မဲခေါင်၊ ဖေဖော်ဝါရီ ၃
ယူကရိန်းနိုင်ငံသို့ ဖြန့်ကြက်လိုက်သည့် ပြည်ပတပ် ဖွဲ့များ သို့မ ဟုတ် အခြေခံအဆောက်အအုံများကို ပြည်ပကြားဝင် စွက်ဖက်မှုအဖြစ် ရုရှားက သဘောထားသွားမည် ဖြစ်ကာ ၎င်းတပ်ဖွဲ့များအား တရားဝင်ပစ်မှတ်များအဖြစ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့အား မေးခွန်းများစွာ မေးမြန်းခဲ့ပြီးနောက် ထွက်ပေါ်လာသည်ဆိုသော ဝန်ကြီးဌာန၏ မှတ်ချက်တွင် စစ်ပွဲအဆုံးအဖြတ်တစ်ခုအ တွက် အမေရိကန်သမ္မတလုပ် ဆောင်နေသော ကြိုးပမ်းအား ထုတ်မှုများကို ချီးကျူးထားပြီး ယူကရိန်းပဋိပက္ခ နောက်ကွယ်က အကြောင်းရင်းများကို ထရမ့်က နားလည် သဘောပေါက်သည်ဟု ပြောသည်။
အနောက်နိုင်ငံများ၏ တပ်ဖွဲ့များ၊ စခန်းများ၊ သိုလှောင်ရုံများနှင့် အခြားအခြေခံ အဆောက်အအုံများ ယူကရိန်းတွင် ဖြန့်ကြက်ချ ထားမှုသည် မိမိတို့အတွက် လက် ခံနိုင်စရာ မရှိကြောင်း၊ ရုရှား၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်း ခြောက်နေသည့် ပြည်ပကြားဝင်စွက်ဖက်မှုအဖြစ် ၎င်းတို့ကို သဘောထားသွားမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါက လုံခြုံရေးအရ ပါဝင်ကူ ညီရန် ယူကရိန်းတွင် တပ်ဖွဲ့များ ချထားရေး ဖြစ်နိုင်ခြေကို အ နောက်နိုင်ငံများက ဆွေးနွေးနေကြသည်။
ယူကရိန်းနိုင်ငံတွင် ဖြန့်ကြက်ထားလိုက်ပါက ဂျာမနီတပ်ဖွဲ့များအပါ အဝင် နိုင်ငံခြားတပ်ဖွဲ့များအား လုံးသည် ရုရှားတပ်များအတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဆိုသည်ကို အနောက်နိုင် ငံများက နားလည်ထားရမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့က ပြောကြားသည်။
ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ရည်ရွယ်၍ ဆွေးနွေးပွဲများ ကျင်း ပရန် ကြိုးပမ်းအားထုတ်မှုများကို အမေရိကန်က ဦးဆောင်နေပြီး ရု ရှား၊ ယူကရိန်းနှင့် အမေရိကန်ကိုယ်စားလှယ်များ ပါဝင်သော ဒုတိယအကြိမ် သုံးပွင့်ဆိုင်ဆွေး နွေးပွဲများကို ယခုသီတင်းပတ်အ တွင်း ယူအေအီးနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည်။
အနောက်နိုင်ငံများမှ တပ်ဖွဲ့များ ယူကရိန်းသို့ ရောက်ရှိလာခြင်းကို သည်းခံမည် မဟုတ်ကြောင်း မော်စကိုက အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။
အေးကျော်
Ref: Reuter
#MeKongnews
#ယူကရိန်း
#ပြည်ပတပ်ဖွဲ့များ
#တရားဝင်ပစ်မှတ်
#ရုရှား
#ခြိမ်းခြောက်








