မဲခေါင်၊ ဖေဖော်ဝါရီ ၇
ယနေ့ ကျရောက်သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနေသော ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်သို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၇ နာရီ ၅၅ မိနစ်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁၁) အတွင်းရှိ နေ အိမ်တစ်လုံးပေါ်သို့ ရှော့တိုက်ဒုံး ကျရောက်ခဲ့သော် လည်း ပေါက် ကွဲမှုမရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“နေအိမ်ပေါ်ကျတာပါ၊ ဒါပေမဲ့ မပေါက်ကွဲသွားလို့ အထိအခိုက် မရှိပါဘူး။ အခြားနေရာတွေမှာလည်း ထိခိုက်မှုရှိတယ်လို့ မကြားမိဘူး။ မြို့ရှောင်လမ်းဘက်ကနေ လှမ်းပစ်တာလို့ ပြောကြတယ်” ဟု လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရှော့တိုက်ဒုံး ကျရောက်ခဲ့သည့်နေ ရာမှာ လားရှိုးမြို့၊ ရပ်ကွက် (၁၁)၊ နယ်မြေ (၉)၊ ရွှေရတနာလမ်းရှိ နေအိမ် တစ်အိမ်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လားရှိုးမြို့၌ ရှမ်း ပြည်နယ်နေ့အခမ်းအနား ကျင်းပနေသကဲ့သို့ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်းပြည် ထောင်စုနေ့ အခမ်းအနား ကျင်းပရန်ရှိကြောင်း သိရသည်။
#MeKongnews
#ပြည်နယ်နေ့
#လားရှိုး
#ရှော့တိုက်ဒုံး








