ကမ္ဘာ့သတင်း

ယူကရိန်း စပိုင်ဖြစ်ကြောင်း ရုရှား ထောက်လှမ်းရေး ဗိုလ်ချုပ်ကို လုပ်ကြံသူ ဝန်ခံဟုဆို

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ သမ္မတပူတင်၏ အားအထားရဆုံး လက်ရုံးတစ်ဦးဖြစ်သူ ရုရှား စစ်ထောက်လှမ်းရေးအေဂျင်စီ – GRU မှ ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ကို ဖေဖော်ဝါရီ ၆ ရက်က မော်စကိုမြို့တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံခဲ့သူအား ဖမ်းမိထားပြီး ၎င်းကို ယူကရိန်းစစ်ထောက်လှမ်းရေး – SBU က နောက်ကွယ်မှ ကြိုးကိုင်ကာ ငွေကြေးပေး ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းကို ရုရှားဘက်က ထုတ်ပြန်လာသည်။ အသက် ၆၄ နှစ်အရွယ် အလက်ဇီယက်ဗ်ကို လုပ်ကြံသူမှာ အသက် ၆၅ နှစ်အရွယ် လျုဘိုမီယာကော်ဘာ ဆိုသူ ဖြစ်သည်။ ၎င်း၏ ထွက်ဆိုချက်အရ ပိုလန် စစ်ထောက်လှမ်းရေးနှင့်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

သမ္မတပူတင်၏ အားအထားရဆုံး လက်ရုံးတစ်ဦးဖြစ်သူ ရုရှား စစ်ထောက်လှမ်းရေးအေဂျင်စီ – GRU မှ ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ကို ဖေဖော်ဝါရီ ၆ ရက်က မော်စကိုမြို့တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံခဲ့သူအား ဖမ်းမိထားပြီး ၎င်းကို ယူကရိန်းစစ်ထောက်လှမ်းရေး – SBU က နောက်ကွယ်မှ ကြိုးကိုင်ကာ ငွေကြေးပေး ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းကို ရုရှားဘက်က ထုတ်ပြန်လာသည်။

အသက် ၆၄ နှစ်အရွယ် အလက်ဇီယက်ဗ်ကို လုပ်ကြံသူမှာ အသက် ၆၅ နှစ်အရွယ် လျုဘိုမီယာကော်ဘာ ဆိုသူ ဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်အရ ပိုလန် စစ်ထောက်လှမ်းရေးနှင့် ယူကရိန်း ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ၎င်းအား ကိဗ်မြို့တွင် သင်တန်းပေးခဲ့ပြီးနောက် မော်စကိုသို့ စေလွှတ်ကာ လုပ်ကြံမှုတစ်ခုအတွက် တစ်လလျှင် ဒေါ်လာ ၂ ထောင်ခန့်နှင့်ညီမျှသော ပေါင် ၁၄၇၀ ပေးခဲ့ကြောင်း သိရသည်။

ယခု ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ကို လုပ်ကြံမှုအတွက် ဒေါ်လာ ၃ သောင်း ပေးမည်ဟု ကတိပြုကာ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရုပ်သံတွင် ဝန်ခံထားသည်။

ရုရှားထောက်လှမ်းရေး၏ အဆိုအရ ကော်ဘာသည် မော်ဒိုဗာနှင့် ဂျော်ဂျီယာနိုင်ငံများမှ တစ်ဆင့် ရုရှားသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်း ထောက်လှမ်းရေးထံမှ အမိန့်ရသည်နှင့် အသံတိတ်ပစ္စတိုကို ဝယ်ယူကာ လုပ်ကြံခဲ့ပြီးနောက် ဒူဘိုင်းမှ တစ်ဆင့် ရိုမေးနီးယားသို့ သွားရောက်ကာ ယူကရိန်းသို့ ပြန်ဝင်ရန် စီစဉ်ခဲ့သည်။

သို့သော် ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် ယူအေအီး အာဏာပိုင်များက ဖမ်းဆီးကာ ရုရှားထံ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

SBU ကမူ ယခု စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့ နောက်ကွယ်မှ ခိုင်းစေခြင်း မဟုတ်ဘဲ ရုရှားပြည်တွင်းရေး လုပ်ကြံမှုသာဖြစ်ကာ ငြိမ်းချမ်းရေး မဆွေးနွေးလိုသဖြင့် လုပ်ကြံဖန်တီး ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် လုပ်ကြံခံရသူ ဗိုလ်ချုပ် အလက်ဇီယက်ဗ်မှာ ဒဏ်ရာ အလွန်ပြင်းထန်သော်လည်း သတိပြန်ရလာသဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်ခြေ ရှိသည်ဟု ရုရှားမီဒီယာများက ဖော်ပြနေကြသည်။

ကိုကလင်း
Ref: The Sun
#MeKongNews
#ရုရှား
#ဗိုလ်ချုပ်
#လုပ်ကြံ
#ယူကရိန်း
#စပိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now