်ရေးအရ အဖြေရှာနိုင်ရေးကိုလည်း ထရမ့်က အပြုသဘောဖြင့် ပြောကြားခဲ့သည်ဟု Axios က ဆိုသည်။

တီဟီရန်က သဘောတူညီချက်တစ်ရပ် အလွန်အမင်း လိုချင်နေကြောင်းနှင့် စစ်ရေး ခြိမ်းခြောက်မှုများကြောင့်လည်း ယခင်အကြိမ်များထက် ပို၍ လေးလေးနက်နက် ဆွေးနွေးနကြောင်း ထရမ့်ကို ကိုးကား၍ သတင်းက ဖော်ပြသည်။

ဆက်လက်၍လည်း အီရန်၏ နျူကလီးယား အစီအစဉ်သာမက ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည် အစုအဝေးနှင့် သက်ဆိုင်သော သဘောတူညီချက် ရယူနိုင်ဖွယ်ရှိကြောင်းလည်း ထရမ့်က ဆိုသည်။

၂ ဖက်ဆွေးနွေးပွဲများကို လာမည့်သီတင်းပတ်တွင် ဆက်လက်ကျင်းပမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

၂ နိုင်ငံ အဆင့်မြင့် အရာရှိများကြား ဆွေး‌နွေးမှုကို ယနေ့ ပြန်လည် ကျင်းပနေချိန်မှာပင် အမေရိကန်က အီရန်အပေါ် စစ်ရေးအရ ဆက်လက် ဖိအားပေးနေကာ နျူကလီးယားစွမ်းအင်သုံး USS Abraham Lincoln လေယာဉ် တင်သင်္ဘောအုပ်စုကို အီရန်အနီး အာရေဗျပင်လယ်ပြင်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

အေးကျော်
Ref: NHK
#MeKongnews
#အီရန်
#ဖိအားပေး
#လေယာဉ်တင်သင်္ဘော
#စေလွှတ်
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now