မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ပေါ်တွင် စစ်ကောင်စီက စစ်မှု ထမ်းစရိတ် တိုးမြှင့်ကောက်ဘခံနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဟိုပုံးမြို့ပေါ်တွင် ယခင်က စစ်မှု ထမ်းစရိတ်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်း ကောက်ခံသော်လည်း၊ ယခု ဖေဖော်ဝါရီလမှ စတင်ကာ ကျပ်၂ သောင်းမှ ၃ သောင်းအထိ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်သည်ဟု သတင်းရင်း မြစ်တစ်ဦးက ပြောသည်။
“ကျနော်တို့ တောင်ရပ်ကွက်က အ ခုဒီလကစပြီး ၂ သောင်း ထည့်ရမယ်တဲ့။ အရင်က တစ်လတစ်သောင်းပဲ ထည့်ရတာ။ တစ်ခါတ လေမှ တစ်သောင်းခွဲကောက်တာ။ အခုလိုမျိုး တိုးကောက်လိုက်တဲ့ အခါကျတော့ လက်လုပ်လက်စား ဘဝသမားတွေအတွက် အဆင်မပြေဘူး” ဟု တောင်ရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် မြို့ဦးရပ်ကွက်တွင်မူ စစ်ကောင်စီ စစ်မှုထမ်းစရိတ်ဟုဆိုကာ ဖေဖော်ဝါရီလအတွက် တစ်အိမ်လျှင် ကျပ် ၃ သောင်း ကောက်ခံနေသည်ဟုလည်း သိရသည်။
“ကောက်တာ တစ်ရပ်ကွက်နဲ့တစ် ရပ်ကွက် မတူဘူး။ လူငှားရတဲ့ ပေါက်ဈေးမတူလို့တဲ့။ ပိုက်ဆံမထည့်ချင်ရင် လူကိုယ်တိုင် သွားရမယ်ဆိုလို့ မဖြစ်မနေ ရှာကြံထည့်နေရတာ။ ငွေကောက်တာ လူငှားထည့်ဖို့တဲ့။ အရင်က တစ်သောင်းခွဲပဲ၊ ဒီလက ၃ သောင်းတဲ့။ ဆယ်အိမ်ခေါင်းဆီမှာ စုထည့်ရတာ”ဟု ဟိုပုံးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီလက် အောက်ခံ PNO ပြည်သူ့စစ်က စစ်မှုထမ်းစရိတ်ဟု ဆိုကာ ဆက် ကြေးကောက်ခံပြီး၊ ဟိုပုံးမြို့ပေါ် (၆) ရပ်ကွက်တွင်မူ အုပ် ချုပ်ရေးမှူးများက ဆယ်အိမ်ခေါင်းများ မှတစ်ဆင့် စစ်မှုထမ်းစရိတ်ဟုဆိုကာ ကောက်ခံနေခြင်းဖြစ်သည်။
ပအိုဝ်းဒေသတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က အပြိုင်အဆိုင် ဆက်ကြေးကောက်ခြင်း၊ စစ်မှုထမ်းစုဆောင်းခြင်းများ ပြုလုပ်နေသောကြောင့် လူငယ်အများအပြားမှာ ထိုင်းနိုင်ငံသို့ နေ့စဉ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
#MeKongnews
#ဟိုပုံး
#စစ်မှုထမ်းစရိတ်
#တိုးကောက်
#စစ်ကောင်စီ








