နေ့စဥ်သတင်း

တောင်ကြီး အားကစားကွင်း ဆိုင်ခန်းများ ယခုလကုန် နောက်ဆုံး ရွှေ့ပြောင်းရန် ဖိအားပေး

မဲခေါင် 7 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်၊ တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းဘေး ဆိုင်ခန်း၊ တိုက်ခန်းများကို လာမည့် ယခု လကုန် နောက်ဆုံး ရွှေ့ပြောင်းရန် ရှမ်းပြည် အစိုးရအဖွဲ့က ဖိအားပေးစာပို့ကြောင်း မြို့ခံများထံမှ သိရသည်။ ပြည်နယ် အားကစားကွင်းပတ်လည်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်မည်ဟု ဆို ကာ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများကို ရွှေ့ပြောင်းခိုင်းနေခြင်း ဖြစ်သည်။ ယင်းအမိန့်စာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ပထမအကြိမ် ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် ဒုတိယအကြိမ်နှင့် ယခုလ ၂ ရက် ရက်စွဲဖြင့်

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်၊ တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းဘေး ဆိုင်ခန်း၊ တိုက်ခန်းများကို လာမည့် ယခု လကုန် နောက်ဆုံး ရွှေ့ပြောင်းရန် ရှမ်းပြည် အစိုးရအဖွဲ့က ဖိအားပေးစာပို့ကြောင်း မြို့ခံများထံမှ သိရသည်။

ပြည်နယ် အားကစားကွင်းပတ်လည်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်မည်ဟု ဆို ကာ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများကို ရွှေ့ပြောင်းခိုင်းနေခြင်း ဖြစ်သည်။

ယင်းအမိန့်စာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ပထမအကြိမ် ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် ဒုတိယအကြိမ်နှင့် ယခုလ ၂ ရက် ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လာခြင်း ဖြစ်သည်။

“ခုဆို အဲနားတစ်ဝိုက် သူတို့က မီးလည်းဖြတ်ပြီး ရေလည်းဖြတ်ပြီ။ ခုတော့ တချို့က ပစ္စည်းရွှေ့နေပြီ။ ဒီတစ်ခါ မဖယ်ပေးရင်တော့ တကယ် သူတို့အင်အားသုံးပြီး ဖယ်ရှားမယ့် သဘောရှိတယ်”ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

သတ်မှတ်ထားသော အချိန်အတွင်း မပြောင်းရွှေ့ပေးပါက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှားသွားမည် ဖြစ်ကြောင်းလည်းပေးပို့သော စာတွင် ဖော်ပြထားသည်။

ယင်းဘောလုံးကွင်း ဘေးပတ်လည်တွင် ဆိုင်ခန်း၊ တိုက်ခန်းပေါင်း ၂၀၀ ကျော်ရှိပြီး အများစုသည် ဆိုင်ကယ် အပိုပစ္စည်းဆိုင်နှင့် ပုံနှိပ်ဆိုင်များ ရှိကြောင်း မြို့ခံများထံမှ သိရည်။

ထိုသို့ တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းမှုကြောင့် တိုက်ခန်းတွင် ငှားရမ်းနေထိုင်သူများနှင့် တိုက်ခန်း ဝယ်ယူထားသူများ အခက်ကြုံနေရပြီး နေရာသစ် ထပ်မံငှားရမ်းရန် ငွေကြေးအခက်ခဲ ဖြစ်နေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင်လည်း ကျောင်းကြီးစု ရပ်ကွက်ရှိ၊ ရှမ်းရိုးမတိုက်တန်းနှင့် တပ်ပိုင်မြေပေါ်ရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဆိုင်ခန်းများကို စစ်ကောင်စီက ဘူဒိုဇာများဖြင့် ထိုးပြီး ရှင်းလင်းခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။

#MeKongnews
#တောင်ကြီး
#အားကစားကွင်း
#ဆိုင်ခန်း
#ရွှေ့ပြောင်း
#ဖိအားပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now