ကမ္ဘာ့သတင်း

နျူကလီးယား အကန့်အသတ်မဲ့ ကမ္ဘာသစ်အတွက် အသင့်ရှိကြောင်း ရုရှားပြော

မဲခေါင် 5 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၅ နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် – New START ယခု သီတင်းပတ်တွင် သက်တမ်း ကုန်ဆုံးသွားပြီးနောက် အမေရိကန် – ရုရှား နျူကလီးယား လက်နက်များကို ထိန်းချုပ်မှု မရှိတော့သောကမ္ဘာ၏ ပကတိ အခြေအနေအတွက် ရုရုားက အသင့်ရှိနေသည်ဟု လက်နက်ထိန်းချုပ်ရေး ကိစ္စတွင် မော်စကိုဘက်က အဓိကလူဖြစ်သည့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရီယာကော့ဗ်က ပြောသည်။ ၂ နိုင်ငံကြား နောက်ဆုံးအချိန်တွင် ကပ်၍ နားလည်မှုယူခြင်းမျိုး မရှိခဲ့ပါက ၂၀၁၀ ပြည့်နှစ် သမ္မတ အိုဘားမားလက်ထက်က နောက်ဆုံး သက်တမ်းတိုးခဲ့သော New START စာချုပ် ယနေ့တွင် သက်တမ်း ကုန်ဆုံးသွားပြီး နှစ်ပေါင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၅

နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် – New START ယခု သီတင်းပတ်တွင် သက်တမ်း ကုန်ဆုံးသွားပြီးနောက် အမေရိကန် – ရုရှား နျူကလီးယား လက်နက်များကို ထိန်းချုပ်မှု မရှိတော့သောကမ္ဘာ၏ ပကတိ အခြေအနေအတွက် ရုရုားက အသင့်ရှိနေသည်ဟု လက်နက်ထိန်းချုပ်ရေး ကိစ္စတွင် မော်စကိုဘက်က အဓိကလူဖြစ်သည့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရီယာကော့ဗ်က ပြောသည်။

၂ နိုင်ငံကြား နောက်ဆုံးအချိန်တွင် ကပ်၍ နားလည်မှုယူခြင်းမျိုး မရှိခဲ့ပါက ၂၀၁၀ ပြည့်နှစ် သမ္မတ အိုဘားမားလက်ထက်က နောက်ဆုံး သက်တမ်းတိုးခဲ့သော New START စာချုပ် ယနေ့တွင် သက်တမ်း ကုန်ဆုံးသွားပြီး နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များအပေါ် မည်သည့် အကန့်အသတ်မှ မရှိသော ပထမဆုံး အခြေအနေ ဖြစ်ပေါ်လာမည် ဖြစ်သည်။

“ဒါဟာ ကာလအသစ်တစ်ခု ၊အခြေအနေသစ်တစ်ခုဖြစ်ပြီး ကျနော်တို့က အဲဒီအတွက် အသင့်ဖြစ်နေပါပြီ”ဟု မဟာဗျူဟာတည်ငြိမ်မှု ဆွေးနွေးရန် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း မစ္စတာရီယာကော့ဗ်က ရုရှားသတင်းဌာနများကို ပြောသည်။

New START စာချုပ်အရ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများ ဖြန့်ကြက်မှုအား အရေအတွက် ၁၅၅၀ သာ ထားရှိရန် ကန့်သတ်ထားခဲ့သည်။

ယင်းစာချုပ်အား သက်တမ်းကုန်ဆုံးခွင့် ပြုမည့်သဘောမျိုး နယူးယောက်တိုင်းမ်းနှင့် ပြီးခဲ့သည့်နှစ်က အင်တာဗျူးတွင် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

စာချုပ်သက်တမ်း ကုန်သွားပြီးနောက် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို စဉ်းစားချိန်ရရန် တစ်နှစ်တာအတွင်း လက်နက်များ၊ ထိပ်ဖူးများ ကန့်သတ်ထားခြင်းကို ဆက်လက် လိုက်နာသွားကြမည်ဟု မော်စကိုဘက်က အဆိုပြုထားခြင်းကိုလည်း ထရမ့်က တရားဝင်တုံ့ပြန်မှု မလုပ်ကြောင်း သိရသည်။

“အဖြေထွက်မလာတာကလည်း အဖြေတစ်ခုဖြစ်ပါတယ်” ဟု ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

စာချုပ်သက်တမ်း ကုန်ဆုံးသွားခြင်းသည် နျူထိပ်ဖူး ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ခြင်းသာမက တစ်ဖက်နှင့် တစ်ဖက်အ‌ပေါ် ယုံကြည်မှု၊ နျူကလီးယား ရည်မှန်းချက်များအား စိစစ်နိုင်စွမ်းများကိုလည်း ပျက်စီးသွားစေနိုင်‌သည်ဟု မော်စကိုနှင့် ဝါရှင်တန်မှ လက်နက်ထိန်းချုပ်ရေးကို ထောက်ခံသူများက ပြောကြားကြသည်။

အချို့ကလည်း နျူလက်နက်ပြိုင်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။

“ကွန်ဂရက်က အရေးတယူ မလုပ်ဘူးဆိုရင် အမေရိကန်နှင့် ရုရှားကြားက နောက်ဆုံး နျူကလီးယားလက်နက် ထိန်းချုပ်ရေး စာချုပ်သက်တမ်း ကုန်သွားပါလိမ့်မယ်။ ဒါဟာ ဆယ်စုနှစ်များစွာ လုပ်ခဲ့တဲ့ သံတမန်ရေးကို ဖယ်ရှားပစ်လိုက်ပြီး နောက်ထပ် လက်နက်ပြိုင်ပွဲ အသစ်တစ်ခုကို စတင်သွားနိုင်ပါတယ်” ၂၀၁၀ ပြည့်နှစ်တွင် ထိုစဉ်က ရုရှားသမ္မတ မက်ဒ်ဗီဒက်နှင့်အတူ စာချုပ်ကိုသက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့သော အိုဘားမားက X လူမှုကွန် ရက်ပေါ်တွင် ပြောသည်။

အကယ်၍ အမေရိကန်က ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဂရင်းလန်းသို့ စုပြုံပို့ဆောင်ခဲ့ပါက ၎င်းအခြေအနေကို ကာမိရန် ရုရှားကလည်း စစ်‌‌‌ရေးအရ တုံ့ပြန်မှုများ လုပ်သွားရလိမ့်မည်ဟုလည်း ရီယာကော့ဗ်က ပြောသည်။

အေးကျော်
Ref: Reuters
#MeKongnews
#နျူကလီးယား
#အကန့်အသတ်မဲ့
#ကမ္ဘာသစ်
#အသင့်ရှိ
#ရုရှားပြော

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now