နေ့စဥ်သတင်း

ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ပြောင်းခြံရေမြုပ်ထောက်ပံကြေး တောင်သူထံ တစ်ပြားမျှမပေး

မဲခေါင် 3 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၃ စံကားဒေသမှ ရေမြုပ်ပြောင်းခြံ ၈၉၉ ဧကအတွက် ထောက်ပံ့ကြေးကို ညောင်ရွှေမြို့နယ်မှူး ဦးကျော်စွာလင်းနှင့် စံကားရပ်ကျေးအုပ်ချုပ်ရေးမှူးများက တောင်သူများထံ တစ်ပြားတစ်ကျပ်မျှ မပေးကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ပြီးခဲ့သည့်မိုးရာသီတွင် စံကားဒေသ၌ ရေမြုပ်ပြီး ပျက်စီးသွားသော ဒေသခံများ၏ ပြောင်းခြံများ အားလုံးအတွက် စစ်ကောင်စီအုပ်ချုပ်ရေးက ဧကအလိုက်ဖြင့် ထောက်ပံငွေပေးအပ်ထားသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများက တောင်သူများထံ မပေးဘဲ ဝေစားမျှစားပြုလုပ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပျက်စီးသွားတဲ့ ပြောင်းခြံ တစ်ဧကကို တစ်သိန်းစီ ပြန်ထောက်ပံ့တယ်။ အဲဒါ ရွာသားတွေကို မပေးဘဲနဲ့ သူတို့အထက်ပိုင်းက အချင်းချင်းဘဲ ညှိပြီး ပိုက်ဆံအိတ်ထဲပဲ အကုန် ထည့်ကြတယ်။ ဝေးစားမျှစားလုပ်တဲ့ အချိန်လည်း

မဲခေါင်၊ ဖေဖော်ဝါရီ ၃

စံကားဒေသမှ ရေမြုပ်ပြောင်းခြံ ၈၉၉ ဧကအတွက် ထောက်ပံ့ကြေးကို ညောင်ရွှေမြို့နယ်မှူး ဦးကျော်စွာလင်းနှင့် စံကားရပ်ကျေးအုပ်ချုပ်ရေးမှူးများက တောင်သူများထံ တစ်ပြားတစ်ကျပ်မျှ မပေးကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့်မိုးရာသီတွင် စံကားဒေသ၌ ရေမြုပ်ပြီး ပျက်စီးသွားသော ဒေသခံများ၏ ပြောင်းခြံများ အားလုံးအတွက် စစ်ကောင်စီအုပ်ချုပ်ရေးက ဧကအလိုက်ဖြင့် ထောက်ပံငွေပေးအပ်ထားသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများက တောင်သူများထံ မပေးဘဲ ဝေစားမျှစားပြုလုပ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပျက်စီးသွားတဲ့ ပြောင်းခြံ တစ်ဧကကို တစ်သိန်းစီ ပြန်ထောက်ပံ့တယ်။ အဲဒါ ရွာသားတွေကို မပေးဘဲနဲ့ သူတို့အထက်ပိုင်းက အချင်းချင်းဘဲ ညှိပြီး ပိုက်ဆံအိတ်ထဲပဲ အကုန် ထည့်ကြတယ်။ ဝေးစားမျှစားလုပ်တဲ့ အချိန်လည်း ရတာ မညီမျှကြလို့ ရန်တွေဖြစ်ကြတယ်။ တကယ် အရှက်မရှိတဲ့လူကြီးတွေ။ ပြည်သူကို စာနာမယ် မရှိဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မိုးရာသီတွင် စံကားဒေသ ရေနစ်မြုပ်ခြင်းကြောင့် ဒေသခံတောင်သူများစိုက်ပျိုးထားသော ပြောင်းခြံ ၈၉၉ ဧက ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများကပြောသည်။

“ပျက်စီးသွားတာက ၈၉၉ ဧကဆိုတော့ ငွေ ၈၉၉ သိန်း ဖြစ်တယ်။ အဲဒီငွေ‌တွေကို သူတို့က ပြည်သူကို တစ်ပြားတစ်ကျပ်မှမပေးဘူး။ ဒီငွေမရခင် စာရင်းကောက်တုန်းကျတော့ အတိအကျနဲ့ သူတို့ဆီ လာတင်ပါ၊ ပုံနဲ့တကွ လာတင်ပါ၊ စာရင်းတောင်းထားပြီး ငွေရတဲ့အခါကျတော့ သူတို့ဘဲအကုန် ယူသွားတယ်”ဟု ဒေသခံက ဆက်ပြောသည်။

ဝေစားမျှစားလုပ်နေသူများမှာ ညောင်ရွှေမြို့နယ်မှူး ကျော်စွာလင်း၊ စံကားအင်းတန်းအုပ်စုမှ အုပ်ကြီးဦးအောင်မြ၊ လုံကန်အုပ်စုမှ အုပ်ကြီးဦးပညာဖြူ၊ လွယ်ခေါအုပ်စုမှ PNOတပ်ဖွဲ့ဝင် အုပ်ကြီး ခွန်ဇော်ဝင်းတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် စံကားဒေသတွင် ဒေသခံပြည်သူများထံ စစ်သားအတင်းအဓ္ဓစုဆောင်းခြင်းနှင့် ငွေကောက် ခြင်းတို့ ပြုလုပ်နေပြီး စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် -PNO အကြိုက် လုပ်ဆောင်ပေးနေသူများဖြစ်ကြကြောင်းဒေသခံများထံမှသိရသည်။

#MeKongNews
#ညောင်ရွှေမြို့နယ်
#ပြောင်းခြံ
#စံကားဒေသ
#ထောက်ပံ့ကြေး
#အုပ်ချုပ်ရေးမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now