နိုင်ငံတကာသတင်း

ပြည်သူ့ပါတီအနိုင်ရလျှင် စစ်အာဏာသိမ်းမည်ဟု ခြိမ်းခြောက်မှုအသံဖိုင် ထိုင်းစစ်တပ် အပြတ်ငြင်းဆို

မဲခေါင် 3 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ပြည်သူ့ပါတီသာ အစိုးရဖွဲ့ခဲ့ပါက စစ်အာဏာသိမ်းမှု ဖြစ်လာလိမ့်မည်ဟု နိုင်ငံရေးသမားတစ်ဦးက ပြောဆိုနေပုံရသည့် အသံဖိုင် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေခဲ့ပြီးနောက် ယင်းအသံဖိုင်၏ မူလအစကို အတည်မပြုရသေးသလို စစ်တပ်၏ ရပ်တည်မှုကိုလည်း မည်သည့်နည်းနှင့်မျှ ကိုယ်စားပြုခြင်း မရှိကြောင်း ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်းဆူဝါရီက ယမန်နေ့တွင် ပြောကြားသည်။ ကနဦး နားထောင်ကြည့်ရာ၌ အသံဖိုင်သည် နိုင်ငံရေး ဆွေးနွေးမှုတစ်ခု ဖြစ်ပုံရကြောင်း ဝင်းထိုင်းဆူဝါရီးက ပြောသည်။ ပြောဆိုမှုအချို့မှာ ပုဂ္ဂိုလ်ရေးထင်မြင်ချက်များ ဖြစ်နိုင်သော်လည်း အသံဖိုင်ထဲတွင် ကြားရသူများသည် ထိုင်းစစ်တပ်ကို ကိုယ်စားပြုသူများ မဟုတ်သလို တိုက်ရိုက် ဆက်စပ်မှုလည်း မရှိကြောင်း၊ ထို့ကြောင့် ပြောဆိုမှုများသည် ယုံကြည်စိတ်ချနိုင်မှုမရှိဟု ၎င်းက ဆက်ပြောသည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ပြည်သူ့ပါတီသာ အစိုးရဖွဲ့ခဲ့ပါက စစ်အာဏာသိမ်းမှု ဖြစ်လာလိမ့်မည်ဟု နိုင်ငံရေးသမားတစ်ဦးက ပြောဆိုနေပုံရသည့် အသံဖိုင် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေခဲ့ပြီးနောက် ယင်းအသံဖိုင်၏ မူလအစကို အတည်မပြုရသေးသလို စစ်တပ်၏ ရပ်တည်မှုကိုလည်း မည်သည့်နည်းနှင့်မျှ ကိုယ်စားပြုခြင်း မရှိကြောင်း ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်းဆူဝါရီက ယမန်နေ့တွင် ပြောကြားသည်။

ကနဦး နားထောင်ကြည့်ရာ၌ အသံဖိုင်သည် နိုင်ငံရေး ဆွေးနွေးမှုတစ်ခု ဖြစ်ပုံရကြောင်း ဝင်းထိုင်းဆူဝါရီးက ပြောသည်။

ပြောဆိုမှုအချို့မှာ ပုဂ္ဂိုလ်ရေးထင်မြင်ချက်များ ဖြစ်နိုင်သော်လည်း အသံဖိုင်ထဲတွင် ကြားရသူများသည် ထိုင်းစစ်တပ်ကို ကိုယ်စားပြုသူများ မဟုတ်သလို တိုက်ရိုက် ဆက်စပ်မှုလည်း မရှိကြောင်း၊ ထို့ကြောင့် ပြောဆိုမှုများသည် ယုံကြည်စိတ်ချနိုင်မှုမရှိဟု ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲကာလတွင် နားလည်မှု လွဲမှားခြင်းနှင့် အပြည့်အစုံ မဟုတ်သော သတင်းများ ပျံ့နှံ့သွားခြင်းမှ ကာကွယ်ရန် ရင်းမြစ်အမျိုးမျိုးမှ သတင်းများကို ကြားသိ နားထောင်ရာတွင် ချင့်ချိန်ပိုင်းဖြတ်မှု လုပ်ရန် ဝင်းထိုင်းက ပြည်သူလူထုကို တိုက်တွန်းခဲ့သည်။

ထို့ပြင် စစ်ဘက်အကြီးအကဲများ၏ မူဝါဒအရ ရွေးကောက်ပွဲကာလအတွင်း စစ်ဘက်ရာထူးအဆင့် အားလုံးမှ တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ကြမည် မဟုတ်ဟု ၎င်းကထပ်လောင်း အတည်ပြု ပြောကြားသည်။

ယင်းအစား ၎င်းတို့အနေဖြင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရပိုင်ခွင့်နှင့် တာဝန်ရှိသည့် ထိုင်းနိုင်ငံသားများပီပီ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးကြရန် တိုက်တွန်းအားပေးခြင်းကိုသာ အဓိကအာရုံစိုက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အေး‌ကျော်
Ref:The Nation
#MeKongnews
#ပြည်သူ့ပါတီ
#အနိုင်ရ
#စစ်အာဏာသိမ်း
#ခြိမ်းခြောက်မှု
#ထိုင်းစစ်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now