မဲခေါင်၊ ဖေဖော်ဝါရီ ၅
ကချင်တော်လှန်ရေး အမြန် အောင်မြင်ပါစေကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့တွင် သဝဏ်လွှာ ပေးပို့သည်။
ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်တပ် – AA၊ ကိုးကန့်တပ်ဖွဲ့ – MNDAA၊ တအာင်းတပ်ဖွဲ့ – TNLA က ယင်းကဲ့သို့ ဂုဏ်ပြု သဝဏ်လွှ ာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းဆုံးဖြတ်ပိုင်ခွင့် ရရှိရေး နှင့် အမျိုးသားဆိုင်ရာ နစ်နာချက်များ ပြန်လည် ရရှိရေးတို့အတွက် လူမျိုးအသီးသီးသည် လက်နက်ကိုင် တော်လှန်သော နည်းလမ်းဖြင့် နှစ်ပေါင်းများ တိုက်ပွဲဝင်လာခဲ့ကြသည်ဟု ညီနောင် ၃ ဖွဲ့က သဝဏ်လွှာတွင် ပြောသည်။
ထိုသို့ နှစ်ပေါင်းများစွာ တော်လှန်လာကြသည့် ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းများမှ ကချင်တော်လှန်ရေး အဖွဲ့ အစည်းသည် တော်လှန်ရေးကို ဆက်လက်ဆင်နွဲနေသော ကာလဖြစ်ပြီး ကချင်တော်လှန်ရေး၊ ကချင်အဖွဲ့အစည်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် – KIO/KIA ၏ ရည်မှန်းချက် မျှော်လင့်ချက်များ အမြန်ဆုံး ပြည့်ဝအောင်မြင်စေရန်လည်း ဆုတောင်းပေးသည်ဟု အဖွဲ့က ဆိုသည်။
ထို့ပြင်တော်လှန်ရေးအစမှ ယနေ့အထိ အသက်ဘဝခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့် အာဇာနည်များ နှင့် သူရဲကောင်းတို့အားလည်း ဦးညွတ် အလေးပြုသည်ဟု ဆိုသည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ကချင်တပ်ဖြစ်သည့် KIA တို့သည် ယခင်က စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန် တိုက်ခိုက်နေကြသော်လည်း TNLA နှင့် MNDAAက လက်ရှိတွင် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲထားပြီး KIA က စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။
#MeKongnews
#ကချင်တော်လှန်ရေး
#အောင်မြင်
#ညီနောင်မဟာမိတ်
#သဝဏ်လွှာပို့








